ရုရှားကို ပုန်ကန်ခဲ့တဲ့ ၀ဂ္ဂနာကြေးစားအဖွဲ့ခေါင်းဆောင် ဘီလာရုစ်ကို ရောက်ရှိ

မင့်စ်၊ ဇွန်-၂၈-၂၀၂၃
မျိုးဆက်(VOM)

ရုရှားစစ်တပ်ကို ပုန်ကန်မှုပြုလုပ်ခဲ့တဲ့ ၀ဂ္ဂနာကြေးစားအဖွဲ့ခေါင်းဆောင် ပရီဂိုဇင်ဟာ ပုန်ကန်မှုအဆုံးသတ်ပြီးသုံးရက်အကြာမှာ ဘီလာရုစ်နိုင်ငံကို ရောက်ရှိနေပြီဖြစ်ပါတယ်။

သူဒီနေ့ ဘီလာရုစ်ကို ရောက်နေပြီဖြစ်ကြောင်း ဘီလာရုစ်သမ္မတ လူကာရှန်ကိုက ပရီဂိုဇင်ရောက်ရှိတာနဲ့ ပတ်သက်ပြီး အတည်ပြုပြောဆိုပါတယ်။

ပရီဂိုဇင်ဟာ စနေနေ့ညက ကားပေါ်ကပုံထွက်ပေါ်လာပြီးနောက် သူဟာ ဘယ်မှာရှိနေတယ်ဆိုတာ ပဟေဠိ ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် သူ့ရဲ့ကိုယ်ပိုင် ဂျက်လေယာဉ်ဟာ ဘီလာရုစ်နိုင်ငံ မင့်စ်မြို့ကို ဇွန် ၂၇ ရက်က ပျံသန်းခဲ့ကြောင်း လေယာဉ်ပျံသန်းမှု ခြေရာခံမှုတွေမှာ ဖော်ပြထားပါတယ်။

ပရီဂိုဇင်ရဲ့ ကြေးစားစစ်သားတွေအတွက် လာချင်တယ်ဆိုရင် စစ်အခြေစိုက်စခန်းတခု ပေးမယ်လို့ ဘီလာရုစ်သမ္မတ လူကာရှန်ကိုက ပြောပါတယ်။

ပုန်ကန်မှုအဆုံးသတ်စေဖို့အတွက် ပရီဂိုဇင်ရဲ့ လုံခြုံရေးကို အာမခံရပြီး ၀ဂ္ဂနာကြေးစားအဖွဲ့တွေနဲ့ပတ်သက်ပြီး ရာဇ၀တ်မှုတွေကို ရုရှားကရုပ်သိမ်းပေးခဲ့ရပါတယ်။

ရုရှားကတော့ ၀ဂ္ဂနာအဖွဲ့ကိုပေးထားတဲ့ လက်နက်ကြီးတွေကို ပြန်သိမ်းဖို့ပြင်ဆင်နေပြီး ကြေးစားစစ်သားတွေအနေနဲ့ ရုရှားစစ်တပ်ထဲ၀င်ခြင်း၊ ဘီလာရုစ်သို့ သွားခြင်း သို့မဟုတ် အနားယူနိုင်တယ်လို့ ရုရှားဘက်က ပြောဆိုထားပါတယ်။

Ref: BBC
#voiceofmyanmar #VOM #မင့်စ်

Related posts

Leave a Comment

VOM News

FREE
VIEW