အရင် တနင်္သာရီတိုင်းအစိုးရအဖွဲ့မှာ ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးမြင့်စန်းကွယ်လွန်

မေ၊၁၇-၂၀၂၃
MM(VOM)

NLD အစိုးရလက်ထက်က တနင်္သာရီတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးမြင့်စန်းဟာ ဒီကနေ့ မေလ ၁၅ ရက်က ထိုင်းနိုင်ငံမှာ ကွယ်လွန်သွားတယ်လို့ သူနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

”ဆရာ ဦးမြင့်စန်းက ထိုင်းနိုင်ငံမှာ ဒီနေ့ နေ့လယ်ပိုင်းက ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတာပါ။သူကတိမ်းရှောင်နေတာ၊ နေမကောင်းဖြစ်နေတာ ကြာပြီ ၊ စိတ်ထဲမကောင်ဘူး၊ စိတ်ထောင်းတော့လည်း ကိုယ်ကြေတာပေါ့ဗျာ၊အခုကျတော့ အသက်ပါဆုံးရှုံးလိုက်ရပြီ၊ ပုံစံအမျိုးမျိုးနဲ့ ကြွေလွင့်နေသူတွေ မနည်းတော့ဘူး။”လို့ နီးစပ်သူ တစ်ဦးကပြောပါတယ်။

ဦးမြင့်စန်းဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီရဲ့ လောင်းလုံးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှာအနိုင်ရခဲ့ပြီး တနင်္သာရီတိုင်းအစိုးရအဖွဲ့မှာစိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက်(၆၈)နှစ်ကျော်ပြီလို့ သိရပါတယ်။

အဲ့ဒီ ကွယ်လွန်သွားပြီဖြစ်တဲ့ ဦးမြင့်စန်းရဲ့ လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေးရွာမှာရှိတဲ့ နေအိမ်ကို ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလမှာ သက်ဆိုင်ရာက လာရောက် ချိတ်ပိတ်ထားတယ်လို့လည်းဘသိရပါတယ်။

Photo Crd – Dr Htoo Nay Aung Facebook
#voiceofmyanmar #VOM #တနင်္သါရီတိုင်း #NLD #ဝန်ကြီးဦးမြင့်စန်း #ကွယ်လွန်

Related posts

✕
VOM News

FREE
VIEW