စက်တင်ဘာ ၁၄ ၊ ၂၀၂၃
SP( VOM)
မန္တလေးတိုင်း ၊တံတားဦးခရိုင် ၊ တံတားဦးလေဆိပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ လေကြောင်းရဲ အရာရှိ(၁)ဦးဟာ မနေ့ စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက ပစ်သတ်ခံရတယ်လို့ လေကြောင်းရဲ အသိုင်းအဝိုင်းဆီက သိရပါတယ် ။
” တံတားဦးလေဆိပ်ကနေ စစ်ကိုင်းမြို့နယ်က သလွန်ဖြူရွာကို သွားတယ် ၊ အဲ့ဒီ သလွန်ဖြူရွာနားမှာ ပစ်သတ်ခံရတာဖြစ်တယ် ၊ ဘယ်အဖွဲ့က ပစ်တယ်ဆိုတာ အခုထိ မသိရသေးဘူး ၊ သေဆုံးသူက လေကြောင်းရဲ ဒုရဲအုပ် သန်းမင်းစိုး ဆိုသူဖြစ်တယ် ၊ သူရော သူ့မိန်းမပါ ပစ်သတ်ခံရတယ်လို့ ကနဦး သိရတယ် ၊ သူ့မိန်းမတော့ သေ ၊ မသေ မသိရသေးဘူး” လို့ တံတားဦးလေဆိပ် အသိုင်းအဝိုင်းက ပြောပါတယ်။
အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ကိုင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” မနေ့က နေ့လယ်ပိုင်းမှာ သလွန်ဖြူရွာကို တံတားဦး လေဆိပ်က လေကြောင်းရဲ ဒုရဲအုပ် သန်းမင်းစိုး ကရောက်လာပြီး သူ့မိန်းမရဲ့အမျိုးတွေကို လာကန်တော့တယ် ၊ အဲ့ဒါပြီးတော့ မိန်းမနဲ့ကလေးတွေရယ် ယောက္ခမရယ် ကားနဲ့အပြန် ဘုန်းကြီးကျောင်းနား အရောက်မှာ အမည်မသိ (စုံစမ်းဆဲ) လူ ၃ ယောက်က သန်းမင်းစိုးကို ပစ်သတ်တယ် ၊ ယောက္ခမနဲ့ ကလေးတွေကို မသေရင်ပြန်သွားလို့ ပြောတယ် ၊ နောက်ပြီး သန်းမင်းစိုးရဲ့ မိန်းမကို အဲ့ဒီ လူ ၃ ယောက်က ခေါ်သွားတယ် ၊ ညနေ ၄ နာရီဝန်းကျင်လောက်မှာ သူ့မိန်းမ အလောင်းကို သန်းမင်းစိုး အလောင်းနား ပြန်လာထားတယ် ၊ ညနေ ၆ နာရီဝန်းကျင်မှာ သူတို့လင်မယား ၂ ယောက် ဆေးရုံကိုရောက်လာတယ် “လို့ ပြောပါတယ်။
အဲ့ဒီ အမှုကိုတော့ စစ်ကိုင်မြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် မနေ့ စက်တင်ဘာ ၁၃ ရက် နေ့လည်ပိုင်းကလည်း ရန်ကုန်တိုင်း ၊ ရွှေပြည်သာမြို့နယ် ၊ အမှတ် ၈ ရပ်ကွက် ၊ တပင်ရွှေထီးလမ်းမှာ လက်ဖက်ရည်သောက်နေတဲ့ ဧည့်သည် ရဲအုပ်တစ်ယောက် ပစ်သတ်ခံရတာလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #တံတာဦးလေဆိပ် #ရဲအရာရှိပစ်သတ်ခံရ