လားရှိုးမြို့ပေါ်မှာ မနေ့က ၁ ရက်တည်း ပိုင်ရှင်မဲ့ အလောင်း ၃ လောင်းတွေ့

မေ ၊ ၂၄ -၂၀၂၃
SP ( VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ်က လူနေရပ်ကွက်တွေထဲမှာ ပိုင်ရှင်မဲ့ သေဆုံးနေတဲ့ လူသေရုပ်အလောင်း ၃ လောင်း တွေ့ရတဲ့အတွက် မနေ့ မေ ၂၃ ရက်က ဒေသခံ လူမှုကူညီရေး အဖွဲ့တွေက ကူညီသဂြိုလ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

” မနေ့ မနက်ပိုင်း အမှတ် ၄ ရပ်ကွက်၊ ပန်အုပ်ကျောင်းမှာ အသက် ၆၅ နှစ်အရွယ် အမျိုးသားရုပ်အလောင်း ၁ လောင်း တွေ့တယ် ၊ အဲ့ဒီနောက် အမှတ် ၁ ရပ်ကွက် ၊ မြို့ပတ်လမ်းနဲ့ ရေကန်လမ်းထောင့်မှာ နောက် ၁ လောင်း ထပ်တွေ့ပြန်တယ် ၊ ညနေ ၃ နာရီခွဲဝန်းကျင်မှာ အမှတ် ၆ ရပ်ကွက် ၊ စိန်ပန်းလမ်းထဲမှာ နောက်ထပ် ၁ လောင်းတွေ့ရပြန်တယ်၊ မနေ့က ၁ ရက်တည်း တွေ့ရတာ ၃ လောင်းဖြစ်တယ် ၊ အားလုံး ပိုင်ရှင်မဲ့ အမျိုးသား အလောင်းတွေ ဖြစ်တယ် “လို့ ဒေသခံ ပရဟိတသမား တစ်ယောက်က ပြောပါတယ်။

အဲ့ဒီလို ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေ တွေ့ရတာနဲ့ ပတ်သက်ပြီး လားရှိုးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” တွေ့ရတဲ့ အလောင်းတွေက ပိုင်ရှင်မဲ့ အလောင်းတွေဖြစ်တယ် ၊ သေမှုသေခင်းဖွင့်ပြီး စုံစမ်းစစ်ဆေးနေတယ် “လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလကစလို့ မေ ၂၃ အထိ လားရှိုးမြို့ပေါ်မှာ ပိုင်ရှင်မဲ့ အမျိုးသား ရုပ်အလောင်း ၁၀ လောင်းထက်မနည်း တွေ့ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဓာတ်ပုံ – ကမ္ဘောဇ လူမှုကူညီရေးအဖွဲ့
#VOM #voiceofmyanmar #လားရှိုး #ပိုင်ရှင်မဲ့အလောင်းတွေ့ရှိမှု

Related posts

Leave a Comment

VOM News

FREE
VIEW