မြောက်ကိုရီးယားရဲ့ နျူကလီးယားတိုက်ခိုက်ရေး ရေငုပ်သင်္ဘောသစ် တပ်တော်ဝင်

ပြုံးယမ်း၊ စက်တင်ဘာ-၈-၂၀၂၃
မျိုးဆက်(VOM)

မြောက်ကိုရီးယားခေါင်ဆောင် ကင်ဂျုံအန်ဟာ နျူကလီးယားလက်နက် သယ်ဆောင်ပစ်ခတ်နိုင်တဲ့ နည်းဗျူဟာမြောက် နျူကလီးယားတိုက်ခိုက်ရေး ရေငုပ်သင်္ဘောသစ်တစင်းကို တပ်တော်ဝင် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက စက်တင်ဘာ ၈ ရက်မှာ ဖော်ပြထားပါတယ်။

အဲဒီရေငုပ်သင်္ဘောဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားအဟန့်အတားကို အရှိန်အဟုန်နဲ့ အားကောင်းစေမှာဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ဖော်ပြထားပါတယ်။

ရေငုပ်သင်္ဘောကို ဂျပန်ပင်လယ်ပြင်အတွင်း စစ်ဆင်ရေးတေနွ ပြုလုပ်ဖို့ တာဝန်ချထားမှာဖြစ်ကြောင်း မြောက်ကိုရီးယားကပြောပါတယ်။

နျုကလီးယားတိုက်ခိုက်ရေးရေငုပ်သင်္ဘောဟာ ရေငုပ်သင်္ဘောကနေ ပစ်ခတ်နိုင်သော ပဲ့ထိန်းဒုံးကျည် သုံးစင်းထိ သယ်ဆောင်နိုင်ကြောင်း တောင်ကိုရီးယားစစ်တပ်ကပြောပါတယ်။

မြောက်ကိုရီးယားရေတပ်အတွက် နျူကလီးယားလက်နက်တွေတပ်ဆင်ပေးခြင်းဟာ နှောင့်နှေးမနေသင့်တဲ့ အရေးကြီးတာဝန်ဖြစ်ကြောင်း မြောက်ကိုရီးယာခေါင်းဆောင် ကင်ဂျုံအန်က ပြောပါတယ်။

နျူကလီးယားတိုက်ခိုက်ရေး ရေငုပ်သင်္ဘောဟာ မြောက်ကိုရီးယားတည်ဆောက်လိုတဲ့ လက်နက်တွေစာရင်းမှာ အချိန်ကြာမြင့်စွာရှိနေခဲ့ပြီး သင်္ဘောတည်ဆောက်ရေးအတွက် နှစ်အတန်ကြာ လုပ်ဆောင်ခဲ့ရကာ နျူကလီးယားအစီအစဉ်ရဲ့ အရေးပါသော အစိတ်အပိုင်းတရပ်အဖြစ် ကင်ဂျုံအန်က ရှုမြင်ထားပါတယ်။

Ref:BBC
Photo:Reuters
#voiceofmyanmar #VOM #KimJongUn #revealsNuclearAttack #submarine’

Related posts

Leave a Comment

VOM News

FREE
VIEW