ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်လေတပ်နဲ့ ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်

ပေကျင်း၊ သြဂုတ်-၁၉-၂၀၂၃
မျိုးဆက်(VOM)

ထိုင်ဝမ်ဒုတိယသမ္မတ ဝီလျံလိုင်း အမေရိကန်ကို သွားရောက်ခဲ့တဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ တရုတ်စစ်တပ်ဟာ ထိုင်ဝမ်အနီးစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၁၉ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဇန်နဝါရီလရွေးကောက်ပွဲမှာ ထိုင်ဝမ်သမ္မတဖြစ်လာဖို့ ရေပန်းစားနေတဲ့ ဝီလျံလိုင်းဟာ သောကြာနေ့မှာ အမေရိကန်ကနေ ပြန်လာခဲ့ပြီး သူဟာ ပါရာဂွေးကို သွားရာလမ်းကြောင်းမှာသာ ရပ်နားတာတွေကို တရားဝင် ပြုလုပ်ခဲ့ပေမယ့် အမေရိကန်မှာရှိစဉ် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းစစ်ဌာနချုပ်က ထိုင်ဝမ်ကျွန်းတဝိုက်မှာ ရေတပ်နဲ့လေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်နေကြောင်း တရုတ်စစ်တပ်က ထုတ်ပြန်ထားပါတယ်။

ကျွန်းအနီးစစ်ရေးလေ့ကျင့်မှုမှာ တရုတ်လေယာဉ် ၄၂ စင်း၊ စစ်သင်္ဘောရှစ်စင်းကို တွေ့ရှိခဲ့ရပြီး ဒီကိစ္စအပေါ် တုံ့ပြန်တဲ့အနေနဲ့ စစ်လေယာဉ်နဲ့ သင်္ဘောတွေကို ဖြန့်ကြက်စေလွှတ်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်စစ်လေယာဉ် ၂၆ စင်းဟာ မိုင် ၆၀ ကျယ်ဝန်းတဲ့ ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်ကျွန်းကို သူ့ရဲ့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးမှာ လိုအပ်ရင် စစ်အင်အားသုံးမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #Chinalaunches #drillsaroundTaiwan

Related posts

Leave a Comment

VOM News

FREE
VIEW