ကျယ်ဂေါင်က ကျောက်ဝိုင်းတွေမှာ ဆိုင်ခန်းခ အလကားနဲ့ငှားပေးနေ

မေ ၁၇၊ ၂၀၂၃
Shy V(VOM)

မြန်မာ – တရုတ် နယ်စပ်ရဲ့ အကြီးမားဆုံး ကျောက်စိမ်း ဈေးကွက်ရှိရာ မြို့ တစ်မြို့ ဖြစ်တဲ့ ကျယ်ဂေါင်မှာ ကိုဗစ်မတိုင်ခင်ကလို လူ ပြန်စည်ဖို့အတွက် ကျောက်ဝိုင်းတွေမှာ ကျောက်ရောင်းသူတွေအတွက် ဆိုင်ခန်းခ အလကားနဲ့ငှားပေးနေကြတယ်လို့ ကျောက်ကုန်သည်လုပ်ငန်းရှင်တွေက ပြောပါတယ်။

“တချို့က ၁ နှစ်၊ တချို့က ၂ နှစ် အလကား ရောင်းခွင့် ပေးထားတယ်လေ။ ဒါတောင် လူက အရင်ကလို မစည်သေးဘူး။ ဟိုမှာကြည့် အဲဒီအထိ ကျောက်ရောင်းတဲ့ သူတွေက ကျောက်ဝိုင်း တဝက်ပဲရှိသေးတယ်။” လို့ ကျောက်ဝိုင်း လုပ်ငန်းရှင် ၁ ဦး က ပြောပါတယ်။

ကျောက်စိမ်း နဲ့ ကျောက်စိမ်း ကုန်ချောပစ္စည်းတွေ လာရောင်းမယ့်သူတွေကို ဆိုင်ခန်းခ အခမဲ့ ပေးထားတဲ့အပြင် ခုံတွေ ဗန်းတွေကိုလည်း အခမဲ့ ဆင်ပေးထားတယ်လို့ သူက ပြောပါတယ်။

“အားလုံး စုစုပေါင်းက ကျယ်ဂေါင်မှာ ကျောက်ဝိုင်းက သုံးဝိုင်းရှိတယ်။ သုံးဝိုင်းလုံးက free ၁ နှစ်၊ ၂ နှစ် ပေးနေတယ်။ လို့ ကျောက်ကုန်သည် ၁ ဦး ကလည်း ပြောပါတယ်။

ကျောက်ကုန်သည်တွေအနေနဲ့တော့ အရောင်းအဝယ်တွေ ကိုဗစ်မတိုင်ခင်ကလောက် မစည်သေးပေမယ့် အရောင်းအဝယ်က စ ဖြစ်လာပြီလို့ သူက ပြောပါတယ်။

“ဟိုမှာ ဟိုဆိုင်က မနေ့က တရုတ်ငွေ ယွမ် ၂ သိန်းကျော် ရောင်းရတယ်”လို့ ဆိုင်တစ်ဆိုင်ကို ညွှန်ပြပြီး ပြောပြပါတယ်။

တရုတ် မြန်မာ နယ်စပ်ရဲ့ ကျောက်စိမ်း ဈေးကွက်မြို့ တမြို့ ဖြစ်တဲ့ ကျယ်ဂေါင်မြို့ဟာ ကိုဗစ်ကပ်ရောဂါကြောင့် နှစ်နှစ်ကျော် ဆ်ုင်တွေ ပိတ်ခဲ့ရတာဖြစ်ပြီး ပြီးခဲတဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်ကျော်ခန့်ကစ ကျောက်ဝိုင်းတွေလည်း ပြန်လည်ဖွင့်လှစ်ခဲ့ကြတာဖြစ်ပါတယ်။

Photo: VOM
#voiceofmyanmar #VOM #ကျယ်ဂေါင် #ကျောက်ဝိုင်း #ဆိုင်ခန်းခအလကားနဲ့ငှားပေး

Related posts

Leave a Comment

VOM News

FREE
VIEW