လစ်သီယမ်-အိုင်းယွန်းဘက်ထရီ တီထွင်ခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံး နိုဘယ်ဆုရှင် ကွယ်လွန်

၀ါရှင်တန်၊ ဇွန်-၂၇-၂၀၂၃
မျိူးဆက်(VOM)

ကမ္ဘာ့အသက်အကြီးဆုံး နိုဘယ်ဆုရှင် လစ်သီယမ်-အိုင်းယွန်း ဘက်ထရီတီထွင်မှုမှာ အရေးပါသည့်အခန်းကဏ္ဍမှ ဦးဆောင်ပါ၀င်ခဲ့တဲ့ ဂျွန်ဂွတ်အန်းနော့ အသက် ၁၀၀ နှစ်ဟာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။

ဂျွန်ဂွတ်အန်းနော့ဟာ ဇွန် ၂၅ ရက်မှာ ကွယ်လွန်သွားတာဖြစ်ကြောင်း သူပါမောက္ခအဖြစ် လုပ်ကိုင်နေတဲ့ အော်စတင်ရှိ တက္ကဆက်တက္ကသိုလ်က ဇွန် ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒေါက်တာဂွတ်အန်းနော့ဟာ လစ်သီယမ်-အိုင်းယွန်း ဘက်ထရီ တီထွင်မှုအပါအ၀င် ဘက်ထရီနဲ့ပတ်သက်တဲ့ တီထွင်မှုတွေအတွက် အသက် ၉၇ နှစ်အရွယ် ၂၀၁၉ ခုနှစ်မှာ ဓါတုဗေဒ နိုဘယ်ဆု ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

ဂျွန်ဟာ ထူးချွန်ထက်မြက်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့တီထွင်ဖန်တီးမှုစွမ်းရည်တွေက တိုင်းတာလို့ မရကြောင်း တက္ကဆက်တက္ကသိုလ်အကြီးအကဲ ဂျေးဟာ့ဇယ်လ်က ပြောပါတယ်။

လစ်သီယမ်-အိုင်းယွန်းဘက်ထရီတွေဟာ ကမ္ဘာတ၀န်းရှိ လျှပ်စစ်ကားတွေအတွက် စွမ်းအင်ဆိုင်ရာ အဓိကအခန်းကဏ္ဍမှာ တွင်ကျယ်စွာအသုံးပြုလျှက်ရှိပါတယ်။

ဒေါက်တာ ဂွတ်အန်းနော့ကို ၁၉၂၂ ခုနှစ်မှာ အမေရိကန်မိဘနှစ်ပါးကနေ ဂျာမနီမှာ မွေးဖွားပြီး အမေရိကန်အရှေ့မြောက်ပိုင်းမှာ ကြီးပြင်းခဲ့ကာ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်စစ်တပ်မှာ မိုးလေ၀သပညာရှင်အဖြစ်အမှုထမ်းခဲ့ပြီး သင်္ချာဘွဲ့နှဲ့ ရူပဗေဒဆိုင်ရာ ဒေါက်တာဘွဲ့တို့ကို ရရှိခဲ့ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW