အမရပူရရဲစခန်း ဗုံးပစ်ခံရပြီး သေနတ်နဲ့ပါ ပစ်ခတ်ခံရ

မေ ၁ – ၂၀၂၃
Voice Of Myanmar(VOM)

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ စျေးချိုရပ်ကွက်၊ စစ်ကိုင်း-မန္တလေးကားလမ်းဘေးရှိ အမရပူရမြို့မရဲစခန်းဟာ ဒီကနေ့မနက်ပိုင်းက ဗုံးနဲ့ပစ်ခံရပြီး သေနတ်နဲ့ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်ဟာ မနက် ၆နာရီက တစ်ကြိမ်နဲ့ မနက် ၁၀ နာရီကျော်မှာ တစ်ကြိမ် ၂ကြိမ်ဖြစ်ပွားခဲ့ဖြစ်ပြီး ပထမတကြိမ်မှာ လူထိခိုက်မှုမရှိခဲ့ပေမယ့် ဒုတိယအကြိမ်မှာ​တော့ ရဲစခန်းရဲ့ လူနေလိုင်းခန်းအနီး ကျရောက်ပေါက်ကွဲပြီး လူ(၅)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရဲနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒါ့အပြင် ဒီကနေ့မနက် ၈နာရီခွဲအချိန်ကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်ရှိ ကားဂိတ်တစ်ခုရှေ့မှာလည်း လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး လူ သုံးဦး ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #အမရပူရရဲစခန်း #ပစ်ခတ်ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW