စက်သုံးဆီ ပြတ်လပ်တဲ့ အရောင်းဆိုင်တွေကို အရေးယူမယ်လို့ MPTA အသိပေး

ဇွန် ၁၃-၂၀၂၂ VOM (GG) စက်သုံးဆီ ပြတ်လပ်ပြီး ပိတ်ထားတဲ့ စက်သုံးဆီအရောင်းဆိုင်တွေကို အရေးယူမယ်လို့ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက MPTA က အသိပေးထုတ်ပြန်လိုက်ပါတယ်။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ စက်သုံးဆီမပြတ်လပ်အောင် Importer Company တွေ၊ Terminal Company တွေ၊ စက်သုံးဆီဆိုင်တွေနဲ့ SME စက်သုံးဆီဆိုင်​တွေအနေနဲ့ မိမိဆိုင်မှာ စက်သုံးဆီ မပြတ်လပ်အောင် စီမံဆောင်ရွက်ထားဖို့ လိုအပ်ကြောင်း၊ ဆီဆိုင်တွေမှာ စက်သုံးဆီပြတ်လပ်မယ့် အခြေအနေဖြစ်လာရင် အချိန်နဲ့တပြေးညီ တာဝန်ရှိသူတွေထံ တင်ပြရမယ်လို့ ထုတ်ပြန်ထားပါတယ်။ တကယ်လို့ အဲ့ဒီအချက်တွေကို စီမံဆောင်ရွက်ခြင်းမရှိလို့ စက်သုံးဆီပြတ်လတ်ခဲ့ရင် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနကနေ ထိုက်သင့်တဲ့ အရေးယူခြင်းဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။ ” ရောင်းချင်လို့မှ ဆိုင်ဖွင့်ထားတာ ဆီလိုသလောက်ရနေရင် ရောင်းမှာပေါ့။ ဆီမရလို့သာ မရောင်းဘဲ ပိတ်ထားရတာ။ ပိတ်ထားတော့လည်း ကျနော်တို့ နေ့တိုင်းဝန်ထမ်းစရိတ်၊အကုန်ကုန်ကျစရိတ်ရှိတယ်။ ဆီရနေရင် မရောင်းဘဲ ရပ်စရာကိုမရှိဘူး ၊…

Read More

ရုပ်ရှင်သရုပ်ဆောင် ယဉ်လတ်ရဲ့နေအိမ်ရှေ့ ဗုံးတွေ့လို့ ပိတ်ဆို့စစ်ဆေးမှုတွေ ပြုလုပ်ခဲ့

ဇွန်၁၃ -၂၀၂၂ KK(VOM) ဗဟန်းမြို့နယ်က ရုပ်ရှင်သရုပ်ဆောင်ယဥ်လတ်ရဲ့နေအိမ်ရှေ့မှာ ဒီကနေ့ ညနေပိုင်းက ဗုံးတွေ့ရှိပြီးနောက်လမ်းတွေပိတ်ဆို့ကာ စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဒီကနေ့ ညနေ သုံးနာရီကျော်က သရုပ်ဆောင်ယဥ်လတ်နေထိုင်ရာ ဗဟန်းမြို့နယ်၊ ကျိုက်က္ကဆံရပ်ကွက်၊ ဥဿဖရားလမ်းက နေအိမ်ရှေ့မှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေ့ရှိလို့ စစ်တပ်နဲ့ရဲတွေက လမ်းတွေပိတ်ဆို့ကာ စစ်ဆေးခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ “ဗုံးပေါက်တယ်လည်းပြောတယ် ဗုံးတွေ့တယ်လို့လည်းပြောတယ် အတိအကျတော့ မသိဘူး၊ စစ်တပ်နဲ့ရဲတွေကတော့ စစ်ဆေးတာတွေလုပ်နေတယ်”လို့ ပြောပါတယ်။ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက”လက်လုပ်ချိန်ကိုက်ဗုံးတွေ့တာပါ ပေါက်တော့ မပေါက်ကွဲသေးဘူး၊ စစ်တပ်က သက်မဲ့အောင်ပြုလုပ်ပြီး ရှင်းလိုက်တယ်”လို့ သူကပြောပါတယ်။ သရုပ်ဆောင်ယဥ်လတ်နေအိမ်ရှေ့မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း မပေါက်ကွဲသေးတဲ့လက်လုပ်ချိန်ကိုက်ဗုံးတွေ့ရှိခဲ့တဲ့ ဖြစ်စဥ်လည်းရှိခဲ့ပါတယ်။ ဗဟန်းမြို့နယ်မှာ ပြီးခဲ့တဲ့လတွေက ဗုံးပေါက်ကွဲမှုနဲ့ပစ်ခတ်မှုတွေဖြစ်ခဲ့လို့ သေဆုံးသူနဲ့ဒဏ်ရာရရှိသူတွေ လည်းရှိခဲ့ပါတယ်။ #voiceofmyanmar #VOM #သရုပ်ဆောင်ယဉ်လတ် #နေအိမ်ရှေ့ #ဗုံးတွေ့

Read More

ပြည်တွင်း စားအုန်းဆီစျေး ၉၀၀၀ အထိ စံချိန်တင်မြင့်တက်လို့ စားသုံးသူတွေ အခက်တွေ့

ဇွန် ၁၃-၂၀၂၂ VOM (GG) ပြည်တွင်းစားသုံးဆီစျေး လက်လီ တပိသာကို ၉၀၀၀ ကျပ်အထိ စံချိန်တင် မြင့်တက်သွားတာကြောင့် စားသုံးသူတွေ အခက်တွေ့နေရတယ်လို့ စားသုံးသူတွေဆီကသိရပါတယ်။ ” ပြီးခဲ့တဲ့ရက်က တစ်ဆယ်သားကို ၈၀၀ လောက်ကနေ ခုဒီနေ့ ၉၀၀ ဖြစ်သွားပြီ။ ထပ်တက်အုံးမယ်လို့လည်းစျေးဆိုင်ကတော့ပြောတာပဲ။ မတတ်နိုင်ဘူး တက်တော့လည်း ဒီဆီပဲ ရှိတယ်။ ဘယ်လိုလုပ်မလဲ ဆီမပါဘဲ ဟင်းချက်လို့မှမတတ်တာ”လို့ စားသုံးသူပြည်သူတဦးကပြောပါတယ်။ အင်ဒိုနီးရှားနိင်ငံက သူတို့ ပြည်တွင်းမှာ ဆီစျေးကျဆင်းဖို့နဲ့ လိုအပ်ချက် မြင့်မားလာခြင်းအပါအဝင် ဆီ စားသုံးမှု ဖူလုံဖို့အတွက် ပြည်ပနိုင်ငံကို ဟင်းချက်ဆီနဲ့ ကုန်ကြမ်းတွေကို ရောင်းချမှုရပ်ဆိုင်းပြီးနောက် မြန်မာနိုင်ငံမှာ စားသုံးဆီစျေး တရိပ်ရိပ်တက်လာရာကနေ အခုလို ၉၀၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့တာဖြစ်ပါတယ်။ နောက်ပြီး စားသုံးဆီ ဝယ်လိုအားနဲ့ရောင်းလိုအား မမျှတတာကြောင့်လည်း ဆီရောင်းချသူတွေက စျေးမြင့်တက်ရောင်းချနေကြတာဖြစ်တယ်လို့ သိရပါတယ်။ ” အင်ဒိုက…

Read More

ALP ဒုဥက္ကဌ နဲ့ နစကဥက္ကဌ နေပြည်တော်မှာတွေ့ဆုံ

ဇွန် ၁၃-၂၀၂၂ SW+KT(VOM) ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယ ဥက္ကဌ ဒေါ်စောမြရာဇာလင်းနဲ့ နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းက နေပြည်တော်၊ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်လက်ဆောင်ရွက်မယ့် အခြေအနေတွေ၊ ပါတီစုံဒီမိုကရေစီ စနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး သဘောထားတူညီချက်အမြင်တွေကို ပြန်လည်ဆွေးနွေးခဲ့တယ်လို့ နစကဖက်က ထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အနေနဲ့လည်း လက်ရှိ ရခိုင်ပြည်အခြေအနေနဲ့ ပြည်ထောင်စုအရေးတို့ကို ဆွေးနွေးတင်ပြခဲ့တယ်လို့ ALP ပြောခွင့်ရ ဗိုလ်မှူးကြီး ခိုင်စိုးမြက ပြောပါတယ်။ ဆွေးနွေးပွဲ အကြောင်းအရာနဲ့ပတ်သက်ပြီး ဗိုလ်မှူးကြီး ခိုင်စိုးမြက “စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုရင် လက်ရှိ ဗမာပြည်မှာ ငြိမ်းချမ်းမှုမရှိတဲ့အတွက် ငြိမ်းချမ်းရေးကို ပြည်လည်တည်ဆောက်ဖို့အပိုင်း၊ ယုံကြည်မှုအားနည်းနေတာတွေကို…

Read More

တနှစ်ကျော်ကာလအတွင်း တနိုင်ငံလုံးမှာ ဆရာ၊ဆရာမ ၄၀ ဦး သတ်ဖြတ်ခံရတယ်လို့ နစက ထုတ်ပြန်

ဇွန် ၁၂-၂၀၂၂ VOM (GG) နစက တက်လာတဲ့၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ၂၀၂၂ ခု မေလ ၂၇ ရက်​နေ့အထိ တနှစ်ကျော်ကာလအတွင်း သတ်​ဖြတ်ခံရတဲ့ ဆရာ၊ဆရာမ ၄၀ ဦးရှိတယ်လို့ နစက က ထုတ်ပြန်ထားပါတယ်။ ” ပြီးခဲ့တဲ့ရက်က မုံရွာက ဆရာမတဦး လမ်းဘေးမှာပစ်သတ်ခံရတယ်၊ နောက်ပြီး ပုလောမှာလည်း စာသင်နေရင်းပစ်ခံရတယ်လို့ သတင်းတွေဖတ်ရတယ်။ CDM မလုပ်လို့ ပစ်သတ်တာကို လက်မခံသလို CDM လုပ်လို့ဖမ်းတာကိုလည်း ကျနော်တို့ လက်မခံဘူး။ လူတိုင်းမှာသူ့အခက်အခဲနဲ့သူရှိပါတယ်။ သေသွားတဲ့ဆရာ၊ဆရာမတွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်”လို့ မူလတန်းပြကျောင်းဆရာတဦးကပြောပါတယ်။ သတ်ဖြတ်ခံခဲ့ရတဲ့ ဆရာ၊ဆရာမတွေထဲမှာ စစ်ကိုင်းတိုင်းက ဆရာ၊ဆရာမ ၁၈ ဦး အများဆုံး သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး မကွေးတိုင်းက ဒုတိယအများဆုံးအ​ဖြစ် ဆရာ၊ဆရာမ ၁၁ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ နစကရဲ့ ထုတ်ပြန်ချင်အရ သိရပါတယ်။…

Read More

၈ တန်းအောင်ပြီးရင် တက်နိုင်မယ့် သမဝါယမစာရင်းကိုင်ပညာသင်တန်းကျောင်း မကွေးမှာဖွင့်မယ်

ဇွန် ၁၂-၂၀၂၂ VOM (GG) ၈ တန်းအောင်မြင်ပြီးသူတိုင်း တက်ရောက်နိုင်မယ့် သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်းကို မကွေးမြို့မှာ လာမယ့် ဇွန် လ ၁၆ ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမှာ​ ဖြစ်တယ်လို့ သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကနေ သိရပါတယ်။ သင်တန်းကျောင်းကာလက အချိန် ၂ နှစ်ဖြစ်ပြီး သင်တန်းပြီးပါက သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊သမဝါယမဦးစီးဌာန ပညာရေးနဲ့ လေ့ကျင့်သင်ကြားရေးဆိုင်ရာ ညွှန်ကြားမှုအဖွဲ့ က Diploma in Business Accounting ပေးအပ်ချီးမြှင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ” ရည်ရွယ်ချက်က ပညာဆက်သင်ဖို့ အခက်အခဲရှိသူတွေကို စာရင်းရေး ၊ စာရင်းကိုင်ပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုနိုင်အောင်နဲ့ သင်တန်းသားထဲကနေ ထူးချွန်သူတွေကို ရွေးချယ်ပြီး သမဝါယမကောလိပ်၊ သမဝါယမနဲ့ စီမံခန့်ခွဲမှုပညာတက္ကသိုလ်ကို ပေါင်းကူး ပြီး ပညာဆက်သင်ကြားနိုင်ဖို့အခွင့်အလမ်း ဖန်တီးပေးတာပါ “လို့…

Read More

ကန့်ဘလူမြို့နယ် မြောက်ပိုင်းက ကျေးရွာတွေမှာ တပတ်အတွင်း နေအိမ် ၅ ရာနီးပါး မီးရှို့ခံရ

ဇွန် ၊ ၁၃ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် မြောက်ပိုင်းမှာ ဒီလ ၅ ရက်ကစလို့ ၁ ပတ်အတွင်း ကျေးရွာပေါင်း ၇ ရွာ က လူနေအိမ်ပေါင်း ၅ ရာနီးပါး မီးရှို့ခံရပြီး မီးဘေးဒုက္ခသည် ၃ ထောင်ဝန်းကျင်ရှိနေတယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ ” ဒီလ ၅ ရက်နေ့ မနက်ပိုင်းကစလို့ ၁၂ ရက်နေ့အထိ မီးရှို့ခံရတာက ရွာ ၇ ရွာနဲ့ မီးလောင်ပျက်စီးတဲ့ အိမ်ခြေ ၄၉၀ ကျော်ရှိတယ် ၊ မီးဘေးသင့် ပြည်သူတွေကတော့ နီးစပ်ရာ တောတိုက်တွေနဲ့ လက်လှမ်းမီတဲ့နေရာတွေမှာ ယာယီ ခိုလှုံနေကြတယ် ” လို့ နယ်ခံ ပရဟိတသမား တယောက်က…

Read More

(ALP) အနေနဲ့ နစက ခေါင်းဆောင်နဲ့ တွေ့ဆုံတဲ့အခါ ရခိုင်ပြည်အရေးကို အဓိကဆွေးနွေးသွားမယ်လို့ဆို

ဇွန် ၁၃- ၂၀၂၂ SW+KT(VOM) နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ ဒုတိယဥက္ကဌ ဒေါ်စောမြရာဇာလင်းဦးဆောင်တဲ့အဖွဲ့ဟာ နေပြည်တော်သို့ ရောက်ရှိနေပြီး တွေ့ဆုံတဲ့အခါ ရခိုင်ပြည်အရေးကို ဦးစားပေးဆွေးနွေးသွားဖွယ်ရှိတယ်လို့ ALP ပါတီ ပြန်ကြားရေးက ဗိုလ်မှူးကြီးခိုင်စိုးမြက ပြောပါတယ်။ “ တွေ့ဆုံဆွေးနွေးတဲ့အခါမှာတော့ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအတွက် ပစ်မှတ်ထားဆွေးနွေးသွားမှာ ဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီးခိုင်စိုးမြက ပြောပါတယ်။ ဆွေးနွေးမယ့်နေရာနဲ့ အချိန်အတိအကျကို မသိရသေးကြောင်းနဲ့ လက်ရှိအချိန်ထိ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ALP ပြန်ကြားရေးကို အကြောင်းပြန်တာမရှိသေးကြောင်း သူကဆက်ပြောပါတယ်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဌ ဒေါ်စောမြရာဇာလင်းဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကို ရခိုင်ပြညနယ် စစ်တွေမြို့ကနေ နေပြည်တော်ကို တပ်မတော်လေယာဥ်ဖြင့်ထွက်ခွာလာရာ ဒေသခံပြည်သူတွေက “ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်ပါစေ” စာသားပါဗီနိုင်းပိုစတာများ ကိုင်ဆောင်၍ စစ်တွေလေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်လည်းသိရပါတယ်။ နစကကောင်စီဥက္ကဋ္ဌနဲ့…

Read More

ယူကရိန်းအတွက် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေ ပေးပို့တဲ့လက်နက်အများအပြားကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရုရှားပြော

မော်စကို၊ ဇွန်-၁၃-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသမှာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ပေးပို့ထားတဲ့ ဒုံးကျည်တွေအပါအ၀င် စက်လက်နက်ပစ္စည်းအမြောက်အများကို ဖျက်ဆီးခဲ့တယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ဇွန် ၁၃ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ Udachne ရထားဘူတာရုံအနီး တိကျတဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ယူကရိန်းတပ်ဖွဲ့တွေထံ အနောက်အုပ်စုက ပေးပို့ထားတဲ့ လက်နက်တွေကို ထိမှန်ပြီး ဖျက်ဆီးနိုင်ခဲ့တာလို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ဆိုပါတယ်။ အနောက်နိုင်ငံတွေအနေနဲ့ ယူကရိန်းကို လက်နက်တွေထပ်မံပေးပို့ဖို့ ယူကရိန်းသမ္မတရဲ့ လက်ထောက်တဦးဖြစ်သူ Mykhailo Podolyakက ထပ်မံတောင်းဆိုထားပါတယ်။ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် ရုရှားနဲ့တန်းတူ လက်နက်အင်အားရှိဖို့လိုတယ်လို့ သူကပြောပါတယ်။ နေတိုးအဖွဲ့ ဌာနချုပ်မှာ ကမ္ဘာတ၀န်းက ကာကွယ်ရေး၀န်ကြီးတွေ ဇွန် ၁၅ ရက်မှာတွေ့ဆုံမယ့် အစည်းအဝေးမှာတော့ အနောက်နိုင်ငံတွေက ယူကရိန်းကို လက်နက်ဘယ်လောက် ပေးပို့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မျှော်လင့်ကြောင်း သူကဆိုပါတယ်။ ယူကရိန်းတပ်တွေဟာ ရုရှားရဲ့ လက်နက်အသာစီးနဲ့တိုက်ခိုက်မှုတွေကြောင့် အရှေ့ပိုင်းဒွန်ဘတ်စ်ဒေသမှာ…

Read More

တောင်ကိုရီးယားမှာ ကုန်တင်ကားသမားတွေ သပိတ်မှောက်မှုကြောင့် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်နေ

ဆိုးလ်၊ ဇွန်-၁၃-၂၀၂၂ မျိုးဆက်(VOM) တောင်ကိုရီးယားနိုင်ငံမှာ ကုန်တင်ကားမောင်းသူထောင်ပေါင်းများစွာရဲ့ သပိတ်မှောက်မှု ခုနှစ်ရက်မြောက်နေ့ထိရှိနေချိန်မှာတော့ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ လုပ်ငန်းတွေ ထိခိုက်နေတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေကပြောပါတယ်။ ဒီလိုထိခိုက်နစ်နာနေတဲ့ စီးပွားရေးလုပ်ငန်းတွေထဲမှာ ဟွန်ဒိုင်းမော်တော်ကားကုမ္ပဏီနဲ့ ပေါ်စကို စတီးကုမ္ပဏီတို့လည်း ပါ၀င်နေပါတယ်။ ထရပ်ကားသမားတွေဟာ လောင်စာဆီကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် အစိုးရထောက်ပံ့ကြေးတွေ တိုးမြှင့်ပေးဖို့ တောင်းဆိုနေကြပါတယ်။ ဇွန် ၇ ရက်ကတည်းက စတင်ခဲ့တဲ့ သပိတ်ကို အဆုံးသတ်ဖို့ တောင်ကိုရီးယားတာ၀န်ရှိသူတွေနဲ့ ကုန်တင်ကားသမား အဖွဲ့အစည်းတွေအကြား သဘောတူညီချက်မရရှိပြီးနောက် သပိတ်မှောက်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ကုန်တင်ကားမောင်သူ လေးသိန်းနှစ်သောင်းကျော်ရှိပြီး သူတို့ကို ကိုယ်ပိုင်အလုပ်လုပ်ကိုင်သူတွေအဖြစ် သတ်မှတ်ထားပါတယ်။ သူတို့နဲ့ ပို့ဆောင်ရေး၀န်ကြီးဌာနတို့အကြား ရှစ်နာရီကျော်ကြာတွေ့ဆုံပြီး ကုန်စည်ပို့ဆောင်မှု ပုံမှန်ဖြစ်စေဖို့ နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပေမယ့်လည်း သဘောတူညီမှု မရရှိသေးဘူးလို့ သိရပါတယ်။ Ref: BBC Photo: Reuters #voiceofmyanmar #VOM #တောင်ကိုရီးယား #ကုန်တင်ကားသပိတ်…

Read More
VOM News

FREE
VIEW