နေပြည်တော်မှာ ကုန်ရထားနဲ့ တိုက်မိလို့ ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူ

မေ ၁၇ – ၂၀၂၃
SP(VOM)

နေပြည်တော် ၊ ပုဗ္ဗသီရိမြို့နယ် ၊ ဘဲကုန်းကျေးရွာအုပ်စု ၊ ဥသျှစ်ကုန်းကျေးရွာအနီး ရန်ကုန် – မန္တလေး မီးရထားလမ်းပိုင်းမှာ ဒီကနေ့ နေ့လယ် ၂ နာရီဝန်းကျင်က ဘုန်းကြီး ၁ ပါး ရထားတိုက်မိလို့ ပျံတော်မူသွားတယ်လို့ သဗ္ဗသုခ လူမှုကူညီရေး အဖွဲ့ဆီက သိရပါတယ်။

” ရထားနဲ့တိုက်မိတဲ့သူက ဘယ်ကဘုန်းကြီးလည်းဆိုတာ စုံစမ်းနေဆဲဖြစ်တယ် ၊ ယာဘက် နားနောက် ဖူးရောင်ဒဏ်ရာ၊နား နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ဝဲခြေ ခလယ်ပြတ်ထွက်ဒဏ်ရာတွေနဲ့ နေရာမှာပဲ ပျံလွန်တော်မူနေတာ တွေ့ရတယ် ၊ အဲ့ဒါကြောင့် ရုပ်အလောင်းကို ကုတင် ၁ ထောင် ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ် “လို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး နေပြည်တော် ရထားတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဒီကနေ့ နေ့လယ်ပိုင်းက ဖြစ်တာပါ ၊ ဖြစ်တဲ့နေရာက မီးရထားလမ်း မိုင်တိုင်အမှတ် ၂၂၇ / ၁၆နဲ့ ၁၇ အကြားနေရာမှာ ဖြစ်တာပါ ၊ ရန်ကုန် ကနေ ၊ မန္တလေး ဘက်ကို စက်ခေါင်းမောင်း ဦးကျော်ကျော်ဝင်း မောင်းနှင်လာတဲ့ အဆန်ကုန်ရထားအမှတ် ၉၂၃၊ ကုန်ရထားတွဲ တံခါးနဲ့ တိုက်မိပြီး သံဃာ ၁ ပါး ပျံလွန်တော်မူသွားတယ် ၊ နာမည် ၊ နေရပ်လိပ်စာ ၊ အသက် တို့ စုံစမ်းနေစဲ ဖြစ်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပုဗ္ဗသီရိမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သေမှုသေခင်း အမှုရေးဖွင့်ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒီကနေ့ မနက်အစောပိုင်းကလည်း ရန်ကုန်တိုင်း ၊ မဂ်လာတောင်ညွန့်မြို့နယ် ၊ ပုဇွန်တောင် ဘူတာနဲ့ မလွှကုန်း ဘူတာကြားမှာ အသက် ၁၈ နှစ်အရွယ် မီးရထား လမ်းလုပ်သား အမျိုးသား ၁ ဦး ၊ ရထားတိုက်မိလို့ သေဆုံးတာ ဖြစ်ပွားခဲ့ပါသေးတယ်။

ဓာတ်ပုံ – သဗ္ဎသုခ လူမှုကူညီရေး အဖွဲ့
#voiceofmyanmar #VOM #နေပြည်တော် #ရထားတိုက် #ဘုန်းကြီးတစ်ပါးပျံလွန်တော်မှု

Related posts

Leave a Comment

VOM News

FREE
VIEW