ကလေး – ရန်ကုန် ခရီးသည်တင်ကား ခင်ဦးနယ်မှာ မိုင်းထိလို့ ခရီးသည် ၇ ဦး ဒဏ်ရာရ

ဇွန် ၊ ၂၈ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ ထနောင်းကိုင်းလေးကျေးရွာနားမှာ မနေ့ ဇွန် ၂၇ ရက် ၊ နေ့လယ် ၁ နာရီဝန်းကျင်က ခရီးသည်တင် မှန်လုံကား ၁ စီး မိုင်းထိမှန်ပြီး ယာဥ်ပေါ်ပါ ခရီးသည် ၇ ယောက် မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ်လို့ ရွှေဘို ပြည်သူ့ဆေးရုံကြီး အသိုင်းအဝိုင်းဆီက သိရပါတယ်။

” မိုင်းထိမှန်တဲ့ ခရီးသည်တင်ကားက ၊ ကလေးမြို့ကနေ ရန်ကုန်မြို့ကိုထွက်ခွာလာတဲ့ တင့်တိုင်းအောင် Express ကားဖြစ်ကားဖြစ်တယ် ၊ ယာဥ်ပေါ်ပါ ခရီးသည် ၇ ယောက် မိုင်းစထိမှန် ဒဏ်ရာရတယ်၊ ဒဏ်ရာရ ခရီးသည်တွေက ဥဦးညီညီလွင်၊ မောင်ပြည့်ချမ်းအောင် ၊မသဥ္ဇာဦး ၊ မချယ်ရီမိုး ၊ မဟန်ဇာအောင် ၊ မသွန်းနဒီဇော် ( ကလေး) အပါအဝင် အမည် စုံစမ်နေဆဲ အမျိုးသား ခရီးသည် ၁ ယောက် အပါအဝင် ၊ ခရီးသည် ၇ ယောက်ဖြစ်တယ်၊ ဒဏ်ရာရ ခရီးသည်တွေအားလုံး အသက်အန္တရာယ် မစိုးရိမ်ရဘူး ၊ အဲ့ဒါကြောင့် ရွှေဘိုဆေးရုံကနေ ရန်ကုန် ဆေးရုံဘက်ကို ဆက်ထွက်သွားကြတယ် ၊ ကားတော့ လေကာမှန်တွေနဲ့ ရှေ့ပိုင်းတွေ ထိတယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက ခရီးသည်တင် ပြေးဆွဲပေးနေတဲ့ ကားသမား တယောက်က ” စစ်ကိုင်းတိုင်းထဲမှာ ကားတွေ မကြာခဏ မိုင်းထိမှန်ခံရတယ် ၊ ပြီးခဲ့တဲ့ ၂၀၂၂ ထဲက ဆိုရင် စစ်ကိုင်း ရွှေဘို လမ်းပိုင်းမှာ ၃၀ ကျော် ၊ ရွှေဘို မြစ်ကြီးနား လမ်းပိုင်းမှာ ၁၈ ကြိမ် ၊ ရွှေဘို ကျောက်မြောင်းလမ်းပိုင်းမှာ ၂၂ ကြိမ် ၊ ရွှေဘို အရာတော် မုံရွာ လမ်းပိုင်းမှာ ၉ ကြိမ် ၊ စစ်ကိုင်း မုံရွာ လမ်းပိုင်းမှာ ၃၈ ကြိမ် ၊ မုံရွာ ဘုတလင် ၊ ရေဦး ၊ တန့်ဆည် ၊ ကလေးဝ ကားလမ်းပိုင်းမှာ ၁၈ ကြိမ် ၊ မုံရွာ ၊ ပုလဲ ၊ ဂန််ဂေါ ၊ ကလေး ကားလမ်းပိုင်းမှာ ၄၁ ကြိမ် ဖြစ်ခဲ့တယ် ၊ အဲ့ဒါတွေအားလုံးက မှတ်မိသလောက် ဖြစ်တယ် ၊ မြေပြင် ဖြစ်စဥ်က ဒီထက်ပိုများတယ် ” လို့ ပြောပါတယ်။

အဲ့ဒီလို လမ်းသွားရင်း လာရင်း ပေါက်ကွဲ ထိမှန် သေဆုံးတာတွေ နဲ့ ပတ်သက်ပြီး ဒေသခံ လူမှုကူညီရေး အဖွဲ့တွေရဲ့ မှတ်တမ်းအရ စစ်ကိုင်းတိုင်း အတွင်း တတိုင်းလုံး အတိုင်းအတာအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ကသေဆုံးသူပေါင်း ၁၄၂ ယောက် ထက်မကရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကလေး – ရန်ကုန် #ခရီးသည်တင်ကားခင်ဦးနယ်မှာမိုင်းထိ

Related posts

Leave a Comment

VOM News

FREE
VIEW