နေပြည်တော်မှာ ကုန်ရထားနဲ့ တိုက်မိလို့ ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူ

မေ ၁၇ – ၂၀၂၃ SP(VOM) နေပြည်တော် ၊ ပုဗ္ဗသီရိမြို့နယ် ၊ ဘဲကုန်းကျေးရွာအုပ်စု ၊ ဥသျှစ်ကုန်းကျေးရွာအနီး ရန်ကုန် – မန္တလေး မီးရထားလမ်းပိုင်းမှာ ဒီကနေ့ နေ့လယ် ၂ နာရီဝန်းကျင်က ဘုန်းကြီး ၁ ပါး ရထားတိုက်မိလို့ ပျံတော်မူသွားတယ်လို့ သဗ္ဗသုခ လူမှုကူညီရေး အဖွဲ့ဆီက သိရပါတယ်။ ” ရထားနဲ့တိုက်မိတဲ့သူက ဘယ်ကဘုန်းကြီးလည်းဆိုတာ စုံစမ်းနေဆဲဖြစ်တယ် ၊ ယာဘက် နားနောက် ဖူးရောင်ဒဏ်ရာ၊နား နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ဝဲခြေ ခလယ်ပြတ်ထွက်ဒဏ်ရာတွေနဲ့ နေရာမှာပဲ ပျံလွန်တော်မူနေတာ တွေ့ရတယ် ၊ အဲ့ဒါကြောင့် ရုပ်အလောင်းကို ကုတင် ၁ ထောင် ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ် “လို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး နေပြည်တော် ရထားတပ်ဖွဲ့နဲ့…

Read More

မန္တလေးမှာ ဒီကနေ့တရက်တည်း ဓာတ်လိုက်မှုနဲ့ အောက်ဆီဂျင်ပြတ်မှုကြောင့် လူ၂ဦး သေဆုံးခဲ့

မေ ၁၇ – ၂၀၂၃ GG(VOM) မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးပြီး အောင်မြေသာစံမြို့နယ်မှာလည်း အမျိုးသားတစ်ဦး အောက်ဆီဂျင်ပြတ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အောက်ဆီဂျင်ပြတ် သေဆုံးတဲ့အမျိုးသားဖြစ်စဥ်က ဒီနေ့မေလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ အောင်မြေသာဇံမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ကွန်ဂရစ်လောင်းထားတဲ့ ရေလှောင်ကန်အတွင်း ပျဥ်ပြားတွေဆင်းခွာချိန် အောက်ဆီဂျင်ပြတ်လို့ ဆင်းကယ်ရာကနေ လိုက်လံကယ်ဆယ်တဲ့အမျိုးသားက အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” underground မှာရေကန်လုပ်ထားတာ။ရေကန်က ၆ ပေပတ်လည်လောက်ပဲရှိတယ်။အဲ့ဒါကို ကွန်ကရစ်လောင်းထားတဲ့ ပျဥ်တွေဆင်းခွာတော့ အထဲမှာဘိလပ်မြေအနံ့တွေနဲ့ရောပြီး အောက်ဆီဂျင်ပြတ်တဲ့သဘော၊ ပထမဆင်းတဲ့သူက အောက်ဆီဂျင်ပြတ်တော့ နောက်တစ်ယောက်ကဆင်းကယ်တာမှာ ကယ်တဲ့သူကသေသွားတာ၊အထဲမှာ ခေါင်းစိုက်ကြီး၊ အရင်အောက်ဆီဂျင်ပြတ်တဲ့သူက ရှင်တယ်။ကယ်တဲ့သူသေသွားတယ်။ “လို့ ကူညီကယ်ဆယ်ရေး လုပ်ခဲ့တဲ့ နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဦးသိန်းထွန်းအောင်ကပြောပါတယ်။ သေဆုံးသူ အမျိုးသားဟာ အသက် ၂၀ ကျော်လောက်သာရှိပြီး ချမ်းမြသာစည်မြို့နယ်၊တမ္ပဝတီရပ်ကွက်ကဖြစ်ကြောင်း ၊ လက်ရှိမှာ မိသားစုနဲ့အဆက်အသွယ်ရရှိကာ အလောင်းကိုလည်း…

Read More

ငဖဲမှာ တောင်သူတွေ မွေးထားတဲ့ နွားအကောင်ရေ ၆၀ ဝန်းကျင် ရာသီဥတုဒဏ်ကြောင့် သေဆုံး

မေ ၁၇ – ၂၀၂၃ SN (VOM) မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲက စည်သာနဲ့ မာန်အောင် ကျေးရွာမှာ တောင်သူတွေ မွေးမြူထားတဲ့ နွားအကောင်ရေ ၆၀ ဝန်းကျင် ရာသီဥတုဒဏ်ကြောင့်အအေးမိပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ့ နွားတွေဟာ ရာသီဥတုပူပြင်းတဲ့ဒဏ်ကို အမိုးအကာမရှိဘဲ တစ်နွေလုံး ခံထားရပြီးမှ မိုခါမုန်တိုင်းကြောင့် မိုးမိခဲ့တဲ့အတွက် ရာသီဥတု အပူအအေး မမျှတခဲ့တာကြောင့် သေဆုံးခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ “နေပူရှိန်ပြင်းတဲ့အခါကျတော့ နွားတွေက ခုခံအားကျတယ်။ အခု မိုးတအားရွာလိုက်တော့ အဲ့ဒီဒဏ် မခံနိုင်ဘူးပေါ့။ တခြား‌ရွာတွေမှာလည်း အခုလိုဖြစ်တာတွေရှိတယ်လို့ကြားတယ်။ သေဆုံးအရေအတွက်က ထပ်တိုးလာဖို့ရှိတယ်”လို့ ငဖဲမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။ ချောင်းရေ၊ မြောင်းရေတွေနောက် မျောပါခံရတာ၊ တောင်ကျရေအောက်မှာ မမြင်နိုင်တဲ့ သစ်ပင်၊ ချုံနွယ်၊ ငုတ်၊ ကတုတ်ကျင်း စတာတွေကြောင့် ထိခိုက်မိတာအပြင် ပိုင်ရှင်တွေရဲ့ အဓိကနဲ့သာမည…

Read More

အရင် တနင်္သာရီတိုင်းအစိုးရအဖွဲ့မှာ ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးမြင့်စန်းကွယ်လွန်

မေ၊၁၇-၂၀၂၃ MM(VOM) NLD အစိုးရလက်ထက်က တနင်္သာရီတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးမြင့်စန်းဟာ ဒီကနေ့ မေလ ၁၅ ရက်က ထိုင်းနိုင်ငံမှာ ကွယ်လွန်သွားတယ်လို့ သူနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ ”ဆရာ ဦးမြင့်စန်းက ထိုင်းနိုင်ငံမှာ ဒီနေ့ နေ့လယ်ပိုင်းက ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတာပါ။သူကတိမ်းရှောင်နေတာ၊ နေမကောင်းဖြစ်နေတာ ကြာပြီ ၊ စိတ်ထဲမကောင်ဘူး၊ စိတ်ထောင်းတော့လည်း ကိုယ်ကြေတာပေါ့ဗျာ၊အခုကျတော့ အသက်ပါဆုံးရှုံးလိုက်ရပြီ၊ ပုံစံအမျိုးမျိုးနဲ့ ကြွေလွင့်နေသူတွေ မနည်းတော့ဘူး။”လို့ နီးစပ်သူ တစ်ဦးကပြောပါတယ်။ ဦးမြင့်စန်းဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီရဲ့ လောင်းလုံးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှာအနိုင်ရခဲ့ပြီး တနင်္သာရီတိုင်းအစိုးရအဖွဲ့မှာစိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက်(၆၈)နှစ်ကျော်ပြီလို့ သိရပါတယ်။ အဲ့ဒီ ကွယ်လွန်သွားပြီဖြစ်တဲ့ ဦးမြင့်စန်းရဲ့ လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေးရွာမှာရှိတဲ့ နေအိမ်ကို ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလမှာ…

Read More

ကျယ်ဂေါင်က ကျောက်ဝိုင်းတွေမှာ ဆိုင်ခန်းခ အလကားနဲ့ငှားပေးနေ

မေ ၁၇၊ ၂၀၂၃ Shy V(VOM) မြန်မာ – တရုတ် နယ်စပ်ရဲ့ အကြီးမားဆုံး ကျောက်စိမ်း ဈေးကွက်ရှိရာ မြို့ တစ်မြို့ ဖြစ်တဲ့ ကျယ်ဂေါင်မှာ ကိုဗစ်မတိုင်ခင်ကလို လူ ပြန်စည်ဖို့အတွက် ကျောက်ဝိုင်းတွေမှာ ကျောက်ရောင်းသူတွေအတွက် ဆိုင်ခန်းခ အလကားနဲ့ငှားပေးနေကြတယ်လို့ ကျောက်ကုန်သည်လုပ်ငန်းရှင်တွေက ပြောပါတယ်။ “တချို့က ၁ နှစ်၊ တချို့က ၂ နှစ် အလကား ရောင်းခွင့် ပေးထားတယ်လေ။ ဒါတောင် လူက အရင်ကလို မစည်သေးဘူး။ ဟိုမှာကြည့် အဲဒီအထိ ကျောက်ရောင်းတဲ့ သူတွေက ကျောက်ဝိုင်း တဝက်ပဲရှိသေးတယ်။” လို့ ကျောက်ဝိုင်း လုပ်ငန်းရှင် ၁ ဦး က ပြောပါတယ်။ ကျောက်စိမ်း နဲ့ ကျောက်စိမ်း ကုန်ချောပစ္စည်းတွေ လာရောင်းမယ့်သူတွေကို ဆိုင်ခန်းခ အခမဲ့ ပေးထားတဲ့အပြင် ခုံတွေ…

Read More

ချင်းပြည်နယ်မှာ မုန်တိုင်းကြောင့် လူနေအိမ် ၈၀၀ ကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့

မေ ၁၇ – ၂၀၂၃ SN (VOM) မေလ ၁၄ ရက်နေ့ညပိုင်းက မိုခါဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်ခဲ့တာကြောင့် ချင်းပြည်နယ်မှာ နေအိမ် ၈၀၀ ကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မုန်တိုင်းကြောင့် မတူပီမြို့နယ်၊ ဇိုတုန်ဒေသမှာ ခရစ်ယာန်ဘုရားကျောင်း ၇ ကျောင်းအပါအဝင် အိမ်ခြေ ၂၆၄ လုံး အိမ်ခေါင်မိုးလန်ကာ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။ မေ ၁၆ ရက်နေ့ ညနေပိုင်းအထိ ရရှိတဲ့စာရင်းတွေအရ မုန်တိုင်းကြောင့် ချင်းပြည်နယ်တစ်ခုလုံး အတိုင်းအတာအနေဖြင့် အနည်းဆုံး လူနေအိမ် ၇၀၀ ကနေ ၈၀၀ ကြားပျက်စီးခဲ့ကာ ဘုရားကျောင်း ၇ ကျောင်း အပါအဝင် စာသင်ကျောင်းတွေ၊ အခြားအဆောက်အဦတွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “မုန်တိုင်းလမ်းကြောင်း တောက်လျှောက်က အိမ်တွေပျက်စီးခဲ့တာ။ မြေပြိုတာတွေတော့ မရှိဘူး။ တိရစ္ဆာန်နဲ့ လူတွေ ထိခိုက်တာလည်း အခုချိန်ထိ…

Read More

မင်္ဂလာတောင်ညွှန့်မှာ မီးရထား လမ်းလုပ်သားတစ်ဦး ရထားတိုက်ခံရပြီး သေဆုံးခဲ့

မေ ၁၇ – ၂၀၂၃ GG (VOM) ရန်ကုန်မြို့၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုဇွန်တောင်ဘူတာနဲ့မလွှကုန်းဘူတာကြားမှာ အမျိုးသားတစ်ဦး ရထားတိုက်ခံရပြီး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ရထားတိုက်ခံရတဲ့ အမျိုးသားဟာ မီးရထား လမ်းလုပ်သား ပုဂ္ဂလိကဝန်ထမ်း ဖြစ်ပြီး အသက် ၁၈ နှစ်သာရှိသေးကြောင်းနဲ့ ဒီနေ့ မေလ ၁၇ ရက်နေ့ မနက်အစောပိုင်းမှာ ရထားတိုက်ခံရပြီးသေဆုံးတာဖြစ်တယ်လို့ သိရပါတယ် ။ ” မမ မြန်မာ့မီးရထားဝန်ထမ်းတော့ မဟုတ်ဘူး။ ပုဂ္ဂလိက လမ်းဝန်ထမ်းပေါ့။ လမ်းလုပ်သားဆိုတော့ ညပြန်မရဘူး၊ဒီမှာပဲ လုပ်ကြရသူတွေပေါ့။ မနက်အစောတိုက်မိတာပေါ့၊ဝေလီဝေလင်းလောက်ပေါ့။အလောင်းကလည်း ညကဆိုရင် တောင့်နေမှာပေါ့။”လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ မင်္ဂလာတောင်ညွန့်လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ မလွှကုန်းဘူတာနဲ့ ပုဇွန်တောင်ဘူတာရုံကြား A92 – A95 ယန္တရားဝင်းရှေ့မှာရထားတိုက်ခံထားရတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာ သေဆုံးအမျိုးသားရဲ့ မိသားစုဝင်တွေနဲ့အဆက်အသွယ်ရရှိပြီဖြစ်တဲ့အပြင် မီးရထား ရုံပိုင်နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ပါ ချိတ်ဆက်မိပြီဖြစ်တာကြောင့် ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။…

Read More

ကပ်ရောဂါဆိုင်ရာစည်းမျဉ်း သက်တမ်းကုန်၍ အမေရိကန်-မက္ကစီကိုနယ်စပ်အနီး ရွှေ့ပြောင်းနေထိုင်သူ ၆ သောင်းခန့်အထိ စုပြုံစောင့်ဆိုင်းနေ

မေ ၁၇ -၂၀၂၃ ဘိုင်ဒန်အစိုးရက ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်စည်းမျဉ်းအမှတ် ၄၂ ကို အဆုံးသတ်လိုက်သဖြင့် ခန့်မှန်းခြေရွှေ့ပြောင်းနေထိုင်သူ ၆ သောင်းခန့်သည် အမေရိကန်-မက္ကစီကိုနယ်စပ်အနီး စောင့်ဆိုင်းနေကြကြောင်း CBS News ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ အဆိုပါကန့်သတ်ချက်စည်းမျဉ်းအရ ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်လာသူများကို နှင်ထုတ်ရန် အာဏာပိုင်များခွင့်ပြုထားကြောင်း၊ ယခုအခါ စည်းမျဉ်းချမှတ်ထားသည့် ကာလကုန်ဆုံးသွားပြီဖြစ်ကြောင်း အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးက CBS News သို့ မေလ ၁၁ ရက်မှာ ပြောကြားခဲ့သည်။ မိမိတို့ဌာနအနေဖြင့် အမေရိကန်-မက္ကစီကိုနယ်စပ်အနီး မက္ကစီကိုနိုင်ငံဘက်ခြမ်းတွင် ရွှေ့ပြောင်းနေထိုင်သူ သောင်းဂဏန်းမျှ စောင့်ဆိုင်းနေချိန် မေလ ၁၁ ရက်၊ ညသန်းခေါင်ယံတွင် ကန့်သတ်စည်းမျဉ်းသက်တမ်း ကုန်ဆုံးသွားပြီဖြစ်ကြောင်း နယ်ခြားစောင့်တပ်အကြီးအကဲ ရောလ်အော်တစ်က ပြောသည်။ “ကျနော်တို့ဟာ ရွှေ့ပြောင်းနေထိုင်သူ ၆ သောင်းလောက်ကို နယ်စပ်မျဉ်းတဝိုက်မှာ ကိုင်တွယ်ဖြေရှင်းနေရပါတယ်။ ဒါတွေကိုဖြေရှင်းကို ကျနော်တို့ တတ်နိုင်သမျှ အာရုံစိုက်လုပ်ဆောင်နေပါတယ်”…

Read More

ရုရှားရဲ့ အသံထက်မြန် ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်ပြော

ကိယက်ဗ်၊ မေ-၁၇-၂၀၂၃ မျိုးဆက်(VOM) ရုရှားကပစ်ခတ်လိုက်တဲ့ အသံထက်မြန်တဲ့ ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းက မေ ၁၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လက်ရှိလေကြောင်းရန် ကာကွယ်ရေးစနစ်အားလုံးကို ကျော်လွှားနိုင်တယ်လို့ ရုရှားက ကြွေးကျော်ထားတဲ့ ကင်ဇယ် ဟိုက်ပါဆိုးနစ်ဒုံးကျည်ခြောက်စင်းကို လေကြောင်းရန် ကာကွယ်ရေးစနစ်က ကြားဖြတ်ပစ်ချခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောပါတယ်။ အဲဒီဒုံးကျည်တွေဟာ ရုရှားက မေ ၁၅ ရက်မှာ ယူကရိန်းနိုင်ငံ မြို့တော်ကိယက်ဗ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အမျိုးမျိုးသောဒုံးကျည်တွေထဲမှာ ကင်ဇယ် ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေလည်း ပါ၀င်ခဲ့တယ်လို့ ယူကရိန်းကပြောပါတယ်။ တနာရီကို မိုင်ပေါင်း ၇၀၀၀ ကျော်ထိ ခရီးရောက်ပစ်ခတ်နိုင်တဲ့ အဲဒီဟိုက်ပါဆိုးနစ်ဒုံးကျည်တွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်လေကြောင်းရန်ကာကွယ်ရေးစနစ်မှာ ဖျက်ဆီးလို့မရဘူးလို့ ရုရှားက အခိုင်အမာဆိုထားပါတယ်။ ရုရှားဘက်ကတော့ ကင်ဇယ်ဒုံးကျည်တွေ အသုံးပြုမှုကို ရပ်တန့်ထားပြီး ယူကရိန်းကို အမေရိကန်က ပံ့ပိုးပေထားတဲ့ ပက်ထရီးယော့ လေကြောင်းရန်ကာကွယ်ရေးစနစ်တခုကို ပစ်ချဖျက်စီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။ Ref:…

Read More
VOM News

FREE
VIEW