ယူကရိန်းသမ္မတ ဇီလန်စကီး ရုရှားတပ်တွေနဲ့တိုက်နေတဲ့ အဓိကရှေ့တန်းစစ်မျက်နှာတွေကို သွားရောက်

ကိယက်ဗ်၊ စက်တင်ဘာ-၆-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းသမ္မတဇီလန်စကီးဟာ ရုရှားတပ်တွေကို တိုက်ခိုက်နေတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံအားပေးဖို့ အဓိကရှေ့တန်းစစ်မျက်နှာကို သွားရောက်ခဲ့ကြောင်း ယူကရိန်းသမ္မတရုံးက ထုတ်ပြန်ပါတယ်။

သမ္မတဇီလန်စကီးဟာ နိုင်ငံအရှေ့ပိုင်း ဒွန်နက်ခ်ဒေသနဲ့ တောင်ပိုင်းရှိ ဇာပိုရစ်ဇီးယားဒေသတို့ကို သွားရောက်ခဲ့ကြောင်း သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒွန်နက်ခ်ရှိ ဘက်မွတ်ခ်မြို့အနီး ရှေ့တန်းစစ်မျက်နှာမှာ ရိုက်ယူထားတဲ့ ရုပ်သံမှတ်တမ်းမှာတော့ သမ္မတဇီလန်စကီးနဲ့ တပ်မှူးဖြစ်သူ အိုလက်ခ်ဆန်ဒါဆီစကီး တို့ကို တွေ့မြင်ရမှာဖြစ်ပါတယ်။

“ ဒီနေ့ ဒီၤမှာရှိနေရတာကို ဂုဏ်ယူမိပါတယ်။ ယူကရိန်းပြည်သူတရပ်လုံးရဲ့ကိုယ်စား နိုင်ငံနဲ့ နယ်နိမိတ်ကို ကာကွယ်ပေးခဲ့တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ခွန်အားနဲ့ ကာကွယ်ပေးမှုတွေအတွက် နှလုံးသားထဲက ကျေးဇူးတင်ပါတယ်” လို့ ရှေ့တန်းစစ်မျက်နှာမှာ သမ္မတဇီလန်စကီးက ပြောပါတယ်။

ရုရှားရဲ့ ပထမဆုံးကာကွယ်ရေးစည်းကို ထိုးဖောက်နိုင်ခဲ့တယ်လို့ ယူဆရတဲ့ ဇာပိုရစ်ဇီးယားရှိ အဓိကမြို့တွေမှာတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ယူကရိန်းလက်ထောက်ကာကွယ်ရေးဝန်ကြီး ဟန်နာမီလာက ပြောပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီး ရှိုဂူလပ်ရောဗ်ကတော့ ယူကရိန်းတပ်တွေဟာ ရှေ့တန်းစစ်မျက်နှာအားလုံးမှာ သူတို့ရဲ့ ရည်မှန်းချက်တွေ မအောင်မြင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:NHK
Photo:AP

#voiceofmyanmar #VOM #Zelenskyy #MeetsSoldiers #onFrontlines

Related posts

Leave a Comment

VOM News

FREE
VIEW