မန္တလေးမှာ ဒီကနေ့တရက်တည်း ဓာတ်လိုက်မှုနဲ့ အောက်ဆီဂျင်ပြတ်မှုကြောင့် လူ၂ဦး သေဆုံးခဲ့

မေ ၁၇ – ၂၀၂၃

GG(VOM)

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးပြီး အောင်မြေသာစံမြို့နယ်မှာလည်း အမျိုးသားတစ်ဦး အောက်ဆီဂျင်ပြတ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အောက်ဆီဂျင်ပြတ် သေဆုံးတဲ့အမျိုးသားဖြစ်စဥ်က ဒီနေ့မေလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ အောင်မြေသာဇံမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ကွန်ဂရစ်လောင်းထားတဲ့ ရေလှောင်ကန်အတွင်း ပျဥ်ပြားတွေဆင်းခွာချိန် အောက်ဆီဂျင်ပြတ်လို့ ဆင်းကယ်ရာကနေ လိုက်လံကယ်ဆယ်တဲ့အမျိုးသားက အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

” underground မှာရေကန်လုပ်ထားတာ။ရေကန်က ၆ ပေပတ်လည်လောက်ပဲရှိတယ်။အဲ့ဒါကို ကွန်ကရစ်လောင်းထားတဲ့ ပျဥ်တွေဆင်းခွာတော့ အထဲမှာဘိလပ်မြေအနံ့တွေနဲ့ရောပြီး အောက်ဆီဂျင်ပြတ်တဲ့သဘော၊ ပထမဆင်းတဲ့သူက အောက်ဆီဂျင်ပြတ်တော့ နောက်တစ်ယောက်ကဆင်းကယ်တာမှာ ကယ်တဲ့သူကသေသွားတာ၊အထဲမှာ ခေါင်းစိုက်ကြီး၊ အရင်အောက်ဆီဂျင်ပြတ်တဲ့သူက ရှင်တယ်။ကယ်တဲ့သူသေသွားတယ်။ “လို့ ကူညီကယ်ဆယ်ရေး လုပ်ခဲ့တဲ့ နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဦးသိန်းထွန်းအောင်ကပြောပါတယ်။

သေဆုံးသူ အမျိုးသားဟာ အသက် ၂၀ ကျော်လောက်သာရှိပြီး ချမ်းမြသာစည်မြို့နယ်၊တမ္ပဝတီရပ်ကွက်ကဖြစ်ကြောင်း ၊ လက်ရှိမှာ မိသားစုနဲ့အဆက်အသွယ်ရရှိကာ အလောင်းကိုလည်း မန္တလေးဆေးရုံကြီးကို ပို့ထားတယ်လို့သိရပါတယ်။

နောက်ထပ် ပြည်ကြီးတံခွန်မြို့နယ်က ဓာတ်လိုက်သေဆုံးမှုဖြစ်စဥ်ကလည်း ဒီနေ့ မေလ ၁၇ ရက်နေ့ မှာ အမျိုးသားတစ်ဦးဟာ လူနေထိုင်ခြင်းမရှိတဲ့ နေအိမ်ထဲကိုဝင်ရောက်ပြီး သံတိုသံစ ကောက်ရာကနေ ဓာတ်လိုက်သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဓာတ်လိုက်သေဆုံးတဲ့ အမျိုးသားကလည်း အသက်အရွယ်အားဖြင့် ၂၀ ကျော်လောက်သာရှိသေးကြောင်း ၊ နေအိမ်ပိုင်ရှင်ကလည်း အမှုမဖွင့်တာကြောင့် နေအိမ်ကိုပဲ အလောင်းပို့ဆောင်ခဲ့တယ် လို့သိရပါတယ်။

သေဆုံး အမျိုးသား ၂ ယောက်လုံးကိုတော့ သူတို့ရဲ့မိသားစုဝင်တွေက မနက်ဖန် မေလ ၁၈ ရက်နေ့မှာ သဂြိုလ်ဖို့စီစဥ်ထားတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW