ဒေလီ၊ ဇွန်-၁၅-၂၀၂၃
မျိုးဆက်(VOM)
အိန္ဒိယနဲ့ ပါကစ္စတန်တို့မှာ ကုန်းတွင်းပိုင်းကို ဆိုင်ကလုန်း မုန်တိုင်းမ၀င်ရောက်မီ ပြင်းထန်တေဲ့ ဆိုင်းကလုန်းမုန်တိုင်း လမ်းကြောင်းပေါ်က ပြည်သူတသိန်းငါးသောင်းကျော်ကို ဇွန် ၁၅ ရက်မှာ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားရပါတယ်။
ဘိုင်ပါဂွိုင်းလို့ အမည်ပေးထားတဲ့ အဲဒီဆိုင်ကလုန်းမုန်တိုင်းဟာ နေအိမ်တွေနဲ့ ကောက်ပဲသီးနှံတွေကို ပျက်စီးစေနိုင်ကြောင်း မိုးလေ၀သကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
မုန်တိုင်းဟာလက်ရှိမှာ အာရေဗျပင်လယ်ကို ဖြတ်ကျော်နေပြီး ဇွန် ၁၅ရက် ညပိုင်းမှာ အိန္ဒိယနိုင်ငံ ဂူဂျာရက်ပြည်နယ်ကို ပထမဆုံး၀င်ရောက်တိုက်ခတ်နိုင်ဖွယ်ရှိပါတယ်။
အိန္ဒိယနိုင်ငံမှာ မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းမှုတွေဖြစ်ပေါ်ခဲ့ပြီး နံရံပြိုကျမှုကြောင့် ကလေးငယ်နှစ်ဦးနဲ့ သစ်ပင်ပိမိသဖြင့် အမျိုးသမီးတဦး သေဆုံးသွားကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။
ပါကစ္စတန်နိုင်ငံမှာလည်း ဆစ်ဒ်ပြည်နယ်ကမ်းရိုးတန်းကို မုန်တိုင်းတိုက်ခတ်နိုင်ခြေရှိနေပြီး နိုင်ငံအရှေ့တောင်ဘက် ကမ်းရိုးတန်းမှာနေတဲ့ လူရှစ်သောင်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားကာ ကယ်ဆယ်ရေးစခန်း ၇၅ ခုဖွင့်လှစ်ထားရကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။
Ref: BBC
#VOM #voiceofmyanmar #ဒေလီ