မြင်းမူမြို့ပေါ်မှာ ဆိုင်ကယ်စီးလာရင်း ပေါက်ကွဲလို့ ၂ ဦး သေဆုံး

မေ ၊ ၂၉ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့ ၊ ၁၉ လမ်းထိပ်နားမှာ ဒီကနေ့ နေ့လယ် ၂ နာရီ ဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားပြီး ဆိုင်ကယ်စီးလာတဲ့ လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ဆိုင်ကယ် ၁ စီးကို ၂ ယောက်ပိုးစီးလာရင်း ပေါက်ကွဲသွားတာဖြစ်တယ် ၊ အမျိုးသား ၂ ယောက်စလုံး နေရာမှာတင် သေဆုံးသွားတယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ မြင်းမူမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ဆိုင်ကယ်ပေါ်ကနေ ပေါက်ကွဲမှုဖြစ်တာပါ ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် အမျိုးသား (စီစစ်ဆဲ) ၂ ဦး သေဆုံးတယ် ” လို့ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့မနက်ပိုင်းလည်း မုံရွာမြို့နယ် ၊ မြေနဲကျေးရွာနားက မုံရွာ – မန္တလေး ကားလမ်းဘေးမှာ လက်လုပ်မိုင်း အလုံး ၃၀ ကျော်နဲ့ ဆက်စပ်ပစ္စည်းတွေကို လမ်းလုံခြုံရေးအဖွဲ့က လင်းရှင်းဖယ်ရှားခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်ကျော် ကာလအတွင်း မုံရွာ – မန္တလေးကားလမ်းမှာ မိုင်းပေါက်ကွဲတဲ့ ဖြစ်စဥ်တွေကြောင့် လူ ၄၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – မြတ်သုခ လူမှုကူညီအဖွဲ့ (မြင်းမူ)
#VOM #voiceofmyanmar #မြင်းမူ #ဆိုင်ကယ်ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW