ဦးသန်းဌေး ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌရာထူးကနေ ဖယ်ပေးရတဲ့အကြောင်း ပါတီညီလာခံမှာ ဖွင့်ဟ

အောက်တိုဘာ ၄-၂၀၂၂
KT(VOM)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ တတိယအကြိမ် ပါတီညီလာခံ (၂၀၂၂)အခမ်းအနားကို နေပြည်တော်ရှိ ပါတီဌာနချုပ်မှာ ဒီကနေ့ အောက်တိုဘာ ၄ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီအခမ်းအနားမှာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပါတီကနေ အနားယူရတဲ့အကြောင်းအရင်း၊ ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်အဖွဲ့အသစ် ထပ်မံဖွဲ့စည်းမယ့်အကြောင်းတွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

” အဓိကအနားယူရတာကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီကိုအနိုင်ရအောင် မစွမ်းဆောင်နိုင်ခြင်း၊ ပါတီဝင်များ အသတ်ခံရခြင်းကို ကာကွယ်မှုမပေးနိုင်ခြင်းနဲ့ ကျန်းမာရေးကြောင့်အနားယူခြင်းဖြစ်ပါ​တယ်၊ ကျွန်တော်အနေနဲ့ ထပ်မံပြီးအသစ်ဖွဲ့စည်းမယ့်အဖွဲ့သစ်မှာ ဗဟိုအလုပ်အမှုဆောင်အဖြစ် အဆိုမပြု၊ ဆန္ဒမပြုပါ​။ကျွန်တော်အနေနဲ့ကတော့ အဆိုမပြု၊ဆန္ဒမပြုတော့ကြောင်းကို စက်တင်ဘာ ၂၄ ရက်နေ့မှာ ကိုယ်တိုင်အတည်ပြုပေးခဲ့ပါတယ်၊ ဒီလိုဆုံးဖြတ်ရခြင်းဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ ဝေဖန်ထိုးနှက်မှုတွေကြောင့်မဟုတ်ပါဘူး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းတဲ့နေရာမှာ လက်ရှိဥက္ကဋ္ဌဖြစ်တဲ့ ကျွန်တော်ရဲ့ဩဇာလွှမ်းမိုးမှုကင်းရှင်းအောင် ဖွဲ့စည်းပုံစမ်းစစ်သုံးသပ်ရေးကော်မတီကို ဖွဲ့စည်းပေးပြီး လွတ်လွတ်လပ်လပ်ဆွေးနွေးတိုင်ပင်ဆောင်ရွက်စေခဲ့ပါ​တယ်၊ဒုတိယဥက္ကဋ္ဌကြီးသုံးပါးရဲ့အနီးကပ်ထိန်းကြောင်းမှုနဲ့ဖွဲ့စည်းပုံအခြေခံစည်းမျဥ်း၊စည်းမျဥ်းနဲ့အညီဖြစ်တဲ့ဦးတည်ပြီး ညီလာခံကိုကျင်းပသွားမှာဖြစ်ပါတယ်၊ ပြည်သူကိုလမ်းမှန်ပြပြီးတော့ အေးချမ်းသာယာတဲ့လူ့အဖွဲ့အစည်းကို ဖွဲ့စည်းထူထောင်ဖို့ သံဒိဌာန်ပြုထားကြတဲ့ နိုင်ငံရေးပါတီများအနေနဲ့ကတော့ ပြိုကွဲရေးကိုလုပ်ကြမယ်မထင်ပါဘူး၊ မိမိကိုယ်ကို လိပ်ပြာသန့်သန့်နဲ့ပြောနိုင်ပါတယ်၊ကိုယ်တိုင်ကျင့်ကြံအားထုတ်နိုင်တဲ့ခေါင်းဆောင်တွေဖြစ်ကြပါစေလို့ တိုက်တွန်းပါတယ်”လို့ ပါတီညီလာခံမှာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားခဲ့တာဖြစ်ပါတယ်။

ပါတီကိုဦးဆောင်မယ့် အချိန်ပြည့်အလုပ်အဖွဲ့ဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်ကိုလည်း ဒီနေ့ပြုလုပ်တဲ့ ပါတီညီလာခံကနေ ပြင်ဆင်ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။

ထပ်မံ အသစ်ဖွဲ့စည်းမယ့် အဖွဲ့သစ်မှာ ဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်လိုသူ၊ သတ်မှတ်အရည်အချင်း ကိုက်ညီသူတွေကိုယ်တိုင်အဆိုပြုနိုင်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ကြံ့ခိုင်ရေး #ဦးသန်းဌေး

Related posts

Leave a Comment

VOM News

FREE
VIEW