မြောက်ကိုရီးယားမှာ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်

ပြုံးယမ်း၊ ဇွန်-၂၆-၂၀၂၃
မျိုးဆက်(VOM)

မြောက်ကိုရီးယားမှာ အမေရိကန်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုကို ကိုရီးယားစစ်ပွဲ ၇၃ နှစ်မြောက်အထိမ်းအမှတ်နေ့မှာ ပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။

မြို့တော်ပြုံးယမ်း၌ပြုလုပ်တဲ့ အဲဒီဆန္ဒပြပွဲမှာ အလုပ်သမားနဲ့ကျောင်းသား တသိန်းနှစ်သောင်းကျော်ပါ၀င်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။

“အမေရိကန်ပြည်မကြီးတခုလုံးဟာ မိမိတို့ရဲ့ ပစ်ကွင်းအောက်မှာရှိနေသည်” “ နယ်ချဲ့သမား အမေရိကန်ဟာ ငြိမ်းချမ်းရေးကို ဖျက်ဆီးသူစတဲ့ စာတမ်းတွေကိုင်ဆောင်ထားသူတွေဟာ အားကစားကွင်းတခုမှာ စုရုံးနေတဲ့ ဓါတ်ပုံတွေကို နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားမှာ အမေရိကန်နယ်ချဲ့တွေကို အပြစ်ပေးဖို့ အပြင်းထန်ဆုံးလက်နက်တွေရှိနေပြီး ရန်သူကို လက်စားချေဖို့ မြောက်ကိုရီးယားစစ်သားတွေက မခံချင်စိတ်တွေ တောက်လောက်နေပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်တင်ပြထားပါတယ်။

မြောက်ကိုရီးယားဟာ သူ့ရဲ့ စွမ်းအားမြင့် တိုက်ချင်းပစ်ဒုံးကျည်အပါအ၀င် ဒုံးကျည်အမျိုးမျိုးကို စမ်းသပ်ပစ်ခတ်မှုများ မကြာသေးမီက ပြုလုပ်ခဲ့ပြီး အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ တင်းမာမှုတွေ မြင့်တက်နေပါတယ်။

Ref: Reuters
Photo:Reuters
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW