တောင်ဥက္ကလာရဲစခန်းက စခန်းမှူးကို ရဲတပ်သားက သေနတ်နဲ့ ပစ်ခတ်မှုဖြစ်၊ စခန်းမှူး အခြေအနေစိုးရိမ်ရ

ဇူလိုင် ၁၉ – ၂၀၂၃
GG + KK ( VOM)

ရန်ကုန်မြို့ ၊တောင်ဥက္ကလာပမြို့နယ်၊ မြို့မရဲစခန်းက စခန်းမှူးကို ရဲတပ်သားတစ်ဦးက သေနတ်နဲ့ပြန်လည်ပစ်ခတ်မှု မနေ့ ဇူလိုင် ၁၈ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စခန်းမှူး ဒုရဲမှူးလင်းကိုကိုထွန်း ကို သေနတ်နဲ့ ပစ်ခတ်ခဲ့သူက ရဲတပ်သား အာကာစိုး ဆိုသူက ဖြစ်ကြောင်း ၊ လက်ရှိမှာ ရဲတပ်သားကို ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

” စခန်းမှူးရဲ့ ညာနားထင်ကို သေနတ်မှန်တယ်။ဆေးရုံမှာပါ။ တပ်သားက တန်းစီနေတဲ့အချိန် မရှိလို့ စခန်းမှူးက သူ့ကို ကင်းစောင့်ဖို့ပြောတာကို သူကမ​စောင့်နိုင်ဘူး ဘာညာပြောပြီး သူ့ကိုပေးထားတဲ့သေနတ်နဲ့ ပြန်ပစ်တာပေါ့ ။သူ့ကိုလည်းဖမ်းဆီးထားပါပြီ “လို့ တောင်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတဲ့ စခန်းမှူး လင်းလင်းထွန်းကတော့ နားထင်ကိုသေနတ်မှန်တဲ့ဒဏ်ရာကြောင့် စိုးရိမ်ရတဲ့ အခြေအနေရှိနေပြီး မြောက်ဥက္ကလာဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #တောက်ဥက္ကလာ #စခန်းမှူး #ရဲတပ်သား #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW