အိမ်လည်းမပြန်ရဲ သေဆုံးသူတွေအတွက်လည်း ကောင်းမှုကုသိုလ်မလုပ်ပေးနိုင်တဲ့ ပဇီကြီးရွာသားများ

ဇွန် ၂၈-၂၀၂၃ HT(VOM) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာပြီးခဲ့တဲ့ ဧပြီလ (၁၁) ရက်နေ့က လူပေါင်း (၁၇၀) နီးပါးသေဆုံးခဲ့တဲ့ ဖြစ်စဉ်တခုဖြစ်ခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်ကြောင့် အခုဆိုရင်ဒေသခံရွာသားတွေဟာ ယနေ့အချိန်အထိ ရွာကိုမပြန်ရဲကြသေးဘဲ နီးစပ်ရာဘုန်းကြီးကျောင်းတွေ၊တောတွေထဲမှာနေထိုင်နေကြရတာကြောင့် သေဆုံးသူတွေအတွက်လည်း ကောင်းမှုကုသိုလ်တွေမလုပ်ပေးနိုင်သေးဘူးလို့ ပြောကြပါတယ်။ ဒီရွာသားတွေဘယ်လိုတွေခံစားနေကြရသလဲ၊ ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုနေကြရသလဲဆိုတာ သေဆုံးသူတွေရဲ့ မိသားစုဝင်တချို့နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။ #voiceofmyanmar #VOM #ပဇီကြီး Youtube Link – https://youtu.be/mDc2Pu5JzJk

Read More

ပူတာအိုမှာ ရက်ဆက်မိုးရွာသွန်းလို့ လမ်းတံတားတွေ ပျက်စီးပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေ

ဇွန်၊၂၈-၂၀၂၃ MM(VOM) ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်မှာ အချိန် တစ်ပတ်လောက်အထိ ရက်ဆက်မိုးရွာသွန်းခဲ့တဲ့ ဒဏ်ကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပြီး လမ်း၊ တံတားတွေပျက်စီးသွားကာ ဒေသလမ်းပန်းဆက်သွယ် ရေးလည်း ပြတ်တောက်နေတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။ ”ပြီးခဲ့တဲ့ ၂၁ ရက်လောက်ကတည်းက မိုးကအဆက် မပြတ်ရွာနေတာ၊ဒီနေ့ ၂၈ ရက်နေ့အထိဆို တစ်ပတ် လောက်တောင်ရှိလာပြီ ၊ဒီတော့ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာပေ့ါ ၊မနေ့ကတော့ ရေက နည်းနည်းရေပြန် ကျသွားတယ်၊ရေကျသွားပေမယ့် ပူတာအို-မချမ်းဘော-နောင်မွန်းကား လမ်းပေါ်မှာ တောင်ကမ်းပါးပြိုကျမှုဖြစ်ပွားနေတယ်၊အဲ့ဒီ အနားက တံတားချဉ်းကပ်လမ်းမြေသား ရေတိုက်စားသွားတယ်၊ ဒါ့ကြောင့် မြေသားပြိုကျမှုတွေဖြစ်နေပါတယ်၊ တစ်ခြားနေရာတွေမှာလည်း လမ်း၊ တံတားတွေမနည်းပျက်စီးကုန်တယ်၊ လက်ရှိအချိန်ထိ ပူတာအိုလမ်းကြောင်းကသွားမရသေးဘူး ၊ နောင်မွန်း မြို့နယ်ဘက်က ဒီလမ်းဘဲ အဓိကအားထားရတာ၊အခုက ကားမပြောနဲ့ ဆိုင်ကယ် တောင်သွားမရသေးဘူး ၊လမ်းပန်းဆက်သွယ်ရေးကလုံးဝပြတ်တောက်နေတာ။ ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ နောင်မွန်းမြို့နယ်ရှိ ကားသမားတစ်ဦးက”နောင်မွန်း-ကဆန်ခူး-ထုံလာ-ခူထီ…

Read More

ဖွံ့ဖြိုးဆဲ အာဆီယံနိုင်ငံတွေအတွက် မိုးလေ၀သကြိုတင်သတိပေးစနစ်တွေ ကူညီဖို့ ဂျပန်စီစဉ်နေ

တိုကျို၊ ဇွန်-၂၈-၂၀၂၃ မျိုးဆက်(VOM) ရာသီဥတုဖောက်ပြန်မှုကို ခံနိုင်ရည်မရှိတဲ့ အရှေ့တောင်အာရှရှိ ဖွံဖြိုးဆဲနိုင်ငံတွေအတွက် မိုးလေ၀သကြိုတင်သတိပေးစနစ်တွေ ကူညီပေးဖို့ စီစဉ်နေကြောင်း ဂျပန်သဘာ၀ပတ်၀န်းကျင် ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အကုန်မှာ အာဆီယံနိုင်ငံတွေရဲ့ ရာသီဥတုဆိုင်ရာ လိုအပ်ချက်တွေကို စစ်တမ်းကောက်ယူဖို့ အတွက် ဂျပန်ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မကြာခဏနဲ့ ပြင်းထန်တဲ့အခြေအနေတွေအပါအ၀င် ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေဟာ မြင်သာထင်သာ ပိုမိုဆိုးရွားလာကြောင်း ဂျပန်သဘာ၀ပတ်၀န်းကျင်၀န်ကြီး နီရှီမူရာအကီဟီရိုက ပြောပါတယ်။ အာဆီယံနိုင်ငံတွေကို ထောက်ပံ့ကူညီမယ့် ကြိုတင်သတိပေးစနစ်တွေမှာ မိုးလေ၀သရေဒါတွေနဲ့ အခြားစောင့်ကြည့်ကိရိယာတွေ တပ်ဆင်ခြင်း၊ အချက်အလက်ခွဲခြမ်းစိတ်ဖြာခြင်းနဲ့ ခန့်မှန်းချက်တွေကို ထုတ်ပြန်ခြင်းအပြင် ဘေးအန္တရာယ်တွေကို ကြိုတင်သတိပေးခြင်းစနစ်တွေလည်းပါ၀င်ပါတယ်။ ၂၀၂၇ ခုနှစ်မှာ ကြိုတင်သတိပေးစနစ်တွေ အန္တရာယ်ရှိတဲ့ မိုးလေ၀သအခြေအနတွေ ကမ္ဘာ့လူသားတွေကို ကာကွယ်နိုင်ဖို့ လှုပ်ရှားမှုကို ကမ္ဘာ့မိုးလေ၀သအဖွဲ့က မကြာသေးမီက ကြေညာခဲ့ပါတယ်။ Ref: NHK Photo: NASA…

Read More

VOM ရဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍ

– အာကာသထဲမှာ ဆီးနဲ့ ချွေးတွေကနေ ရေပြန်ထုတ်နိုင်ပြီဖြစ်ကြောင်း နာဆာကြေညာ – အင်ဒိုနီးရှားမှာ Starlink ဂြိုဟ်တုအင်တာနက် ရရှိတော့မယ် – အမိုးနီးယားစွမ်းအင်သုံး ကားအင်ဂျင် တရုတ်ကုမ္ပဏီဖန်တီး – ပထမဆုံး အာကာသခရီးပို့ဆောင်ပေးတော့မယ့် ဗာဂျင်ဂလက်တစ် ကုမ္ပဏီ မျိုးဆက်(VOM) ၂၈-၆-၂၀၂၃ (၁) အာကာသထဲမှာ ဆီးနဲ့ ချွေးတွေကနေ ရေပြန်ထုတ်ပြီဖြစ်ကြောင်း နာဆာကြေညာ နိုင်ငံတကာ အာကာသစခန်းမှာရှိတဲ့ အာကာသယာဉ်မှူးတွေရဲ့ ဆီးနဲ့ချွေးတွေကနေ ရေပြန်လည်ထုတ်လုပ်မှု ၉၈ ရာခိုင်နှုန်းထိ အောင်မြင်ကြောင်း အမေရိကန်အာကာသအေဂျင်စီ(နာဆာ)က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ လကမ္ဘာ သို့မဟုတ် အင်္ဂါဂြိုဟ်လိုမျိုး ကမ္ဘာနဲ့အလွန်ဝေးတဲ့ အာကာသမစ်ရှင်တွေမှာ အာကာသယာဉ်မှူးတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေကို လုံလောက်အောင်စီမံခန့်ခွဲမှုဟာ စိန်ခေါ်မှုတရပ်ဖြစ်ပြီး လက်ရှိအောင်မြင်မှုက အာကာသနယ်ပယ်အတွက် အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်ပါတယ်။ အာကာသထဲမှာ ရေပြန်လည်ရယူရေးအတွက် အာကာသယာဉ်မှူးတွေရဲ့ ဆီး၊ ချွေးနဲ့ အာကာသယာဉ်အတွင်းက အခြားသော အစိုဓါတ်အရင်းအမြစ်တွေကို စုဆောင်းအသုံးပြုပြီး…

Read More

ရုရှားကို ပုန်ကန်ခဲ့တဲ့ ၀ဂ္ဂနာကြေးစားအဖွဲ့ခေါင်းဆောင် ဘီလာရုစ်ကို ရောက်ရှိ

မင့်စ်၊ ဇွန်-၂၈-၂၀၂၃ မျိုးဆက်(VOM) ရုရှားစစ်တပ်ကို ပုန်ကန်မှုပြုလုပ်ခဲ့တဲ့ ၀ဂ္ဂနာကြေးစားအဖွဲ့ခေါင်းဆောင် ပရီဂိုဇင်ဟာ ပုန်ကန်မှုအဆုံးသတ်ပြီးသုံးရက်အကြာမှာ ဘီလာရုစ်နိုင်ငံကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူဒီနေ့ ဘီလာရုစ်ကို ရောက်နေပြီဖြစ်ကြောင်း ဘီလာရုစ်သမ္မတ လူကာရှန်ကိုက ပရီဂိုဇင်ရောက်ရှိတာနဲ့ ပတ်သက်ပြီး အတည်ပြုပြောဆိုပါတယ်။ ပရီဂိုဇင်ဟာ စနေနေ့ညက ကားပေါ်ကပုံထွက်ပေါ်လာပြီးနောက် သူဟာ ဘယ်မှာရှိနေတယ်ဆိုတာ ပဟေဠိ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ကိုယ်ပိုင် ဂျက်လေယာဉ်ဟာ ဘီလာရုစ်နိုင်ငံ မင့်စ်မြို့ကို ဇွန် ၂၇ ရက်က ပျံသန်းခဲ့ကြောင်း လေယာဉ်ပျံသန်းမှု ခြေရာခံမှုတွေမှာ ဖော်ပြထားပါတယ်။ ပရီဂိုဇင်ရဲ့ ကြေးစားစစ်သားတွေအတွက် လာချင်တယ်ဆိုရင် စစ်အခြေစိုက်စခန်းတခု ပေးမယ်လို့ ဘီလာရုစ်သမ္မတ လူကာရှန်ကိုက ပြောပါတယ်။ ပုန်ကန်မှုအဆုံးသတ်စေဖို့အတွက် ပရီဂိုဇင်ရဲ့ လုံခြုံရေးကို အာမခံရပြီး ၀ဂ္ဂနာကြေးစားအဖွဲ့တွေနဲ့ပတ်သက်ပြီး ရာဇ၀တ်မှုတွေကို ရုရှားကရုပ်သိမ်းပေးခဲ့ရပါတယ်။ ရုရှားကတော့ ၀ဂ္ဂနာအဖွဲ့ကိုပေးထားတဲ့ လက်နက်ကြီးတွေကို ပြန်သိမ်းဖို့ပြင်ဆင်နေပြီး ကြေးစားစစ်သားတွေအနေနဲ့ ရုရှားစစ်တပ်ထဲ၀င်ခြင်း၊ ဘီလာရုစ်သို့ သွားခြင်း…

Read More

ကလေး – ရန်ကုန် ခရီးသည်တင်ကား ခင်ဦးနယ်မှာ မိုင်းထိလို့ ခရီးသည် ၇ ဦး ဒဏ်ရာရ

ဇွန် ၊ ၂၈ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ ထနောင်းကိုင်းလေးကျေးရွာနားမှာ မနေ့ ဇွန် ၂၇ ရက် ၊ နေ့လယ် ၁ နာရီဝန်းကျင်က ခရီးသည်တင် မှန်လုံကား ၁ စီး မိုင်းထိမှန်ပြီး ယာဥ်ပေါ်ပါ ခရီးသည် ၇ ယောက် မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ်လို့ ရွှေဘို ပြည်သူ့ဆေးရုံကြီး အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” မိုင်းထိမှန်တဲ့ ခရီးသည်တင်ကားက ၊ ကလေးမြို့ကနေ ရန်ကုန်မြို့ကိုထွက်ခွာလာတဲ့ တင့်တိုင်းအောင် Express ကားဖြစ်ကားဖြစ်တယ် ၊ ယာဥ်ပေါ်ပါ ခရီးသည် ၇ ယောက် မိုင်းစထိမှန် ဒဏ်ရာရတယ်၊ ဒဏ်ရာရ ခရီးသည်တွေက ဥဦးညီညီလွင်၊ မောင်ပြည့်ချမ်းအောင် ၊မသဥ္ဇာဦး ၊ မချယ်ရီမိုး…

Read More

ဘဏ်နှစ်ဘဏ် အရေးယူခံရမှု နောက်ဆက်တွဲဂယက် ဘာတွေဖြစ်လာမလဲ

SN (VOM) အမေရိကန်အစိုးရက နိုင်ငံတကာ ငွေပေးချေမှုတွေအတွက် အဓိကကျတဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာနကိုပါ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့အရေးယူလိုက်တယ်လို့ ဇွန် ၂၁ ရက် ညဦးပိုင်းမှာ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ရဲ့ ဝင်ငွေတွေ၊ စစ်လက်နက် ဝယ်ယူမှုဆိုင်ရာ ကိစ္စရပ်တွေမှာ အဲ့ဒီ့ဘဏ်တွေကို အသုံးပြုခဲ့တာကြောင့် အခုလိုမျိုးအရေးယူဒဏ်ခတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ MFTB နဲ့ MICB တို့ဟာ နိုင်ငံခြားငွေကြေးနဲ့ လည်ပတ်လုပ်ကိုင်နေရတဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အဓိကကျတဲ့ ဘဏ်တွေဖြစ်တဲ့အတွက် အမေရိကန်ရဲ့ ပိတ်ဆို့မှုကြောင့် အဲ့ဒီ့ဘဏ်စနစ်အတွင်း စီးဆင်းတဲ့ နိုင်ငံတကာငွေပေးချေမှုတွေအားလုံး ခက်ခဲသွားနိုင်တယ်လို့ စီးပွားရေး လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။ ဆန်ရှင် (Sanciton) ထိသွားတဲ့ ဘဏ်နှစ်ဘဏ်ဟာ နိုင်ငံခြားငွေ လဲလှယ်မှုကို…

Read More
VOM News

FREE
VIEW