ဖွံ့ဖြိုးဆဲ အာဆီယံနိုင်ငံတွေအတွက် မိုးလေ၀သကြိုတင်သတိပေးစနစ်တွေ ကူညီဖို့ ဂျပန်စီစဉ်နေ

တိုကျို၊ ဇွန်-၂၈-၂၀၂၃
မျိုးဆက်(VOM)

ရာသီဥတုဖောက်ပြန်မှုကို ခံနိုင်ရည်မရှိတဲ့ အရှေ့တောင်အာရှရှိ ဖွံဖြိုးဆဲနိုင်ငံတွေအတွက် မိုးလေ၀သကြိုတင်သတိပေးစနစ်တွေ ကူညီပေးဖို့ စီစဉ်နေကြောင်း ဂျပန်သဘာ၀ပတ်၀န်းကျင် ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အကုန်မှာ အာဆီယံနိုင်ငံတွေရဲ့ ရာသီဥတုဆိုင်ရာ လိုအပ်ချက်တွေကို စစ်တမ်းကောက်ယူဖို့ အတွက် ဂျပန်ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မကြာခဏနဲ့ ပြင်းထန်တဲ့အခြေအနေတွေအပါအ၀င် ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေဟာ မြင်သာထင်သာ ပိုမိုဆိုးရွားလာကြောင်း ဂျပန်သဘာ၀ပတ်၀န်းကျင်၀န်ကြီး နီရှီမူရာအကီဟီရိုက ပြောပါတယ်။

အာဆီယံနိုင်ငံတွေကို ထောက်ပံ့ကူညီမယ့် ကြိုတင်သတိပေးစနစ်တွေမှာ မိုးလေ၀သရေဒါတွေနဲ့ အခြားစောင့်ကြည့်ကိရိယာတွေ တပ်ဆင်ခြင်း၊ အချက်အလက်ခွဲခြမ်းစိတ်ဖြာခြင်းနဲ့ ခန့်မှန်းချက်တွေကို ထုတ်ပြန်ခြင်းအပြင် ဘေးအန္တရာယ်တွေကို ကြိုတင်သတိပေးခြင်းစနစ်တွေလည်းပါ၀င်ပါတယ်။

၂၀၂၇ ခုနှစ်မှာ ကြိုတင်သတိပေးစနစ်တွေ အန္တရာယ်ရှိတဲ့ မိုးလေ၀သအခြေအနတွေ ကမ္ဘာ့လူသားတွေကို ကာကွယ်နိုင်ဖို့ လှုပ်ရှားမှုကို ကမ္ဘာ့မိုးလေ၀သအဖွဲ့က မကြာသေးမီက ကြေညာခဲ့ပါတယ်။

Ref: NHK
Photo: NASA
#voiceofmyanmar #VOM #တိုကျို

Related posts

VOM News

FREE
VIEW