ဇွန် ၁၂-၂၀၂၂
VOM (GG)
နစက တက်လာတဲ့၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ၂၀၂၂ ခု မေလ ၂၇ ရက်နေ့အထိ တနှစ်ကျော်ကာလအတွင်း သတ်ဖြတ်ခံရတဲ့ ဆရာ၊ဆရာမ ၄၀ ဦးရှိတယ်လို့ နစက က ထုတ်ပြန်ထားပါတယ်။
” ပြီးခဲ့တဲ့ရက်က မုံရွာက ဆရာမတဦး လမ်းဘေးမှာပစ်သတ်ခံရတယ်၊ နောက်ပြီး ပုလောမှာလည်း စာသင်နေရင်းပစ်ခံရတယ်လို့ သတင်းတွေဖတ်ရတယ်။ CDM မလုပ်လို့ ပစ်သတ်တာကို လက်မခံသလို CDM လုပ်လို့ဖမ်းတာကိုလည်း ကျနော်တို့ လက်မခံဘူး။ လူတိုင်းမှာသူ့အခက်အခဲနဲ့သူရှိပါတယ်။ သေသွားတဲ့ဆရာ၊ဆရာမတွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်”လို့ မူလတန်းပြကျောင်းဆရာတဦးကပြောပါတယ်။
သတ်ဖြတ်ခံခဲ့ရတဲ့ ဆရာ၊ဆရာမတွေထဲမှာ စစ်ကိုင်းတိုင်းက ဆရာ၊ဆရာမ ၁၈ ဦး အများဆုံး သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး မကွေးတိုင်းက ဒုတိယအများဆုံးအဖြစ် ဆရာ၊ဆရာမ ၁၁ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ နစကရဲ့ ထုတ်ပြန်ချင်အရ သိရပါတယ်။
မန္တလေးတိုင်းက ဆရာ၊ဆရာမ ၇ ဦး၊ရန်ကုန်တိုင်းက ဆရာ၊ဆရာမ ၂ ဦး၊ပဲခူးတိုင်းက ဆရာ၊ဆရာမ ၁ ဦးနဲ့ မွန်ပြည်နယ်က ဆရာ၊ဆရာမ ၁ ဦး တို့ဖြစ်ပါတယ်။
နောက်ပြီး စစ်ကိုင်း၊ပဲခူး နဲ့မကွေးတိုင်းက ဆရာ၊ဆရာမတချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကိုင်းတိုင်းအတွင်း တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ဆရာမ ၁၁ ဦးလည်း ပျောက်ဆုံးနေလို့ ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် လ ၉ ရက်နေ့ ညပိုင်းကလည်း တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပိတပ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းက မူလတန်းပြ ကျောင်းဆရာဖြစ်တဲ့ ဦးချိန်မင်း ၃၀ နှစ်ကို သူရဲ့နေအိမ်မှာ မူလတန်းကလေး တွေကို စာသင်ကြားပေးနေစဉ် အမျိုးသား၂ဦးက အိမ်ပေါ်တက်လာပြီး သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ဖြစ်စဉ်လည်း ရှိခဲ့တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ဆရာဆရာမ #တနှစ်ကျော်ကာလ #၄၀ဦးသတ်ဖြတ်ခံရ