မြင်းခြံမှာ နေအိမ် ၆၀ နီးပါးမီးရှို့ခံရပြီး အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးမှုဖြစ်ပွား

မေ၊၂၄-၂၀၂၃
MM(VOM)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မကျည်းစုကျေးရွာမှာ ဒီနေ့ မေလ ၂၄ ရက် မနက်အစောပိုင်းက မီးရှို့ခံရပြီး လူနေအိမ် ၆၀ နီးပါး မီးလောင်ပျက်စီးခဲ့ကာ အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒီနေ့ မေလ ၂၄ ရက် မနက် ၂ နာရီကျော်ကျော်က မီးရှို့ခံရတာဖြစ်ပြီး မီးလောင်မှုပြင်းထန်လို့ထွက်ပြေးတဲ့အခါ ကျန်နေခဲ့တဲ့ အသက် ၆၅ အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦး မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးသွားနာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

”သေဆုံးသွားတဲ့ အမျိုးသမီးကြီးက အသက် ၆၅ နှစ် အရွယ် ဒေါ်အေးကြိုင်တဲ့၊ မီးက အရှေ့ပိုင်းရွာဘက်မှာ အရင်ဆုံး မီးရှို့ခံရတာ၊ မီးရှို့ခံရတယ်လို့ ကြားတဲ့အချိန် အခြားဘက်က ဒေသခံတွေကအကုန် ထွက်ပြေးကုန်တာ၊မီးငြိမ်းသွားတော့ ရွာထဲအပျက်အစီးတွေသွားကြည့်တဲ့ အခါ သေဆုံးနေတာကိုတွေ့ရတာ၊ အိမ်တွေက တော်တော်များမယ်၊ လတ်တလော အခုလောက်ပဲ ဖြေလို့ရမယ်၊ လောင်တဲ့မီးက ရှို့မီးပါ။ ”လို့ တာဝန်ရှိသူတွေနဲ့ နီးစပ်သူ တယောက်ကပြောပါတယ်။

အဲ့ဒီ သေဆုံးသူအမျိုးသမီးကို ဒီနေ့ မနက်ပိုင်းမှာသက်ဆိုင်ရာ အဖွဲ့အစည်းတွေ ၊ ဒေသခံတွေက ပူးပေါင်းကာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက ဘာကြောင့် မီးရှို့တယ်ဆိုတာကိုတော့ VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဲ့ဒီ မြင်းခြံမြို့နယ်၊ မန်ကျည်းစုရွာမှာ စုစုပေါင်း နေအိမ် အလုံးရေ ၂၅၀ ခန့်ရှိပြီး လတ်တလော အခြေအနေတွေ ရှုပ်ထွေးနေတယ်လို့သိရသလို ဒေသခံတွေ ရွာလုံးကျွတ်ဘေး လွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

ဒါ့အပြင် အဲ့ဒီဒေသမှာ မီးရှို့ခံရတာကြောင့် လူသေဆုံးတာနဲ့ နေအိမ် အလုံး ၆၀ နီးပါး မီးရှို့ခံရတဲ့ဖြစ်စဉ်ဟာ ပထမဆုံး ဖြစ်ပွားတာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပုံစာ – မန်ကျည်းစုကျေးရွာရှိ မီးရှို့ခံထားရသော နေအိမ်များအား တွေ့ရစဉ်
#voiceofmyanmar #VOM #မြင်းခြံ

Related posts

Leave a Comment

VOM News

FREE
VIEW