စာရေးဆရာ ဝေဟင်အောင်နဲ့အဖွဲ့ ပြန်လည် လွတ်မြောက်လာ

မေ ၂၄ – ၂၀၂၃ SN (VOM) ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ စာရေးဆရာ ဝေဟင်အောင်အပါအဝင် ငါးဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဒီနေ့ မေ ၂၄ ရက်၊ မနက် ၇ နာရီဝန်းကျင်မှာ စာရေးဆရာ ဝေဟင်အောင်ရဲ့သမီးနဲ့ သူ့တပည့်တို့ အရင် လွတ်မြောက်လာတာဖြစ်ပြီး မနက် ၁၁ နာရီဝန်းကျင်မှာတော့ စာရေးဆရာ ဝေဟင်အောင်နဲ့ ရန်ကုန်က ပရဟိတသမားနှစ်ယောက် ပြန်လွတ်လာတာဖြစ်တယ်လို့ သိရပါတယ်။ “သူတို့ကိုဖမ်းတာက မုန်တိုင်းသင့် ပြည်သူတွေကို ကူညီနေလို့ ဖမ်းတာမျိုးမဟုတ်ဘူး။ ရန်ကုန်ကလာတဲ့ ပရဟိတကားမှာ သံသယဖြစ်စရာရှိတယ်ဆိုပြီး ဖမ်းတာ။ အခုတော့ အားလုံး ပြန်လွတ်လာပါပြီ” လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ သူတို့ဟာ မနေ့ မေ ၂၃ ရက်က ပုဏ္ဏားကျွန်းမြို့နယ်ကို ကူညီထောက်ပံ့ရေးပစ္စည်းတွေ ပေးအပ်ဖို့အတွက်အသွား စစ်တွေမြို့နယ်၊…

Read More

ညောင်လေးပင်မှာ လေပြင်းကြောင့် ဘုန်းကြီးကျောင်းအတွင်း ကုက္ကိုပင်လဲကျလို့(၁)ဦးသေဆုံး၊ (၃)ဦး ဒဏ်ရာရရှိခဲ့

မေ ၊ ၂၃-၂၀၂၃ MM(VOM) ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊မြို့မ (၁)ရပ်ကွက်၊ ညောင်လေးပင်-မဒေါက်ကားလမ်းဘေး ၊ကမ္မဌာန်းဘုန်းကြီးကျောင်းအတွင်းရှိကျောင်းဆောင်ပေါ်ကို မနေ့ မေလ ၂၃ ရက် ညနေပိုင်းက လေဆင်နှာမောင်းတိုက်ခတ်ပြီး ကုက္ကိုပင်လဲကျခဲ့ကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ”မနေ့က ဖြစ်တာ ၊ ရုတ်တရက် မိုးတွေတအားရွာပြီး လေတွေတိုက်တာ၊ သစ်ပင်က အမြစ်ကနေ ကျွတ်ပြီး လဲကျသွားတာ ၊ ညောင်လေးပင်မြို့ရဲ့ အရှေ့ဘက် (၅) ဖာလုံ ခန့်အကွာက မြို့မ(၁)ရပ်ကွက်၊ ကမ္မဠန်းကျောင်း တိုက်အတွင်း ဆရာလေးတွေ သီတင်းသုံးတဲ့ ကျောင်းအပေါ် လဲကျတာ၊လဲကျတဲ့ သစ်ပင်က လုံးပတ် ၆ ပေ၊ အမြင့်ပေ ၆၀ ရှိတဲ့ ကိုက္ကိုပင်ပင်ပါ၊ ကျောင်းမှာ သတင်းသုံးတဲ့ ဆရာလေး ၁ ပါးအပါ သုံးယောက်ဒဏ်ရာရ သွားခဲ့တယ်၊ မိန်းကလေး…

Read More

ကလေးမြို့ ကျောင်းအပ်နှံရေး လက်ခံတဲ့နေရာမှာ ပစ်ခတ်မှုဖြစ်ပွား

မေ ၂၄ -၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့ ၊ စမ်းမြို့ရပ်ကွက်မှာရှိတဲ့ အမှတ် (၈ ) အခြေခံပညာ အထက်တန်းကျောင်းမှာ ဒီကနေ့မနက်ပိုင်းက ကျောင်းအပ်နှံရေး လက်ခံနေချိန် သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ကျောင်းသူ/ကျောင်းသား မိဘတွေဆီက သိရပါတယ်။ ” ကျောင်းသား မိဘတွေနဲ့ ကျောင်းသား/ကျောင်းသူတွေ ကျောင်းအပ်လက်ခံနေတဲ့အချိန် ကျောင်းအပြင်ဘက် လမ်းပေါ်ကနေ သေနတ်နဲ့ ၆ ချက် ပစ်ခတ်သွားတာဖြစ်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုအပြီးမှာ ကျောင်းလာအပ်တဲ့သူတွေ တချို့တဝက် အိမ်ပြန်ကုန်ကြတယ် ” လို့ ကျောင်းအပ်လာသူ ကျောင်းသား မိဘတယောက်ကပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ကလေးခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” သဇင်လမ်းဘက်ကနေ ဆိုင်ကယ်စီးလာတဲ့ လူငယ် ၂ ယောက်…

Read More

မြင်းခြံမှာ နေအိမ် ၆၀ နီးပါးမီးရှို့ခံရပြီး အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးမှုဖြစ်ပွား

မေ၊၂၄-၂၀၂၃ MM(VOM) မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မကျည်းစုကျေးရွာမှာ ဒီနေ့ မေလ ၂၄ ရက် မနက်အစောပိုင်းက မီးရှို့ခံရပြီး လူနေအိမ် ၆၀ နီးပါး မီးလောင်ပျက်စီးခဲ့ကာ အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ ဒီနေ့ မေလ ၂၄ ရက် မနက် ၂ နာရီကျော်ကျော်က မီးရှို့ခံရတာဖြစ်ပြီး မီးလောင်မှုပြင်းထန်လို့ထွက်ပြေးတဲ့အခါ ကျန်နေခဲ့တဲ့ အသက် ၆၅ အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦး မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးသွားနာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ”သေဆုံးသွားတဲ့ အမျိုးသမီးကြီးက အသက် ၆၅ နှစ် အရွယ် ဒေါ်အေးကြိုင်တဲ့၊ မီးက အရှေ့ပိုင်းရွာဘက်မှာ အရင်ဆုံး မီးရှို့ခံရတာ၊ မီးရှို့ခံရတယ်လို့ ကြားတဲ့အချိန် အခြားဘက်က ဒေသခံတွေကအကုန် ထွက်ပြေးကုန်တာ၊မီးငြိမ်းသွားတော့ ရွာထဲအပျက်အစီးတွေသွားကြည့်တဲ့ အခါ သေဆုံးနေတာကိုတွေ့ရတာ၊ အိမ်တွေက တော်တော်များမယ်၊ လတ်တလော အခုလောက်ပဲ ဖြေလို့ရမယ်၊…

Read More

ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော်ရေး လုပ်သား ၁ ဦး မိုးကြိုးထိမှန် သေဆုံး

မေ ၊ ၂၄ ၊ ၂၀၂၃ SP (VOM) ကချင်ပြည်နယ် ၊ မိုးညှင်ခရိုင် ၊ ဖားကန့်မြို့နယ် ၊ လုံးခင်းကျေးရွာ အုပ်စု မှာရှိ ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီလုပ်ကွက်တခုမှာ ဒီကနေ့မနက် ၉ နာရီဝန်းကျင်က ကျောက်မျက်တူးဖော်ရေးလုပ်သား (ကင်းစောင့်တာဝန်ကျ)တစ်ဦး မိုးကြိုးထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မိုးကြိုးထိမှန် သေဆုံးသူက ကိုစိုင်းမောင်မြင့် အသက် ၄၀ ဝန်းကျင်အရွယ်ဖြစ်တယ် ၊ သူ့ဇာတိမြေက မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့နယ်က ဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ဧပြီ နဲ့ မေ ၂ လအတွင်းမှာ တနိုင်ငံအတိုင်းအတာ အနေနဲ့ မိုးကြိုးထိမှန် သေဆုံးသူ လူအယောက် ၃၀…

Read More

ဟစ်ဟော့ပ် တေးရေး၊ တေးဆို ဗျူဟာ ဖမ်းဆီးခံရ

မေ ၂၄ – ၂၀၂၃ SN (VOM) လျှပ်စစ်မီး ပြတ်တောက်နေတာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ခဲ့တဲ့ ဟစ်ဟော့ပ် တေးရေး၊ တေးဆို ဗျူဟာကို နေအိမ်မှာပဲ လာရောက် ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။ NLD နဲ့ လက်ရှိအစိုးရလက်ထက် နှိုင်းယှဉ်ကာ လျှပ်စစ်ဝန်ကြီးဌာနကို မနေ့ မေ ၂၃ ရက်က လူမှုကွန်ရက်ပေါ်မှာ ရုပ်သံဖိုင်တင်ပြီး ဝေဖန်ခဲ့တာကြောင့် မေ ၂၄ ရက် ဒီနေ့မှာ မြောက်ဒဂုံ၊ (၄၈) ရပ်ကွက်၊ ဗထူးအိမ်ရာရှိ သူ့ရဲ့နေအိမ်မှာပဲ လာရောက် ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။ “သူတင်လိုက်တဲ့ ဗွီဒီယိုကြောင့် အဖမ်းခံရတာလို့ သိရတယ်။ သူ့ရဲ့နေအိမ်မှာပဲ အင်အားအလုံးအရင်းနဲ့ လာဖမ်းသွားတာပါ။ ဆိုရှယ်မီဒီယာကတဆင့် လျှပ်စစ်ဝန်ကြီးနဲ့ ဝန်ထမ်းတွေကို ဆဲဆိုမှုကြောင့် အဖမ်းခံရတာလို့ ထင်တာပဲ”လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။…

Read More

ယူကရိန်းလေယာဉ်မှူးတွေကို အက်ဖ်-၁၆ တိုက်လေယာဉ်တွေနဲ့ စတင်လေ့ကျင့်ပေးနေ

ဘရပ်ဆဲလ်၊ မေ-၂၄-၂၀၂၃ မျိုးဆက်(VOM) ပိုလန်အပါအ၀င် မဟာမိတ်နိုင်ငံအများအပြားမှာ ယူကရိန်းတိုက်လေယာဉ်မှူးတွေဟာ အက်ဖ်-၁၆ တိုက်လေယာဉ်တွေနဲ့ လေ့ကျင့်မှုတွေ စတင်နေပြီဖြစ်ကြောင်း ဥရောသမဂ္ဂရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ဂျိုးဆက်ဘော်ရဲလ်က မေ ၂၄ရက်မှာ ပြောပါတယ်။ ယူကရိန်းလေယာဉ်မှူးတွေကို အက်ဖ်-၁၆ တိုက်လေယာဉ်တွေနဲ့ လေ့ကျင့်ပေးမှုတွေဟာ အချိန်ယူရမှာဖြစ်ပေမယ့် အချိန်မြန်လေကောင်းလေဖြစ်ပြီး မဟာမိတ်နိုင်ငံတွေကလည်း လေယာဉ်တွေ ထောက်ပံ့ပေးဖို့ တံခါးဖွင့်ထားကြောင်း သူကပြောပါတယ်။ အက်ဖ်-၁၆ တိုက်လေယာဉ်တွေကို အမေရိကန်က ထုတ်လုပ်ထားတာဖြစ်ပေမယ့် မဟာမိတ်နိုင်ငံတွေက ယူကရိန်းအတွက် အစင်းရေဘယ်လောက်ထောက်ပံ့မလဲဆိုတာနဲ့ ဘယ်အချိန်မှာ ပေးပို့မလဲဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။ အဲဒီလို တိုက်လေယာဉ်တွေ ထောက်ပံ့ပေးတာဟာ ပဋိပက္ခမှာ သိသာထင်ရှားတဲ့အန္တရာယ်ရှိနေကြောင်း ရုရှားဘက်က သတိပေးထားပြီး ဒါဟာ ယူကရိန်းစစ်ပွဲမှာ မဟာမိတ်တွေရဲ့ပါ၀င်ပတ်သက်မှု တိုးလာတာလို့ ဝေဖန်ထားပါတယ်။ ဒါပေမယ့် အခုလိုထောက်ပံ့မှုဟာ နေတိုးအဖွဲ့ကို ပဋိပက္ခထဲကို ၀င်ရောက်စေတာမဟုတ်ကြောင်းနဲ့ မိမိကိုယ်ကို ခုခံကာကွယ်မှုအခွင့်အရေးကို ကုလသမဂ္ဂပဋိညာဉ်စာတမ်းမှာ ဖော်ပြပါရှိတဲ့အတွက် ယူကရိန်းအတွက်…

Read More

လားရှိုးမြို့ပေါ်မှာ မနေ့က ၁ ရက်တည်း ပိုင်ရှင်မဲ့ အလောင်း ၃ လောင်းတွေ့

မေ ၊ ၂၄ -၂၀၂၃ SP ( VOM) ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ်က လူနေရပ်ကွက်တွေထဲမှာ ပိုင်ရှင်မဲ့ သေဆုံးနေတဲ့ လူသေရုပ်အလောင်း ၃ လောင်း တွေ့ရတဲ့အတွက် မနေ့ မေ ၂၃ ရက်က ဒေသခံ လူမှုကူညီရေး အဖွဲ့တွေက ကူညီသဂြိုလ်ပေးခဲ့ရတယ်လို့ သိရပါတယ်။ ” မနေ့ မနက်ပိုင်း အမှတ် ၄ ရပ်ကွက်၊ ပန်အုပ်ကျောင်းမှာ အသက် ၆၅ နှစ်အရွယ် အမျိုးသားရုပ်အလောင်း ၁ လောင်း တွေ့တယ် ၊ အဲ့ဒီနောက် အမှတ် ၁ ရပ်ကွက် ၊ မြို့ပတ်လမ်းနဲ့ ရေကန်လမ်းထောင့်မှာ နောက် ၁ လောင်း ထပ်တွေ့ပြန်တယ် ၊ ညနေ ၃ နာရီခွဲဝန်းကျင်မှာ အမှတ် ၆ ရပ်ကွက် ၊ စိန်ပန်းလမ်းထဲမှာ…

Read More

မုန်တိုင်းဒဏ်သင့် မြန်မာနိုင်ငံအတွက် ဒေါ်လာသန်း ၃၀၀ ကျော်ကူညီဖို့ ကုလသမဂ္ဂလုပ်ဆောင်နေ

ကုလသမဂ္ဂ၊ မေ-၂၄-၂၀၂၃ မျိုးဆက်(VOM) ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ထိခိုက်ပျက်စီးမှုတွေဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံအတွက် ဒေါ်လာ ၃၃၃ သန်းထောက်ပံ့နိုင်ရေး ကူညီဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ မုန်တိုင်းဒဏ်သင့် ပြည်သူ ၁ ဒသမ ၆ သန်းအတွက် အစားအစာနဲ့ ဆေးဝါးတွေဖြန့်ဝေပေးရေး အရေးပေါ်အကူအညီလိုအပ်မှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက မေ ၂၃ ရက်မှာ ထုတ်ပြန်တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ မေ ၁၄ ရက်က မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းကို၀င်ရောက်တိုက်ခတ်ခဲ့မှုကြောင့် ရခိုင်ပြည်နယ်အပါအ၀င် နေရာအများအပြားမှာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ဟာ ရခိုင်ပြည်နယ်မှာ စားနပ်ရိက္ခာဖြန့်ဝေရေးတွေကို စတင်လုပ်ဆောင်နေပြီး အရေးပေါ်အကူအညီတွေ ထပ်မံလိုအပ်နေပါသေးတယ်။ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂကတောင်းခံထားတဲ့ ရန်ပုံငွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ထည့်၀င်မလားဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Ref: NHK Photo: TRT #VOM #voiceofmyanmar #ကုလသမဂ္ဂ

Read More

ဖလမ်း – ဟားခါး ကားလမ်းမှာ မီးရှို့သတ်ခံထားရတဲ့ ရုပ်အလောင်း ၃ လောင်းတွေ့

မေ ၂၄ -၂၀၂၃ SP (VOM) ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်း – ဟားခါး ကားလမ်း ၊ ချွန်ကျုံးရွာနားမှာ မီးရှို့သတ်ခံထားရတဲ့ ရုပ်အလောင်း ၃ လောင်းကို ပြီးခဲ့တဲ့ မေ ၂၂ ရက်က တွေ့ခဲ့ရတယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” တွေ့ရတဲ့ ရုပ်အလောင်းက ၃ လောင်းဖြစ်တယ် ၊ ၂ လောင်းက အခု ပိုင်ရှင်ပေါ်တယ် ၊ ကျန်တဲ့ တစ်လောင်းက ပိုင်ရှင် မသိရသေးဘူး၊ ပိုင်ရှင်ပေါ်တဲ့ ၂ လောင်းက တီးတိန်မြို့ ၊ လွယ်ဘွာလ်းရပ်ကွက်မှာနေတဲ့ မကျင်းဟောက်ဝုန် အသက် ၃၂ နှစ်နဲ့ ဟာခါးမြို့မှာနေတဲ့ ဦးလျန်းဇထွန်း ၃၂ နှစ်တို့ဖြစ်တယ် ” လို့ ဖလမ်းမြို့ခံ ပရဟိတသမားတယောက်က ပြောပါတယ်။ ချင်းပြည်နယ်မြောက်ပိုင်း ၊ တီးတိန်မြို့…

Read More
VOM News

FREE
VIEW