ဂြိုဟ်တုလွှတ်တင်မှုပြုမယ်လို့ မြောက်ကိုရီးယား အသိပေး၊ ပဲ့ထိန်းဒုံးကျည်တွေ ၀င်ရောက်လာပါက ပစ်ချဖို့ ဂျပန်စစ်တပ် အမိန့်ထုတ်

တိုကျို၊ မေ-၂၉-၂၀၂၃
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ မေ ၃၁ ရက်ကနေ ဇွန် ၁၁ ရက်အတွင်း ဂြိုဟ်တုလွှတ်မယ့် အစီအစဉ်ကို အသိပေးခဲ့ကြောင်း ဂျပန်အစိုးရသတင်းရင်းမြစ်တွေက ပြောပါတယ်။

မြောက်ကိုရီးယာဟာ ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းကြောင်းအတွင်း လွှတ်တင်ဖို့်အကြောင်းပြပြီး ပဲ့ထိန်းဒုံးကျည် ပစ်ခတ်ဖို့ စီစဉ်နေကြောင်း ဂျပန်အစိုးရက သံသယရှိနေပါတယ်။

တကယ်လို့ ဂျပန်ပိုင်နက်နယ်မြေအတွင်း ဒုံးကျည်တွေ၀င်ရောက်လာမယ်ဆိုရင် ပစ်ချဖို့ ဂျပန်ကာကွယ်ရေး၀န်ကြီး ဟာမာဒါယာဆူကာဇူက အမိန့်ပေးထားပါတယ်။

ဒီလို ပစ်လွှတ်မှုနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံဟာ အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့ မြောက်ကိုရီးယားကို တိုက်တွန်းထားပါတယ်။

မြောက်ကိုရီးယားဟာ စစ်ဘက်ထောက်လှမ်းရေးဂြိုဟ်တုကို တည်ဆောက်ပြီးစီးကြောင်း လွန်ခဲ့တဲ့လက ကြေညာခဲ့ပါတယ်။ ။ဂြိုဟ်တုကို စီစဉ်ထားတဲ့နေ့မှာလွှတ်တင်နိုင်ရေးအတွက် နောက်ဆုံးပြင်မှုတွေကို လုပ်ဆောင်နေကြောင်း ထုတ်ပြန်ထားပါတယ်။

Ref: NHK
#VOM #voiceofmyanmar #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW