ကန့်ဘလူမြို့နယ်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကလေးငယ် ၂ ဦး အပါအဝင် လူ ၆ ဦးသေဆုံး

သြဂုတ် ၊ ၁၃ ၊ ၂၀၂၃
SP ( VOM)

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ ယမနေကျေးရွာထဲကို မနေ့ သြဂုတ် ၁၂ ရက်မနက် ၆ နာရီဝန်းကျင်က ကျေးရွာထဲက လူနေအိမ်တွေပေါ် လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် လူ ၆ ယောက်သေဆုံးပြီး ဒဏ်ရာရတဲ့သူတွေလည်း အများအပြားရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” လက်နက်ကြီးကျည် ထိမှန်သေဆုံးတာ ရွာခံလူ ၆ ယောက်ဖြစ်တယ် ၊ အဲ့ဒီလို သေဆုံးတဲ့အထဲမှာ အသက် ၅ နှစ်နဲ့ ၁၀ အရွယ် ကလေး ၂ ယောက်လည်း ပါဝင်တယ် ” လို့ ယမနေရွာခံ လူတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ကန့်ဘလူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က မနက်အစောပိုင်းမှာ ယမနေရွာပေါ်ကို လပ်နက်ကြီးတွေကျရောက် ပေါက်ကွဲတယ် ၊ စာသင်ကျောင်းဆောင် ၂ ဆောင်နဲ့ လူနေအိမ်တွေ ပျက်စီးတယ် ၊ ရွာခံ လူ ၆ ယောက်သေပြီး ၊ လူ ၇ ယောက် ကျော် ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ် ၉ ရက် ညပိုင်းကလည် ခင်ဦးမြို့နယ် ၊ မကျီးတုံးကျေးရွာမှာ လက်နက်ကြီးကျည်ရောက်ပေါက်ကွဲလို့ အသက် ၁၄ နှစ်အရွယ် စာဝါလိုက်နေတဲ့ ကိုရင်တပါး ပျံတော်မူခဲ့ပါသေးတယ်။

၂၀၂၁ မေလကနေ ၂၀၂၃ သြဂုတ် ၉ ရက်အထိ ၂ နှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်းထဲက မြို့ကြီးတွေနဲ့ ကျေးရွာတွေမှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် ထိမှန် သေဆုံးရသူပေါင်း လူ ၈၀ ကျော်ရှိသွားပြီလို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

#voiceoyanmar #VOM #ကန့်ဘလူ

Related posts

Leave a Comment

VOM News

FREE
VIEW