ဂျာမနီအစိုးရ သံတမန်တွေနဲ့ ၀န်ထမ်းရာပေါင်းများစွာ ရုရှာကနေ ထွက်ခွာရတော့မယ်

မော်စကို၊ မေ-၂၉-၂၀၂၃
မျိုးဆက်(VOM)

ရုရှားရဲ့ ကန့်သတ်မှုတွေကြောင့် ဂျာမနီအစိုးရ သံတမန်တွေအပါအ၀င် အဖွဲ့အစည်းတွေက ရာနဲ့ချီတဲ့၀န်ထမ်းတွေဟာ ရုရှားကနေ ထွက်ခွာရတော့မှာဖြစ်ပါတယ်။

ဒီထဲမှာ အစိုးရ၀န်ထမ်းတွေ၊ သံတမန်တွေ၊ ယဉ်ကျေးမှုဖလှယ်ရေးအဖွဲ့က တာ၀န်ရှိသူတွေအပါအ၀င် ဂျာမနီနိုင်ငံသားတွေလည်းပါ၀င်တယ်လို့ ဂျာမနီတာ၀န်ရှိသူတွေကပြောပါတယ်။

ရုရှားကနေ ထွက်ခွာရမယ့် ဂျာမနီအစိုးရ၀န်ထမ်းအရေအတွက်ကိုတော့ ဂျာမနီနိုင်ငံခြားရေး၀န်ကြီးဌာနက အသေးစိတ်ထုတ်ပြန်ခြင်းမရှိပါဘူး။ ရုရှားရဲ့အခုဆုံးဖြတ်ချက်ဟာ တရားမျှတမှုမရှိသလို နားမလည်နိုင်ဘူးလို့ ဂျာမနီက ရှုတ်ချထားပါတယ်။

ရုရှားဟာ နိုင်ငံတွင်းမှာရှိနေတဲ့ ဂျာမန်မစ်ရှင်တွေနဲ့ကြားခံအဖွဲ့အစည်းတွေက ၀န်ထမ်းအရေအတွက်ကို ဇွန်လကစပြီး ကန့်သတ်မှုတွေပြုလုပ်တော့မှာဖြစ်ပါတယ်။

ဂျာမနီဟာလည်း နိုင်ငံတွင်းမှာ ထောက်လှမ်းရေးတွေလုပ်နေတာကို လျှော့ချလိုတဲ့ရည်ရွယ်ချက်နဲ့ ရုရှားသံတမန်တွေကို ဧပြီလအတွင်းမှာ နှင်ထုတ်ခဲ့ပါတယ်။

အခုလိုအပြန်အလှန်ကန့်သတ်မှုတွေဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုဆိုးရွားလာစေနိုင်ကြောင်း စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ထားပါတယ်။

Ref: NHK
#VOM #voiceofmyanmar #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW