စက်တင်ဘာ၊ ၁၀-၂၀၂၃
MM (VOM)
ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှာ မနေ့ စက်တင်ဘာ ၉ ရက်က မိုးသည်းထန်စ္စာရွာသွန်းတဲ့ ဒဏ်ကြောင့် တောင်ကျရေတွေကျလာပြီး နေအိမ်(၁)လုံး ရေစီးထဲမျောပါကာအမျိုးသား(၁)ယောက်လည်းရေထဲမျောပါသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
”တင်းချောင်းကျေးရွာအုပ်စု၊ ယောင်းယင်းကျေးရွာမှာ ဖြစ်တာ မနေ့က ၊ရုတ်တရက် တောင်ကျရေတွေထိုး ဆင်းလာတဲ့အချိန် နေမျိုးထွန်းဆိုသူက အသက်က ၃၀ ကျော်လောက်ရှိမယ်၊ ရေစီထဲပါသွား ပြီးသေဆုံးသွာတယ်၊ မနေ့ကပဲ သူ့ရဲ့အလောင်းပြန်တွေ့တယ်”လို့ ဒေသခံ
(၁)ဦးကပြောပါတယ်။
ဒေသခံ ပရဟိတအဖွဲ့ဝင်(၁)ဦးကလည်း ”မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတွေ အဆမတန်ထိုးဆင်းလာပြီး အဲ့ဒီရွာက အိမ်တစ်လုံးလည်း ရေစီးနဲ့ပါသွားတယ်၊ ဘာမှပြန်မရလိုက်ဖူး အကုန်ဆုံးရှုံးသွားတာ၊လူ ၆ ယောက်နေတဲ့အိမ် လူတွေတော့ ဘာမှမဖြစ်ဖူး ၊ အိမ်မျောပါတဲ့ မိသားစုကသက်သက်ပါ ၊ လူ ၁ ယောက် သေဆုံးတာကသက်သက်။”လို့ ပြောပါတယ်။
အဲ့ဒီ ဖြစ်စဉ်ကြောင့် သေဆုံးသူရဲ့ ရုပ်အလောင်းကို ဒေသခံ လူမှုကူညီရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ဆယ်ယူကာ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒါ့အပြင် နေအိမ်ရေစီးနဲ့ မျောပါသွားတဲ့ မိသားစု ၆ ယောက်မှာလည်း နေအိမ်နဲ့ အခြားပစ္စည်းတွေဆုံးရှုံးခဲ့ပြီး လတ်တလော မိသားစုတွေရဲ့ နေအိမ်မှာ ယာယီနေထိုင်နေရတယ်လို့ သိရပါတယ်။
ငရုတ်ကောင်းမြို့မှာ အရင်နှစ် မိုးရာသီကလည်း ရေကြီးရေလျှံမှုတွေဖြစ်ပွားကာ နေအိမ် ထောင်နဲ့ချီ ရေနစ်မြုပ်ခဲ့ပြီး လူနေအိမ် ၂ လုံးရေစီးထဲမျောပါကာ လူသေဆုံးတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်
ဒါ့အပြင် အခုလ စက်တင်ဘာ ၈ ရက်ကလည်း ဇလွန် မြို့နယ်မှာ မိုးသည်းထန်စ္စာရွာသွန်းပြီး ဧရာဝတီ မြင့်တက်နေတဲ့အချိန် ဧရာဝတီမြစ်အတွင်းရေဆင်းကူးတဲ့ တစ်ရက်ကွက်ထဲနေ ကလေး ၄ ယောက် ရေနစ်သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ငရုတ်ကောင်း #ရေနဲ့မျောပါလူသေဆုံးမှု