ငါန်းဇွန်မြို့နယ် သားကျင်ရွာမှာ ၄ လောင်းပြိုင် လူသတ်မှုဖြစ်ပွား

သြဂုတ် ၊ ၁၃ ၊ ၂၀၂၃ SP ( VOM) မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ ငါန်းဇွန်မြို့နယ် ၊ သားကျင်ကျေးရွာရဲ့ မြောက်ဘက်နားမှာ ဒီကနေ့ ညနေ ၃ နာရီဝန်းကျင်ခန့်က အမည်မသိ လူတစုက ရွာထဲဝင်ရောက်လာပြီး ရွာခံလူ ၄ ယောက်ကို သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” အရင်ဆုံး အသတ်ခံရတာက ရွာအဝင် တောစပ်မှာ နွားကျောင်းနေတဲ့ ကိုဖုန်းတင့် ၂၀ နှစ် ၊ နောက်ပြီး အဲ့ဒီ ရွာထဲဝင်ရောက်လာကာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ယောက်ဖတော်စပ်သူ ဦးဟန်လင်း ၅၄ နှစ် ဆိုသူကို သူ့ရဲ့နေအိမ်ထဲမှာ ပစ်သတ်တယ် ၊ အဲ့ဒီနောက် ရွာအရှေ့ပိုင်း ကုန်စုံဆိုင်မှာ ဒေါ်လှလှ ၄၈ နှစ်နဲ့ မယဥ်မွန်ဇော် ၂၅…

Read More

ကန့်ဘလူမြို့မှာ ၅ လောင်းပြိုင် လူသတ်မှုဖြစ်ပွား

သြဂုတ် ၁၃ -၂၀၂၃ SP( VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ ၊ အမှတ် ၂ ရပ်ကွက် ၊ ဘိုးဘွားရိပ်အရှေ့ဘက် ၊ ကန့်ဘလူ – ကျွန်းလှ မြို့ထွက်လမ်းနားမှာရှိတဲ့ လူနေအိမ်တခုမှာ ဒီမနက်ပိုင်းက မိသားစုလိုက် အသတ်ခံထားရတဲ့ ၅ လောင်းပြိုင်လူသတ်မှု တခုဖြစ်ပွားခဲ့တယ်လို့ ကန့်ဘလူမြို့ခံတွေဆီက သိရပါတယ်။ ” ညက အသတ်ခံရတာလား ၊ ဒီမနက်မှာ အသတ်ခံရတာလား သေခြာ မသိရသေးဘူး ၊ သတ်ခံရသူတွေက ဦးမြင့်ဆွေ ၊ ဦးစိုးလွင်မြင့် ၊ ဒေါ်ကြည်ဌေး ၊ မမာမာလင်း ၊ မဖြိုးသီရိလှိုင် တို့ဖြစ်တယ် “လို့ ကန့်ဘလူမြို့ခံ တယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကန့်ဘလူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က…

Read More

ကန့်ဘလူမြို့နယ်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကလေးငယ် ၂ ဦး အပါအဝင် လူ ၆ ဦးသေဆုံး

သြဂုတ် ၊ ၁၃ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ ယမနေကျေးရွာထဲကို မနေ့ သြဂုတ် ၁၂ ရက်မနက် ၆ နာရီဝန်းကျင်က ကျေးရွာထဲက လူနေအိမ်တွေပေါ် လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် လူ ၆ ယောက်သေဆုံးပြီး ဒဏ်ရာရတဲ့သူတွေလည်း အများအပြားရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” လက်နက်ကြီးကျည် ထိမှန်သေဆုံးတာ ရွာခံလူ ၆ ယောက်ဖြစ်တယ် ၊ အဲ့ဒီလို သေဆုံးတဲ့အထဲမှာ အသက် ၅ နှစ်နဲ့ ၁၀ အရွယ် ကလေး ၂ ယောက်လည်း ပါဝင်တယ် ” လို့ ယမနေရွာခံ လူတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ကန့်ဘလူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ”…

Read More

စပါးစိုက်ပျိုးမှု လျော့ကျခြင်းက ဆန်၊စပါးစျေးကွက်ကို လှုပ်ခတ်စေသလား

ဩဂုတ် ၁၃ – ၂၀၂၃ GG(VOM) မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ နယ်မြေမအေးချမ်းမှုတွေကြောင့် တိုင်းနဲ့ ပြည်နယ်အချို့မှာ နွေစပါး၊မိုးစပါး သီးနှံစိုက်ရာသီချိန် နှစ်ချိန်လုံး စပါးစိုက်ဧကတွေ လျော့ကျမှုရှိတယ်လို့ တောင်သူတွေဆီက သိရပါတယ် ။ စစ်ကိုင်းတိုင်း ၊ကယားပြည်နယ်၊မကွေးတိုင်း ၊ချင်းပြည်နယ် စတဲ့မြို့နယ်အချို့မှာ တိုက်ပွဲတွေဖြစ်ပွားပြီး နယ်မြေမတည်ငြိမ်လို့ ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာထွက်ပြေးနေရတာကြောင့် စပါးစိုက်ပျိုးခြင်းကို လုပ်ဆောင်နိုင်​ခြင်းမရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် စစ်ဖြစ်ပွားခြင်းမရှိတဲ့ နယ်မြေဒေသတွေမှာလည်း စပါးစိုက်ပျိုးဖို့ ဆည်ရေမရရှိတဲ့အတွက် စပါးစိုက်ပျိုးမှုလျော့ကျလာသလို မြေဩဇာစျေးနူန်းကြီးမြင့်ခြင်း၊ စိုက်ပျိုးရေးဆေးစျေးနူန်းကြီးမြင့်ခြင်း ၊ အလုပ်သမားငှားရမ်းခမြင့်တက်ခြင်း၊လယ်ထွန်စက်မောင်းခစျေးနူန်း နှစ်ဆတက်ခြင်း စတဲ့ကုန်ကျစရိတ် မြင့်တက်ခြင်းတွေကြောင့် လုံလောက်တဲ့ပမာဏအသုံးမပြုနိုင်တဲ့အတွက်လည်း စပါးအထွက်နူန်းတွေလျော့ကျလာတယ်လို့ သိရပါတယ် ။ ” နွေစပါး ဆည်ရေမရလို့ မစိုက်ရတဲ့ ဧကပေါင်းက တနိုင်ငံလုံးဆို မနည်းဘူးလေ၊ ဆည်တွေရှိပြီး ရေမပေးနိုင်လို့ စပါးမစိုက်ရဘူးဆိုတာ အလုပ်မှမဟုတ်တာဗျာ။နောက်တဆင့်ကမှ ​မြေဩဇာသုံးသင့်သလောက်…

Read More

This Day in History

This Day in History Voice of Myanmar စပိန်-အမေရိကန်စစ်ပွဲအတွင်း အမေရိကန်စစ်တပ်သည် ဖိလစ်ပိုင်နိုင်ငံ မနီလာဆိပ်ကမ်းကို ၁၈၉၈ ခုနှစ် သြဂုတ် ၁၃ ရက်တွင် သိမ်းပိုက်ခဲ့သည်။ #voiceofmyanmar #vom #thisdayinhistory #သမိုင်းထဲကဒီနေ့ #August13

Read More

လူမှုကူညီရေးသမားတွေရဲ့ ဘဝ ရေရှည်မှာ ရပ်တည်နိုင်ဖို့ မလွယ်

သြဂုတ် ၁၃ -၂၀၂၃ SP (VOM) တနိုင်ငံ အတိုင်းအတာအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ကနေ အခုနှစ် သြဂုတ်လ ၁၂ ရက်အထိ လူမှုကူညီရေးအသင်းဝင် ပရဟိတသမားတွေ တာဝန်ချိန်အတွင်း အသတ်ခံရတာ ၊ မိုင်းစထိမှန် ဒဏ်ရာရတာနဲ့ သေနတ်မှန်တာတွေကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းရှိပြီး ထိခိုက်ဒဏ်ရာရတဲ့သူ ၃၀ ကျော်ရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။ ” မနေ့ မနက်ပိုင်းက မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ လမိုင်းကျေးရွာအုပ်စု ၊ ကျောက်တံတာရွာက ရွှေတံတား လူမှုကူညီရေးအသင်း ဥက္ကဌ ဦးမြင့်ဆိုသူ ပစ်သတ်ခံရတယ် ၊ သြဂုတ် ၁၁ ရက် မနက်ပိုင်းကလည်း ပဲခူးတိုင်းက ရွှေကျင်မောင်မယ် လူမှုကူညီရေး အရေးပေါ်လူနာတင်ယာဥ်ဟာ ညောင်လေးပင် – မဒေါက် – ရွှေကျင် လမ်းအတိုင်း…

Read More
VOM News

FREE
VIEW