မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးကားနဲ့ အပြန်အလှန် ပစ်ခတ်ပြီး လူ ၂ ဦး သေ ၊ ဘုန်းကြီးအပါအဝင်၂ ဦး ဒဏ်ရာရ

အောက်တိုဘာ ၊ ၄ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ နန္ဒဝန်ရပ်ကွက် ၊ တိုင်းအဆင့် ဌာနဆိုင်ရာရုံးတွေ တည်ရှိတဲ့နေရာရဲ့ အနောက်ဘက် လမ်းမကြီးပေါ်မှာ မနေ့ အောက်တိုဘာ ၃ ရက် ၊ ညနေပိုင်းက ပစ်ခတ်တာတွေဖြစ်ပွားပြီး လူသေဆုံးတာနဲ့ ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ မုံရွာမြို့ခံတွေဆီက သိရပါတယ်။ ” အစည်းအဝေးသွားတဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးကားကို တခြားအိမ်စီးကား တစ်စီးပေါ်ကနေ ပစ်တာပါ ၊ အပြန်အလှန် ပစ်ခတ်တာတွေဖြစ်ပြီး မဆိုင်တဲ့ ဘေးလူတွေ ထိမှန်သေဆုံးတာ ” လို့ မုံရွာမြို့ခံ တယောက်က ပြောပါတယ်။ အဲ့ဒီ ပစ်ခတ်မှုဖြစ်ပွားတာနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က” မနေ့က ညနေပိုင်း ၃ နာရီနဲ့ ၄ နာရီကြား…

Read More

ဖလော်ရီဒါပြည်နယ်မှာ မုန်တိုင်းကြောင့် သေဆုံးသူအရေအတွက် ၉၀ ကျော်ထိရှိလာ

၀ါရှင်တန်၊ အောက်တိုဘာ-၄-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ ဟာရီကိန်းမုန်တိုင်း အီယန်တိုက်ခတ်ပြီးနောက် အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွေနေပြီး လက်ရှိချိန်ထိ သေဆုံးသူအရေအတွက် ၉၀ ကျော်ထိ မြင့်တက်လာကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ မုန်းတိုင်းဒဏ်အဓိက ခံခဲ့ရတဲ့ဒေသအချို့မှာ ဒေသခံတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြဖို့ ကြိုတင်သတိပေးချက်တွေ လုံလောက်စွာမရရှိကြောင်း စွပ်စွဲမှုတွေကြောင့် ပြည်နယ်တာ၀န်ရှိသူတွေ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မုန်တိုင်းနဲ့ ဆက်နွယ်နေတဲ့ သေဆုံးမှုတွေရှိလာနိုင်တာကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း ဒေသတာ၀န်ရှိသူတွေက ပြောပါတယ်။ ပြည်နယ်တ၀န်းမှာ လူငါးသိန်းရှစ်သောင်းကျော် လျှပ်စစ်ဓါတ်အား ပြတ်တောက်နေဆဲဖြစ်ပါတယ်။ သေဆုံးသူအားလုံးရဲ့ ထက်၀က်ဟာ ဖလော်ရီဒါပြည်နယ် လီခရိုင်မှာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ မုန်တိုင်းဘေးသင့်ရာဒေသတွေကို အောက်တိုဘာ ၅ ရက်မှာ သွားရောက်ဖို့ရှိနေပါတယ်။ ပြည်နယ်တ၀န်းမှာ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို အကဲဖြတ်ဆဲဖြစ်ပေမယ့်လည်း သုတေသနကုမ္ပဏီတစ်ခုရဲ့ အေက်တိုဘာ ၁ ရက်ကထုတ်ပြန်တဲ့ အစီရင်ခံစာအရ…

Read More

ပြင်ပဒေါ်လာဈေး အတက်အကျ မြန်ဆန်နေလို့ အရောင်းအဝယ်တွေ ခဏရပ်ထားရ

အောက်တိုဘာ ၄-၂၀၂၂ SN (VOM) လက်ရှိ ပြင်ပငွေကြေးဈေးကွက်အတွင်းမှာ ဒေါ်လာဈေးတွေ အတက်အကျ မြန်ဆန်နေလို့ အရောင်းအဝယ်တွေ ခဏရပ်ထားရတယ်လို့ နိုင်ငံခြားငွေလဲကောင်တာတွေဆီက သိရပါတယ်။ ဒီနေ့ အောက်တိုဘာ ၄ ရက်နေ့ ပေါက်ဈေးအရ ပြင်ပငွေကြေးဈေးကွက်မှာ အမေရိကန်တစ်ဒေါ်လာ လဲလှယ်နှုန်း ကျပ် ၂၉၀၀ ကျော် ပြန်ရောက်လာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ တတိယပတ်ကစလို့ ပြန်လည်ကျဆင်းလာတဲ့ ပြည်တွင်းဒေါ်လာဈေးဟာ အောက်တိုဘာ ၁ ရက်က အနိမ့်ဆုံးဈေး ၂၅၅၀ ကျပ်ဝန်းကျင်အထိ ကျခဲ့ပေမယ့် အောက်တိုဘာ ၃ ရက်အရောက်မှာတော့ ၂၉၀၀ ကျပ်ကို ပြန်တက်လာခဲ့ပြီး ၄ ရက်နေ့မှာတော့ ၂၉၅၀ ကျပ်ကို ရောက်ရှိနေပါတယ်။ “‌ဈေးအတက်အကျမြန်နေလို့ အမေရိကန်ဒေါ်လာ အရောင်းအဝယ်ကို ခဏရပ်ထားတယ်။ တခြားငွေကြေးတွေကိုတော့ အရောင်းအဝယ် ပြုလုပ်ပေးနေပါတယ်”လို့ နိုင်ငံခြားငွေလဲကောင်တာတစ်ခုမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကတော့…

Read More

ဂျပန်နိုင်ငံပေါ်ကိုဖြတ်ပြီး မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်ပစ်ခတ်

တိုကျို၊ အောက်တိုဘာ-၄-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ ဂျပန်နိုင်ငံကိုဖြတ်ကျော်ပြီး ပဲ့ထိန်းဒုံးကျည်တစင်းကို အောက်တိုဘာ ၄ ရက်မှာ ပစ်ခတ်လိုက်ပါတယ်။ အဲဒီပဲ့ထိန်းဒုံးကျည်ဟာ ပစိဖိတ်သမုဒ္ဒရာထဲကို မကျရောက်မီ မိုင် ၂၈၀၀ ထိခရီးနှင်းပျံသန်းခဲ့ပြီး အဲဒီအကွာအဝေးဟာ အမေရိန် ဂူအမ်ကျွန်းထိ ရောက်ရှိနိုင်ပါတယ်။ ဒီလိုပစ်ခတ်မှုကြောင့် ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်းနဲ့ အအိုမိုရီမြို့အပါအ၀င် နိုင်ငံမြောက်ပိုင်းရှိ ဒေသခံတွေကို မြောက်ကိုရီးယားက ဒုံးကျည်ပစ်ခတ်လိုက်ပုံရတာကြောင့် အဆောက်အအုံတွေ သို့မဟုတ် မြေအောက်တွေမှာခှိုလှုံကြဖို့ အာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန်ခဲ့ရပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားရဲ့ တာလတ်ပစ်ဒုံးကျည်ပစ်ခတ်မှုဟာ တစုံတရာ ထိခိုက်မှုမရှိဘဲ ဂျပန်နိုင်ငံနဲ့ဝေးတဲ့ ပစိဖိတ်သမုဒ္ဒရာထဲကို ကျရောက်ခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ ဒါဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ဂျပန်နိုင်ငံကိုဖြတ်ကျော်ပြီး မြောက်ကိုရီးယားရဲ့ ပထမဆုံးဒုံးကျည် ပစ်ခတ်မှုလည်းဖြစ်ပါတယ်။ မြောက်ကိုရီးယားအနေနဲ့ ပဲ့ထိန်းဒုံးကျည်တွေနဲ့ နျူကလီးယားလက်နက်တွေ စမ်းသပ်ခြင်းမပြုဖို့ ကုလသမဂ္ဂက တားမြစ်ပိတ်ပင်ထားပါတယ်။ Ref: BBC Photo:Getty Images…

Read More

စက်သုံးဆီဈေး ကျပ် နှစ်ထောင်အောက် ရောက်နေပေမယ့် သိသာတဲ့ကျဆင်းမှု မဟုတ်သေး

အောက်တိုဘာ ၄-၂၀၂၂ SN (VOM) ဈေးကွက်အတွင်း ပြည်တွင်းစက်သုံးဆီဈေးဟာ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၂၀၀၀ အောက် ပြန်လည်ကျဆင်းလာခဲ့ပေမယ့်လည်း သိသာတဲ့ကျဆင်းမှု မဟုတ်သေးဘူးလို့ စက်သုံးဆီဝယ်ယူသူအချို့က ပြောပါတယ်။ ပြည်တွင်းစက်သုံးဆီဈေးမှာ အောက်တိုဘာလဆန်းပိုင်း ဝင်ရောက်ချိန်ကစလို့ သိသိသာသာ ကျဆင်းလာခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၃ ရက်အရောက်မှာတော့ တစ်လီတာ ကျပ်နှစ်ထောင်အောက်ကို ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီဈေးတန်းက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးထက်တော့ ပိုနေဆဲဖြစ်တယ်လို့ အငှားယာဉ်မောင်းတဦးက ပြောပါတယ်။ “အခု ဆီဈေးကကျပေမယ့် အဲ့လောက်ကတော့ မသိသာသေးပါဘူး။ လီတာ သိသိသာသာအများကြီး ရသွားတာမျိုး မဟုတ်သေးဘူး။ ဥပမာ ၁၅၀၀၊ ၁၆၀၀ ဈေးတန်းဝန်းကျင်လောက်ဆိုရင်တော့ နည်းနည်းလေး သိသာတဲ့သဘောမျိုး ဖြစ်သွားမယ်။ အခုက ဈေးကျတာက ကျတယ်လို့ပဲရှိသေးတာ။ အများကြီးသိသိသာသာ မဟုတ်သေးဘူး”လို့ သူက ပြောပါတယ်။ အောက်တိုဘာ ၄…

Read More

ဦးသန်းဌေး ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌရာထူးကနေ ဖယ်ပေးရတဲ့အကြောင်း ပါတီညီလာခံမှာ ဖွင့်ဟ

အောက်တိုဘာ ၄-၂၀၂၂ KT(VOM) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ တတိယအကြိမ် ပါတီညီလာခံ (၂၀၂၂)အခမ်းအနားကို နေပြည်တော်ရှိ ပါတီဌာနချုပ်မှာ ဒီကနေ့ အောက်တိုဘာ ၄ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားမှာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပါတီကနေ အနားယူရတဲ့အကြောင်းအရင်း၊ ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်အဖွဲ့အသစ် ထပ်မံဖွဲ့စည်းမယ့်အကြောင်းတွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ” အဓိကအနားယူရတာကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီကိုအနိုင်ရအောင် မစွမ်းဆောင်နိုင်ခြင်း၊ ပါတီဝင်များ အသတ်ခံရခြင်းကို ကာကွယ်မှုမပေးနိုင်ခြင်းနဲ့ ကျန်းမာရေးကြောင့်အနားယူခြင်းဖြစ်ပါ​တယ်၊ ကျွန်တော်အနေနဲ့ ထပ်မံပြီးအသစ်ဖွဲ့စည်းမယ့်အဖွဲ့သစ်မှာ ဗဟိုအလုပ်အမှုဆောင်အဖြစ် အဆိုမပြု၊ ဆန္ဒမပြုပါ​။ကျွန်တော်အနေနဲ့ကတော့ အဆိုမပြု၊ဆန္ဒမပြုတော့ကြောင်းကို စက်တင်ဘာ ၂၄ ရက်နေ့မှာ ကိုယ်တိုင်အတည်ပြုပေးခဲ့ပါတယ်၊ ဒီလိုဆုံးဖြတ်ရခြင်းဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ ဝေဖန်ထိုးနှက်မှုတွေကြောင့်မဟုတ်ပါဘူး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းတဲ့နေရာမှာ လက်ရှိဥက္ကဋ္ဌဖြစ်တဲ့ ကျွန်တော်ရဲ့ဩဇာလွှမ်းမိုးမှုကင်းရှင်းအောင် ဖွဲ့စည်းပုံစမ်းစစ်သုံးသပ်ရေးကော်မတီကို ဖွဲ့စည်းပေးပြီး လွတ်လွတ်လပ်လပ်ဆွေးနွေးတိုင်ပင်ဆောင်ရွက်စေခဲ့ပါ​တယ်၊ဒုတိယဥက္ကဋ္ဌကြီးသုံးပါးရဲ့အနီးကပ်ထိန်းကြောင်းမှုနဲ့ဖွဲ့စည်းပုံအခြေခံစည်းမျဥ်း၊စည်းမျဥ်းနဲ့အညီဖြစ်တဲ့ဦးတည်ပြီး ညီလာခံကိုကျင်းပသွားမှာဖြစ်ပါတယ်၊ ပြည်သူကိုလမ်းမှန်ပြပြီးတော့ အေးချမ်းသာယာတဲ့လူ့အဖွဲ့အစည်းကို ဖွဲ့စည်းထူထောင်ဖို့ သံဒိဌာန်ပြုထားကြတဲ့ နိုင်ငံရေးပါတီများအနေနဲ့ကတော့…

Read More

ဟိုင်းကြီးကျွန်းက ရခိုင် အမျိုးသမီးတွေ အပါအဝင် တိုင်းရင်းသား ၂၀ ကျော် ဖမ်းဆီးခံထားရ

အောက်တိုဘာ၊ ၄- ၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့က ကျေးရွာတွေမှာ အခြေချနေထိုင်တဲ့ ရခိုင်တိုင်းရင်းသားအမျိုးသမီးတွေ အပါအဝင် တိုင်းရင်းသား အယောက် ၂၀ ကျော်ကို သက်ဆိုင်ရာကနေ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ် ။ ဟိုင်းကြီးကျွန်းမြို့ရှိ ကျေးရွာတွေမှာနေထိုင်တဲ့ ရခိုင်တိုင်းရင်းသား အယောက် ၂၀ ကျော်ကို AAနဲ့ဆက်သွယ်မှုရှိတယ်ဆိုတဲ့ သံသယနဲ့ စက်တင်ဘာ ၁၃ ရက်ကနေ မနေ့ အောက်တိုဘာ ၃ ရက် အတွင်း ဖမ်းဆီးစစ်ဆေးနေတာဖြစ်တယ်လို့ သိရပါတယ် ။ “မနေ့ကအထိ ဇီးချိုင်ရွာက အသက် ၆၀ ကျော် အမျိုးသားတစ်ယောက်နဲ့ အသက် ၂၀ ကျော် လူငယ်တွေဖြစ်တဲ့ ယောက်ကျားလေး ၄ ယောက်နဲ့ မိန်းကလေး ၃ယောက် ၊အားလုံး ၈ ယောက်ကို ဖမ်းသွားတယ် ၊ အဖမ်းခံရတာ တိုင်းရင်းသား လူ…

Read More

မန္တလေး-ရန်ကုန် ကားလမ်းဟောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး ပလိပ်ရဲစခန်းမှူး သေဆုံး ၊ ၃ ဦး ဒဏ်ရာရ

အောက်တိုဘာ ၊ ၄ ၊ ၂၀၂၂ SP( VOM) မန္တလေးတိုင်း ၊ ကျောက်ဆည်ခရိုင် ၊ စဥ့်ကိုင်မြို့နယ် ၊ အိုးထိန်းတောင်ကျေးရွာအနီး ၊ မန္တလေး -ရန်ကုန် အဝေးပြေး ကားလမ်းဟောင်း ၊ စဥ့်ကိုင် ပေါ်တော်မူဘုရားနားမှာ မနေ့ အောက်တိုဘာ ၃ ရက် ၊ ညနေပိုင်းက ပလိပ်ရဲစခန်းမှူး လိုက်ပါလာတဲ့ကားတစ်စီး ပစ်ခတ်ခံရပြီး စခန်းမှူး သေဆုံးကာ ၃ဦးဒဏ်ရာရခဲ့တယ်လို့ အဝေးပြေးကားသမားတွေဆီက သိရပါတယ်။ ” အပစ်ခံရတာ ပလိပ်စခန်းမှူးကားလို့ သိရတယ် ၊ သူကတော့ နေရာမှာတင်သေတယ် ၊ ကျန် လူ ၃ ယောက်ကတော့ ဒဏ်ရာရတာ “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ပစ်ခတ်မှုဖြစ်ပွားတာနဲ့ ပတ်သက်လို့ ကျောက်ဆည်ခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က…

Read More

ညောင်ဦး – ချောက် ကားလမ်းဘေးမှာ စွန့်ပစ်ထားတဲ့ လူသေအလောင်းတွေ တွေ့ရ

အောက်တိုဘာ ၊ ၄ ၊ ၂၀၂၂ SP(VOM) မန္တလေးတိုင်း ၊ ညောင်ဦးမြို့နယ်၊ စဉ်ကူးကျေးရွာ ၊ တိုက်နယ်ဆေးရုံအနီး ညောင်ဦး-ချောက်ကားလမ်းဘေးမှာ မနေ့ အောက်တိုဘာ ၃ ရက် မနက်ပိုင်းက စွန့်ပစ်ထားတဲ့ လူသေ ရုပ်အလောင်းတွေ တွေ့ရတာကြောင့် ဒေသခံ လူမှုကူညီရေး အဖွဲ့က သွားရောက် ကူညီပေးခဲ့ရတယ်လို့ ပရဟိတသမားတွေဆီက သိရပါတယ်။ ” မနေ့က မနက်အစောပိုင်း ၇ နာရီဝန်းကျင်မှာ ရုပ်အလောင်းတွေ တွေ့ရတာပါ ၊ အမျိုးသား အလောင်း ၂ လောင်း နဲ့ အမျိုးသမီး အလောင်း ၁ လောင်း တွေ့ရတာဖြစ်တယ် ၊ အဲ့ဒီ သေဆုံးသူတွေဟာ ခန္ဓာကိုယ်နေရာအနှံ့ ဓားဒဏ်ရာတွေနဲ့ဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။ အဲ့ဒီ သတ်ဖြတ်ခံထားရတဲ့…

Read More

ဆားလင်း​ကြီးမြို့နယ်မှာ စျေးဝယ်ထွက်လာတဲ့ ရဲ ၄ ဦး၊ ပစ်သတ်ခံရပြီး သေနတ်တွေပါသွား

အောက်တိုဘာ ၊ ၄-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ ညောင်ပင်ကြီးကျေးရွာ ၊ ညောင်ပင်ကြီး ယင်းမာပင် ၊ ညောင်ပင်ကြီး-ဆားလင်းကြီး လမ်းဆုံနေရာနားမှာ မနေ့ အောက်တိုဘာ ၃ ရက် ၊ နေ့လယ်ပိုင်းက စျေးဝယ်ထွက်လာတဲ့ ရဲ ၄ ဦး ပစ်သတ်ခံရပြီး သူတို့သေနတ်တွေကို ယူဆောင်သွားတာ ခံရတယ်လို့ ညောင်ပင်ကြီးဒေသခံတွေဆီက သိရပါတယ်။ ” ညောင်ပင်ကြီး ရဲစခန်းထဲက စျေးဝယ်ဖို့ထွက်လာတဲ့ ရဲ ၄ ယောက်ကို အိမ်စီးကား အဖြူရောင်ပေါ်ကနေ သေနတ်နဲ့ ပစ်သတ်သွားတာ “လို့ မျက်မြင်တွေ့လိုက်ရသူ စျေးသည်တယောက်က ပြောပါတယ်။ အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ယင်းမာပင်ခရိုင် လုံခြုံရေး အဖွဲ့ရုံးနဲ နီးစပ်သူ တယောက်က” နေ့လယ် ၁ နာရီနောက်ပိုင်းမှာဖြစ်တာပါ…

Read More
VOM News

FREE
VIEW