တိုင်းနဲ့ပြည်နယ်တွေမှာ ခရိုင် ၄၆ ခု ထပ်မံတိုးချဲ့ဖွဲ့စည်း

မေ ၁-၂၀၂၂
KK(VOM)

မြန်မာနိုင်ငံအတွင်း နိူင်ငံရေး၊အုပ်ချုပ်ရေး၊လူမှုရေး၊စီးပွားရေး တိုးတက်ပြောင်းလဲဖြစ်ပေါ်မှုအရ နေပြည်တော်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ ခရိုင်အသစ်တွေ ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်တယ်လို့ နစကကောင်စီက ဒီကနေ့မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။

နေပြည်တော် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကို ၇၅ ခရိုင်နဲ့ ဖွဲ့စည်းထားရာ ဧပြီလ ၃၀ရက်နေ့မှာ ၄၆ ခရိုင်ထိ ထပ်တိုးဖွဲ့စည်းခဲ့တာကြောင့် စုစုပေါင်း၁၂၁ ခရိုင်ရှိပြီဖြစ်ပါတယ်။

နေပြည်တော်မှာ ယခင်က ဥတ္တရခရိုင်နဲ့ဒဏ္ခိဏခရိုင်ဆိုပြိးဖွဲ့စည်းထားရာမှ ယခုအခါ ပျဥ်းနားခရိုင်နဲ့ဇေယျာသီရီခရိုင်ကိုပါ ထပ်တိုးလိုက်တာကြောင့် ခရိုင်လေးခုဖြစ်လာပါတယ်။

ဒီလို ခရိုင်တွေထပ်တိုးဖွဲ့စည်းထားတာနဲ့ပတ်သက်ပြီး နိူင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း(သီပေါ)က “သူတို့က အုပ်ချုပ်ရေးလွယ်ကူစေဖို့လို့ အကြောင်းပြတာပဲ၊ ဒါပေမယ့် ဖြစ်နိူင်တာကတော့ PR စနစ်မှာက ခရိုင်ကို အခြေခံမယ့်သဘောဆွေးနွေးကျတာတွေ့ရတယ်၊ ခရိုင်ကိုအခြေခံပြီးတော့ လွှတ်တော်ကိုယ်စားလှယ်ဦးရေကျတော့ မြို့နယ်ကိုအခြေခံမလား လူဦးရေကို အခြေခံမလား အဲ့ဒါကတော့မရှင်းသေးဘူး၊ ဒါပေမယ့် အခြေခံဥပဒေက သတ်မှတ်ထားတာက ၃၃၀ဆိုတော့ ၃၃၀ ဘောင်အတွင်းကနေပြီးတော့ အညီအမျှခွဲသတ်
မှတ်ဖို့ပါပဲ”လို့ VOM ကိုပြောပါတယ်။

ဒါ့အပြင် မဲဆန္ဒနယ်နဲ့အုပ်ချုပ်ရေးနယ်မြေ တထပ်တည်းကျပါက လွှတ်တော်ကိုယ်စားလှယ်တွေ ဘက်ဂျက်တောင်းခံတာတွေ ရွေးကောက်ပွဲစာရင်းဇယားတွေလုပ်ကိုင်ရာမှာ အဆင်ပြေစေချောမွေ့စေပြီး အခုလိုပြင်ဆင်တိုးချဲ့ပြီးတော့သတ်မှတ်လိုက်တာဟာ အဓိကအားဖြင့် PRစနစ်လုပ်ဖို့အတွက် ဖြစ်နိူင်သလို အုပ်ချုပ်ရေးပိုင်းအဆင်ပြေချောမွေ့အောင်ဆိုတဲ့ကိစွအတွက် မမှားကြောင်း သူရဲ့အမြင်ကို ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးကို ယခင်က အရှေပိုင်းခရိုင်
အနောက်ပိုင်းခရိုင်၊မြောက်ပိုင်းခရိုင်၊တောင်ပိုင်းခရိုင်နဲ့ဖွဲ့စည်းထားရာမှ ယခုအခါ ဗိုလ်တစ်ထောင်ခရိုင်၊ဒဂုံမြို့သစ်ခရိုင်၊တွံတေးခရိုင်၊ကျောက်တံတားခရိုင်၊မရမ်းကုန်းခရိုင်၊ကမာရွတ်ခရိုင်၊တိုက်ကြီးခရိုင်၊လှည်းကူးခရိုင်နဲ့ မင်္ဂလာဒုံခရိုင်စတဲ့ ခရိုင်(၁၀)ခု ထပ်တိုးထပ်တိုးဖွဲ့စည်းလိုက်တာကြောင့် ခရိုင် ၁၄ခုဖြစ်လာပါတယ်။

မန္တလေးတိုင်းဒေသကြီးကိုလည်း ခရိုင် ၇ ခု နဲ့ဖွဲ့စည်းထားရာမှ ယခုအခါ သပိတ်ကျင်းခရိုင်၊တံတားဦးခရိုင်၊အောင်မြေသာစံခရိုင်နဲ့အမရပူရခရိုင်တိုကို ထပ်တိုးဖွဲ့စည်းလိုက်တာကြောင့် ခရိုင် ၁၁ ခုဖြစ်လာပါတယ်။

နိူင်ငံရေးလေ့လာသုံးသပ်သူတဦးကလည်း”ဒီလိုတိုးချဲ့ဖွဲ့စည်းတာ ကျနော်ထင်တယ် လာမယ့်ရွေးကောက်ပွဲအတွက်လုပ်တာလို့၊ ရွေးကောက်ပွဲမှာ PR စနစ်နဲ့သွားမယ်လို့မြင်တယ်”လို့ ပြောပါတယ်။

ရောဝတီတိုင်းဒေသကြီးမှာ ခရိုင် ၆ ခုရှိရာမှ ကျူံ
ပျော်ခရိုင်နဲ့ မအူပင်ခရိုင်တို့ ထပ်တိုးဖွဲ့စည်းခဲ့လို့ ခရိုင် ၈ ခုဖြစ်လာသလို မကွေးတိုင်းဒေသကြီးမှာလည်း ယခင်က ခရိုင် ၅ခု ရှိရာမှ အောင်လံခရိုင်နဲ့ချောက်ခရိုင် ထပ်တိုးဖွဲ့စည်းခဲ့လို့ ခရိုင် ၇ ခုရှိပြီဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးကို ခရိုင် ၁၁ ခုနဲ့ဖွဲ့စည်းထားရာမှ ရေဦးခရိုင်နဲ့ဟုမ္မလင်းခရိုင်ကို ထပ်တိုးဖွဲ့စည်းခဲ့လို့ ခရိုင် ၁၃ ခုဖြစ်လာကာ တနင်္သာရီတိုင်းဒေသကြီးကို ခရိုင်သုံးခုအစား ဘုတ်ပြင်းခရိုင်ကိုထပ်မံတိုးချဲ့ခဲ့လို့ ၄ခရိုင်ဖြစ်လာပြီး ပဲခူးတိုင်းဒေသကြီးမှာလည်း ယခင် ၄ခရိုင်အစား ညောင်လေးပင်နဲ့နတ္တလင်းကို ခရိုင်အဖြစ်တိုးချဲ့ဖွဲ့စည်းခဲ့တာကြောင့် ခရိုင် ၆ ခု ဖြစ်လာတာကို တွေ့ရပါတယ်။

ရှမ်းပြည်နယ်မှာ ယခင်က ခရိုင် ၁၂ ခုနဲ့ဖွဲ့စည်းခဲ့ရာမှ ကလောခရိုင်၊နန့်စန်ခရိုင်၊မိုင်းယောင်းခရိုင်၊မိုင်းရူးခရိုင်၊မိုင်းလာခရိုင်၊မိုင်းယန်းခရိုင်၊မိုင်းတုံခရိုင်၊ တန့်ယန်းခရိုင်၊ကွတ်ခိုင်ခရိုင်တွေကို ထပ်တိုးဖွဲ့စည်းခဲ့လို့ ခရိုင် ၂၁ ခုဖြစ်လာပြီး ရခိုင်ပြည်နယ်မှာတော့ ယခင်က ခခရ်ုင် ၅ ခုရှိနေရာမှာ အမ်းခရိုင်နဲ့တောင်ကုတ်ခရိုင်ကို ထပ်တိုးခဲ့လို့ ခရိုင်၇ ခုဖြစ်လာပါတယ်။

မွန်ပြည်နယ်မှာ ခရိုင်နှစ်ခုရှိရာမှ ကျိုက်ထိုခရိုင်နဲ့
ရေးခရိုင်ကို တိုးချဲ့ဖွဲ့စည်း၍ ခရိုင်လေးခုဖြစ်လာသလို ချင်းပြည်နယ်မှာလည်း ခရိုင်လေးခုရှိရာမှ
တီးတန်ခရိုင်နဲ့ပလက်ဝခရိုင် ထပ်တိုးလာ၍ ခရိုင်
ခြောက်ခုဖြစ်လာကာ ကရင်ပြည်နယ်မှာတော့ ယ
ခင်က ခရိုင်လေးခုရှိရာမှ သံတောင်ခရိုင်ကြီးခရိုင်နဲ့ ကြာအင်းဆိပ်ကြီးခရိုင် ထပ်တိုးဖွဲ့စည်းခဲ့၍ ၆ခရိုင်ဖြစ်လာတာ တွေ့ရပါတယ်။

ကချင်ပြည်နယ်ကို ခရိုင်လေးခုနဲ့ဖွဲ့စည်းထားရာမှ
တနိုင်းခရိုင်နဲ့ချိဖွေခရိုင် ထပ်တိုးဖွဲ့စည်းတာကြောင့် ခရိုင် ၆ခုဖြစ်လာပြီး ကယားပြည်နယ်မှာတော့ ယခင်က ခရိုင်နှစ်ခုနဲ့ဖွဲ့စည်းထားရာမှ ဒီမောဆိုးခရိုင်နဲ့မယ့်စဲခရိုင် ထပ်တိုးခဲ့တာကြောင့် ခရိုင်လေးခုဖြစ်လာတာတွေ့ရပါတယ်။

မြန်မာနိုင်ငံကို ယခင်က ခရိုင် ၇၅ ခု၊မြို့နယ် ၃၃၀ ခု၊ မြို့ ၄၆၉ ခုနဲ့ဖွဲ့စည်းထားရာမှ ယခု ခရိုင် ၄၆ ခုထပ်တိုးဖွဲ့စည်းထားတာကြောင့် ခရိုင် ၁၂၁ ခုဖြစ်လာတာဖြ
စ်ပါတယ်။

#voiceofmyanmar #VOM #တိုင်းဒေသကြီး #ခရိုင်တွေတိုးချဲ့

Related posts

Leave a Comment

VOM News

FREE
VIEW