အမေရိကန်ကင်းထောက်လေယာဉ်တွေကို ပစ်ချနိုင်ကြောင်း မြောက်ကိုရီးယား သတိပေး

ပြုံးယမ်း၊ ဇူလိုင်-၁၀-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန် ကင်းထောက်လေယာဉ်တွေဟာ မြောက်ကိုရီးယားလေပိုက်နက်ကို ချိုးဖောက်ခဲ့အပေါ် မြောက်ကိုရီးယား ကာကွယ်ရေး၀န်ကြီးဌာနက ရှုတ်ချကြောင်း ထုတ်ပြန်လိုက်ပြီး အဲဒီလေယာဉ်တွေဟာ ပစ်ချခံရဖွယ်ရှိကြောင်း သတိပေးလိုက်ပါတယ်။

အမေရိကန်ကင်းထောက်လေယာဉ်တွေဇူလိုင် ၂ ရက်ကနေ ၉ ရက်အတွင်း ဂျပန်ပင်လယ်နဲ့ ပင်လယ်ဝါတို့ကို ဖြတ်ကျော်ပျံသန်းစဉ် မြောက်ကိုရီးယား လေပိုင်နက်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။

အမေရိကန်ဟာ ယခုနှစ်အတွင်း ကိုရီးယားနှစ်နိုင်ငံကြားရှိ စစ်နယ်နိမိတ်မျဉ်းနဲ့ အခြားနေရာတွေကို ထောက်လှမ်းရေးလေယာဉ်တွေစေလွှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ရန်စတဲ့ အဲဒီလုပ်ရပ်အတွက် နောက်ဆက်တွဲအကျိုးဆက်တွေကို ရင်ဆိုင်ရမှာဖြစ်ကြောင်း မြောက်ကိုရီးယားက သတိပေးထားပါတယ်။

ဂျပန်ပင်လယ်ပြင်မှာ အမေရိကန်လေတပ်ရဲ့ မဟာဗျူဟာမြောက် ကင်းထောက်လေယာဉ် ပျက်ကျသလိုမျိုး တုန်လှုပ်ခြောက်ခြားဖွယ် မတော်တဆမှုမျိုးဖြစ်လာနိုင်ခြေအတွက် အာမမခံကြောင်း မြောက်ကိုရီးယားက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ စွပ်စွဲမှုတွေဟာ မှားယွင်းကြောင်း တောင်ကိုရီးယားတာ၀န်ရှိသူတွေက ပြောဆိုထားပြီး မှားယွင်းတဲ့စွပ်စွဲမှုတွေကတဆင့် တင်းမာမှုတွေမြင့်တက်လာခြင်းကို ရပ်တန့်ဖို့ မြောက်ကိုရီးယားကို တိုက်တွန်းထားပါတယ်။

Ref: Reuters
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW