၀ါရှင်တန်၊ ဇွန်-၂၀-၂၀၂၃
မျိုးဆက်(VOM)
တိုက်တန်းနစ်သင်္ဘောရဲ့အပျက်အစီးတွေကို သွားရောက်ကြည့်ရှုကြရင်း ပျောက်ဆုံးနေသွားရေငုပ်သင်္ဘောငယ်ကို အမေရိကန်နဲ့ ကနေဒါကယ်ဆယ်ရေးသမားတွေက အပူတပြင်းရှာဖွေမှုတွေ ပြုလုပ်နေကြပါတယ်။
အဲဒီရေငုပ်သင်္ဘောဟာ ဇွန် ၁၈ ရက်က ရေအောက်သို့ခုတ်မောင်းပြီး ၄၅ မိနစ်အကြာမှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်းဖြစ်ပြီး သင်္ဘောပေါ်မှာ လူငါးဦးလိုက်သွားကြောင်း သိရပါတယ်။
အတ္တလန္တိတ်အလယ်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ညလုံးပေါက် ဆက်လက်လုပ်ဆောင်ခဲ့ကြပေမယ့်လည်း ပျောက်ဆုံးသွားတဲ့ ရေငုပ်သင်္ဘောရဲ့ အရိပ်အယောင်မတွေ့ရပါဘူး။
အစိုးရအေဂျင်စီတွေ နှစ်နိုင်ငံရေတပ်တွေနဲ့ ပုဂ္ဂလိကရေနက်ရှာဖွေရေးကုမ္ပဏီတွေက ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးလျှက်ရှိပါတယ်။
ရေငုပ်သင်္ဘောပေါ်မှာ လိုက်ပါသွားသူတွေအတွက် ဇွန် ၁၉ ရက်မွန်းလွဲကစပြီး အောက်ဆီဂျင်လေးရက်စာ ကျန်ရှိတော့တယ်လို့ ယူဆရပြီးသင်္ဘောပေါ်မှာ ဗြိတိန်ဘီလျှံနာစီးပွားရေးလုပ်ငန်းရှင်နဲ့ စူးစမ်းရှာဖွေသူ ဟာမစ်ရ်ှဟာ့ဒင်းလည်းပါ၀င်ကြောင်းသိရပါတယ်။
တိုက်တန်းနစ်သင်္ဘောရဲ့အပျက်အစီးတွေဟာ နယူးဖောင်လန်၊ စိန့်ဂျွန်မြို့တောင်ဘက် ၄၃၅ မိုင်အကွာမှာတည်ရှိပေမယ့် ပျောက်ဆုံးရေငုပ်သင်္ဘောရှာဖွေရေးကို မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်ကစပြီး လမ်းကြောင်းအတိုင်းရှာဖွေမှုတွေပြုလုပ်လျှက်ရှိပါတယ်။
ရေငုပ်သင်္ဘောကို အတွင်းအပြင်ကို သော့တံတွေနဲ့အလုံပိတ်ထားတာကြောင့် လိုက်ပါသွားသူတွေဟာ သူတို့ကိုယ်တိုင်လွတ်မြောက်ဖို့ မဖြစ်နိုင်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။
Ref: BBC
Photo:Reuters
#VOM #voiceofmyanmar #ဝါရှင်တန်