ညောင်ဦး – ချောက် ကားလမ်းဘေးမှာ စွန့်ပစ်ထားတဲ့ လူသေအလောင်းတွေ တွေ့ရ

အောက်တိုဘာ ၊ ၄ ၊ ၂၀၂၂
SP(VOM)

မန္တလေးတိုင်း ၊ ညောင်ဦးမြို့နယ်၊ စဉ်ကူးကျေးရွာ ၊ တိုက်နယ်ဆေးရုံအနီး ညောင်ဦး-ချောက်ကားလမ်းဘေးမှာ မနေ့ အောက်တိုဘာ ၃ ရက် မနက်ပိုင်းက စွန့်ပစ်ထားတဲ့ လူသေ ရုပ်အလောင်းတွေ တွေ့ရတာကြောင့် ဒေသခံ လူမှုကူညီရေး အဖွဲ့က သွားရောက် ကူညီပေးခဲ့ရတယ်လို့ ပရဟိတသမားတွေဆီက သိရပါတယ်။

” မနေ့က မနက်အစောပိုင်း ၇ နာရီဝန်းကျင်မှာ ရုပ်အလောင်းတွေ တွေ့ရတာပါ ၊ အမျိုးသား အလောင်း ၂ လောင်း နဲ့ အမျိုးသမီး အလောင်း ၁ လောင်း တွေ့ရတာဖြစ်တယ် ၊ အဲ့ဒီ သေဆုံးသူတွေဟာ ခန္ဓာကိုယ်နေရာအနှံ့ ဓားဒဏ်ရာတွေနဲ့ဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ သတ်ဖြတ်ခံထားရတဲ့ လူသေရုပ်အလောင်းတွေ တွေ့ရတာနဲ့ ပတ်သက်ပြီး ၊ ညောင်ဦးခရိုင် လုံခြုံရေးအဖွဲ့ရုံး နဲ့ နီးစပ်သူ တယောက်က

” ၂ ရက်နေ့ညက သတ်ခံရတာဖြစ်ပြီး ၊ ၃ ရက်နေ့ မနက်မှာ တွေ့ရတာဖြစ်တယ် ၊ မနေ့က အချိန်ထိတော့ အမည်မသိ ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေပါ ၊ ဒီကနေ့မနက်ပိုင်းမှာ နောက်ဆုံးသိရတဲ့ အခြေအနေက သေဆုံးသူတွေဟာ ညောင်ဦးမြို့နယ် ၊ စဥ်ကူးကျေးရွာမှာနေတဲ့ ဒေါ်သော်မီမီဝင်း (၃၂) နှစ်၊ ဦးဝင်းအောင်မိုး (၅၂) နှစ် နဲ့ ဦးငြိမ်းချမ်းမင်း (၄၂) နှစ် တို့ဖြစ်တယ် ၊ သူတို့မိသားစုဝင်တွေရဲ့ ထွက်ဆို ပြောပြတာက ၂ ရက်နေ့ညက သူတို့နေအိမ်မှာ လက်နက်ကိုင် လူ ၅ ယောက် ဝင်ရောက်လာပြီး အဲ့ဒီ သေဆုံးသူ လူ ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ် ” လို့ ပြောပါတယ်။

အဲ့ဒါကြောင့် ညောင်ဦးခရိုင်ရဲတပ်ဖွဲ့က မှုခင်းမှတ်တမ်းတွေရယူကာ အမှုဖွင့်ရေးဖွင့်ထားတယ်လို့ သိရပါတယ်။

ညောင်ဦးခရိုင်ထဲက ကျေးလက် မြို့တွေဟာ ကမ္ဘာ့ရှေးဟောင်း ယဥ်ကျေးမှု အမွေးအနှစ် စာရင်းဝင် နေရာတွေဖြစ်ပြီး ခရီးသွားလုပ်ငန်းတွေမှာ ကြုံတွေ့ရတဲ့ မှုခင်းတွေ အဖြစ်များပြီး အခုလို ၃ လောင်းပြိုင် လူသတ်မှုဖြစ်ပွားတာဟာ အခုဖြစ်စဥ်ဟာ ပထမဆုံးအကြိမ် ဖြစ်တာလို့ သိရပါတယ်။

#voiceofmyanmar #VOM #ညောင်ဦး #ချောက်

Related posts

Leave a Comment

VOM News

FREE
VIEW