ရခိုင်က မုန်တိုင်းသင့် ဒေသတွေမှာ အရေပြား ကူးစက်ရောဂါနဲ့ ဝမ်းရောဂါတွေ ဖြစ်ပွားနေ

မေ၊၂၈-၂၀၂၃ MM(VOM) ရခိုင်ပြည်နယ်တွင်း မုန်တိုင်းဝင်ရောက်ခဲ့တဲ့ ဒေသတွေမှာ သောက်သုံးရေတွေ မသန့်တာကြောင့် အရေပြားကူးစက်ရောဂါနဲ့ ဝမ်းပျက် ဝမ်းလျှောရောဂါတွေဖြစ်ပွားနေတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေ ဆီကနေသိရပါတယ်။ ပြီးခဲ့တဲ့ မေ ၁၄ ရက်က ရခိုင်ပြည်နယ်ကို ဦးတည်ဝင် ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန် မုန်တိုင်းဒဏ်ခံစားခဲ့ရတဲ့ စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်နဲ့ ဗူးသီး တောင် ၊ မောင်းတော၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေထဲ ကသောက်သုံးရေကန် တွေထဲဆားငံရေတွေဝင်ရောက်ပြီး သောက်သုံး ရေမသန့်ဖြစ်ကာ အဲ့ဒီ ဒေသက ဒေသခံတွေ အရေပြား ရောဂါနဲ့ဝမ်းပျက်ဝမ်းလျောရောဂါတွေဖြစ်ပွားနေတာလို့ သိရပါတယ်။ “အခုအရေပြားရောဂါနဲ့ ဝမ်းပျက်တဲ့ ရောဂါတွေက ကလေးတွေနဲ့ သက်ကြီးပိုင်းတွေ အများဆုံးဖြစ်နေတာ၊ ရေကနေတဆင့်ဖြစ်တာသေချာတယ်၊ ရေတွေချိုးပြီး ယားလို့ ကုတ်လိုက်ရင်း အရည်ကြည်အဖုလေးတွေ တည်ပြီး အနာတွေ ဖြစ်ကုန်တာ ၊ သက်ဆိုင်ရာနဲ့ လူမှုကူညီရေးအဖွဲ့တွေနဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေက အကူအညီတွေပေးနေပါတယ်၊…

Read More

တူရကီသမ္မတရွေးကောက်ပွဲ သမ္မတအာဒိုဂန်အနိုင်ရရှိကြောင်း ရွေးကောက်ပွဲကော်မရှင် ကြေညာ

အန်ကာရာ၊ မေ-၂၉-၂၀၂၃ မျိုးဆက်(VOM) တူရကီသမ္မတ အာဒိုဂန်ဟာ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိသွားကြောင်း ရွေးကောက်ပွဲကော်မရှင်က မတ် ၂၈ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ နောက်ထပ်ငါးနှစ်ကြာ နိုင်ငံကိုအုပ်ချုပ်ဖို့ တာ၀န်ပေးခဲ့တဲ့ တိုင်းသူပြည်သားတွေကို ကျေးဇူးတင်ကြောင်း အစ္စတန်ဘူလ်မှာ ပြုလုပ်တဲ့ရွေးကောက်ပွဲအောင်ပွဲခံအခမ်းအနားမှာ ထောက်ခံသူတွေကို သမ္မတအာဒိုဂန်က ပြောပါတယ်။ အာဒိုဂန်ဟာ ရွေးကောက်ပွဲမှာ ထောက်ခံမဲ့ ၅၂ ဒသမ ၁၆ ရာခိုင်နှုန်းရရှိခဲ့ပြီး အတိုက်အခံပြိုင်ဘက် ကန်မယ်လ်ကီလစ်ဒါရိုလူက ၄၇ ဒသမ ၈၄ ရာခိုင်နှုန်းရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။ အာဒိုဂန်ဟာ ၂၀၀၃ ခုနှစ်က တူရကီ၀န်ကြီးချုပ်ဖြစ်လာပြီးနောက် ၂၀၁၄ ခုနှစ်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီး သမ္မတအဖြစ် စတင်တာ၀န်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ တူရကီမှာစစ်တပ်က အာဏာသိမ်းရန်ကြိုးပမ်းမှု ဖြစ်ပွားခဲ့ပြီး မအောင်မြင်ခဲ့ပါဘူး။ အဲဒီနောက်မှာ သမ္မတအာဒိုဂန်ဟာ သဘောထားကွဲလွဲတဲ့ အတိုက်အခံတွေကို နှိမ်နှင်းဖို့နဲ့ သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို တိုးမြှင်ဖို့…

Read More

မြင်းမူမြို့ပေါ်မှာ ဆိုင်ကယ်စီးလာရင်း ပေါက်ကွဲလို့ ၂ ဦး သေဆုံး

မေ ၊ ၂၉ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့ ၊ ၁၉ လမ်းထိပ်နားမှာ ဒီကနေ့ နေ့လယ် ၂ နာရီ ဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားပြီး ဆိုင်ကယ်စီးလာတဲ့ လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ဆိုင်ကယ် ၁ စီးကို ၂ ယောက်ပိုးစီးလာရင်း ပေါက်ကွဲသွားတာဖြစ်တယ် ၊ အမျိုးသား ၂ ယောက်စလုံး နေရာမှာတင် သေဆုံးသွားတယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ မြင်းမူမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ဆိုင်ကယ်ပေါ်ကနေ ပေါက်ကွဲမှုဖြစ်တာပါ ၊…

Read More

ဂျာမနီအစိုးရ သံတမန်တွေနဲ့ ၀န်ထမ်းရာပေါင်းများစွာ ရုရှာကနေ ထွက်ခွာရတော့မယ်

မော်စကို၊ မေ-၂၉-၂၀၂၃ မျိုးဆက်(VOM) ရုရှားရဲ့ ကန့်သတ်မှုတွေကြောင့် ဂျာမနီအစိုးရ သံတမန်တွေအပါအ၀င် အဖွဲ့အစည်းတွေက ရာနဲ့ချီတဲ့၀န်ထမ်းတွေဟာ ရုရှားကနေ ထွက်ခွာရတော့မှာဖြစ်ပါတယ်။ ဒီထဲမှာ အစိုးရ၀န်ထမ်းတွေ၊ သံတမန်တွေ၊ ယဉ်ကျေးမှုဖလှယ်ရေးအဖွဲ့က တာ၀န်ရှိသူတွေအပါအ၀င် ဂျာမနီနိုင်ငံသားတွေလည်းပါ၀င်တယ်လို့ ဂျာမနီတာ၀န်ရှိသူတွေကပြောပါတယ်။ ရုရှားကနေ ထွက်ခွာရမယ့် ဂျာမနီအစိုးရ၀န်ထမ်းအရေအတွက်ကိုတော့ ဂျာမနီနိုင်ငံခြားရေး၀န်ကြီးဌာနက အသေးစိတ်ထုတ်ပြန်ခြင်းမရှိပါဘူး။ ရုရှားရဲ့အခုဆုံးဖြတ်ချက်ဟာ တရားမျှတမှုမရှိသလို နားမလည်နိုင်ဘူးလို့ ဂျာမနီက ရှုတ်ချထားပါတယ်။ ရုရှားဟာ နိုင်ငံတွင်းမှာရှိနေတဲ့ ဂျာမန်မစ်ရှင်တွေနဲ့ကြားခံအဖွဲ့အစည်းတွေက ၀န်ထမ်းအရေအတွက်ကို ဇွန်လကစပြီး ကန့်သတ်မှုတွေပြုလုပ်တော့မှာဖြစ်ပါတယ်။ ဂျာမနီဟာလည်း နိုင်ငံတွင်းမှာ ထောက်လှမ်းရေးတွေလုပ်နေတာကို လျှော့ချလိုတဲ့ရည်ရွယ်ချက်နဲ့ ရုရှားသံတမန်တွေကို ဧပြီလအတွင်းမှာ နှင်ထုတ်ခဲ့ပါတယ်။ အခုလိုအပြန်အလှန်ကန့်သတ်မှုတွေဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုဆိုးရွားလာစေနိုင်ကြောင်း စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ထားပါတယ်။ Ref: NHK #VOM #voiceofmyanmar #မော်စကို

Read More

ဂြိုဟ်တုလွှတ်တင်မှုပြုမယ်လို့ မြောက်ကိုရီးယား အသိပေး၊ ပဲ့ထိန်းဒုံးကျည်တွေ ၀င်ရောက်လာပါက ပစ်ချဖို့ ဂျပန်စစ်တပ် အမိန့်ထုတ်

တိုကျို၊ မေ-၂၉-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ မေ ၃၁ ရက်ကနေ ဇွန် ၁၁ ရက်အတွင်း ဂြိုဟ်တုလွှတ်မယ့် အစီအစဉ်ကို အသိပေးခဲ့ကြောင်း ဂျပန်အစိုးရသတင်းရင်းမြစ်တွေက ပြောပါတယ်။ မြောက်ကိုရီးယာဟာ ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းကြောင်းအတွင်း လွှတ်တင်ဖို့်အကြောင်းပြပြီး ပဲ့ထိန်းဒုံးကျည် ပစ်ခတ်ဖို့ စီစဉ်နေကြောင်း ဂျပန်အစိုးရက သံသယရှိနေပါတယ်။ တကယ်လို့ ဂျပန်ပိုင်နက်နယ်မြေအတွင်း ဒုံးကျည်တွေ၀င်ရောက်လာမယ်ဆိုရင် ပစ်ချဖို့ ဂျပန်ကာကွယ်ရေး၀န်ကြီး ဟာမာဒါယာဆူကာဇူက အမိန့်ပေးထားပါတယ်။ ဒီလို ပစ်လွှတ်မှုနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံဟာ အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့ မြောက်ကိုရီးယားကို တိုက်တွန်းထားပါတယ်။ မြောက်ကိုရီးယားဟာ စစ်ဘက်ထောက်လှမ်းရေးဂြိုဟ်တုကို တည်ဆောက်ပြီးစီးကြောင်း လွန်ခဲ့တဲ့လက ကြေညာခဲ့ပါတယ်။ ။ဂြိုဟ်တုကို စီစဉ်ထားတဲ့နေ့မှာလွှတ်တင်နိုင်ရေးအတွက် နောက်ဆုံးပြင်မှုတွေကို လုပ်ဆောင်နေကြောင်း ထုတ်ပြန်ထားပါတယ်။ Ref: NHK #VOM #voiceofmyanmar #တိုကျို

Read More

ဂန့်ဂေါခရိုင်ထဲမှာ ကောက်ပဲသီးနှံတွေ မရောင်းရတာကြောင့် တောင်သူတွေ အခက်တွေ့နေ

မေ ၊ ၂၉ ၊ ၂၀၂၃ SP( VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင်ထဲက ထွက်ရှိလာတဲ့ မိုးကြိုသီးနှံတွေကို သယ်ယူပို့ဆောင်တာနဲ့ ရောင်းချတာတွေ မပြုလုပ်ရဘူးလို့ တားမြစ်ထားတာကြောင့် ဂန့်ဂေါခရိုင်ထဲက တောင်သူတွေ အခက်တွေ့နေရတယ်လို့ သိရပါတယ်။ ဂန့်ဂေါ – ကလေး ကားလမ်းပိုင်းဟာ ၁၀ လကျော်ကြာ ပိတ်ထားခံရတဲ့အတွက် ရာသီပေါ်သီနှံတွေနဲ့ ကုန်စည်တွေသယ်ယူပို့ဆောင်တဲ့အခါ အခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ဒီနှစ်ပေါ်တဲ့ နွေသီးနှံနဲ့ မိုးကြိုသီးနှံတွေ ရိတ်သိမ်းပြီးပေမယ့် ကားလမ်းတွေပိတ်ထားတာကြောင့် စျေးကွက်ထဲကို အချိန်မီ ပို့ဆောင်နိုင်တာမရှိဘူး ၊ အဲ့ဒီ ရာသီပေါ်သီးနှံတွေကို ရွာမှာ လှောင်ထားရင်လည်း မီးဘေးအန္တရာယ်ကြောက်ရတယ် ၊ ကားတွေ အသွားအလာမရှိလို့ ဆိုင်ကယ်နဲ့ တနိုင်တပိုင် သယ်ယူရောင်းချရတယ် ၊ လက်လီရောင်းရတဲ့အခါ ၊ အလျော့တွက် နဲ့ လေလွင့်မှုများသလို…

Read More

သတိပြုရမယ့် မိုးကြိုးအန္တရာယ်

SN (VOM) ရာသီဥတုကပေးတဲ့ သဘာဝအန္တရာယ်တွေထဲမှာ မိုးနဲ့အတူ အမြဲယှဉ်တွဲ ပါလာတာကတော့ မိုးကြိုးအန္တရာယ်ပါ။ တကယ်တော့ မိုးကြိုးအန္တရာယ်ဟာ တရားလွန် ကြောက်လန့်နေဖို့ မလိုပေမယ့် ဆင်ခြင်စရာ၊ ကာကွယ်စရာရှိတာတွေကို မလိုက်နာနိုင်ရင်တော့ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်သလို အသက်အန္တရာယ်က လွတ်ခဲ့ရင်တောင် ကိုယ်တွင်းအင်္ဂါစနစ်တွေမှာ နောက်ဆက်တွဲ ထိခိုက်မှု ကြီးကြီးမားမား ဖြစ်ကျန်စေနိုင်တယ်လို့ သိရပါတယ်။ မိုးကြိုးပစ်ခတ်မှုဟာ တစ်ကမ္ဘာလုံး အတိုင်းအတာအရ တစ်စက္ကန့်ကို မိုးကြိုးအကြိမ်တစ်ရာနီးပါး ရှိတယ်လို့ သိရပါတယ်။ မိုးကြိုးဆိုတာ မိုးတိမ်တောင်တွေက ပါလာတဲ့ ရေမှုန်ရေမွှားတွေ ကမ္ဘာ့လေထုအတွင်း ပွတ်တိုက်ခြင်းကြောင့် လျှပ်စီးကြောင်းတွေ ဖြစ်လာပြီး အဲ့ဒီ့ လျှပ်စီးကြောင်း လျှပ်ကူးတဲ့အခါ “မိုးကြိုးပစ်ခြင်း”ကို ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။ တိမ်တိုက်အချင်းချင်း လျှပ်စီးကူးခြင်းဖြစ်သလို တိမ်တိုက်၊ မြေပြင်က အရာဝတ္ထုတွေနဲ့ ကမ္ဘာမြေကြီးအကြား လျှပ်စီးကူးတတ်တဲ့အတွက် မိုးကြိုးပစ်ခြင်း ဖြစ်ပေါ်လာရတယ်လို့ သိရပါတယ်။ လျှပ်စီးကြောင်းကြီးတွေ ဖြစ်ပေါ်လာပြီး မိုးကြိုးပစ်တဲ့…

Read More
VOM News

FREE
VIEW