မေ ၁ – ၂၀၂၃
Voice Of Myanmar(VOM)
မန္တလေးမြို့၊ အမရပူရမြို့နယ်၊ စျေးချိုရပ်ကွက်၊ စစ်ကိုင်း-မန္တလေးကားလမ်းဘေးရှိ အမရပူရမြို့မရဲစခန်းဟာ ဒီကနေ့မနက်ပိုင်းက ဗုံးနဲ့ပစ်ခံရပြီး သေနတ်နဲ့ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်ဟာ မနက် ၆နာရီက တစ်ကြိမ်နဲ့ မနက် ၁၀ နာရီကျော်မှာ တစ်ကြိမ် ၂ကြိမ်ဖြစ်ပွားခဲ့ဖြစ်ပြီး ပထမတကြိမ်မှာ လူထိခိုက်မှုမရှိခဲ့ပေမယ့် ဒုတိယအကြိမ်မှာတော့ ရဲစခန်းရဲ့ လူနေလိုင်းခန်းအနီး ကျရောက်ပေါက်ကွဲပြီး လူ(၅)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရဲနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဒါ့အပြင် ဒီကနေ့မနက် ၈နာရီခွဲအချိန်ကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်ရှိ ကားဂိတ်တစ်ခုရှေ့မှာလည်း လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး လူ သုံးဦး ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #မန္တလေး #အမရပူရရဲစခန်း #ပစ်ခတ်ပေါက်ကွဲမှု