တူရကီသမ္မတရွေးကောက်ပွဲ သမ္မတအာဒိုဂန်အနိုင်ရရှိကြောင်း ရွေးကောက်ပွဲကော်မရှင် ကြေညာ

အန်ကာရာ၊ မေ-၂၉-၂၀၂၃
မျိုးဆက်(VOM)

တူရကီသမ္မတ အာဒိုဂန်ဟာ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိသွားကြောင်း ရွေးကောက်ပွဲကော်မရှင်က မတ် ၂၈ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နောက်ထပ်ငါးနှစ်ကြာ နိုင်ငံကိုအုပ်ချုပ်ဖို့ တာ၀န်ပေးခဲ့တဲ့ တိုင်းသူပြည်သားတွေကို ကျေးဇူးတင်ကြောင်း အစ္စတန်ဘူလ်မှာ ပြုလုပ်တဲ့ရွေးကောက်ပွဲအောင်ပွဲခံအခမ်းအနားမှာ ထောက်ခံသူတွေကို သမ္မတအာဒိုဂန်က ပြောပါတယ်။

အာဒိုဂန်ဟာ ရွေးကောက်ပွဲမှာ ထောက်ခံမဲ့ ၅၂ ဒသမ ၁၆ ရာခိုင်နှုန်းရရှိခဲ့ပြီး အတိုက်အခံပြိုင်ဘက် ကန်မယ်လ်ကီလစ်ဒါရိုလူက ၄၇ ဒသမ ၈၄ ရာခိုင်နှုန်းရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။

အာဒိုဂန်ဟာ ၂၀၀၃ ခုနှစ်က တူရကီ၀န်ကြီးချုပ်ဖြစ်လာပြီးနောက် ၂၀၁၄ ခုနှစ်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီး သမ္မတအဖြစ် စတင်တာ၀န်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ တူရကီမှာစစ်တပ်က အာဏာသိမ်းရန်ကြိုးပမ်းမှု ဖြစ်ပွားခဲ့ပြီး မအောင်မြင်ခဲ့ပါဘူး။ အဲဒီနောက်မှာ သမ္မတအာဒိုဂန်ဟာ သဘောထားကွဲလွဲတဲ့ အတိုက်အခံတွေကို နှိမ်နှင်းဖို့နဲ့ သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို တိုးမြှင်ဖို့ အရေးပေါ်အာဏာတွေကို အသုံးပြုခဲ့ပါတယ်။

Ref: BBC
#VOM #voiceofmyanmar #အန်ကာရာ

Related posts

Leave a Comment

VOM News

FREE
VIEW