ဂျေရုဆလင် ၊ အောက်တိုဘာ-၁၀-၂၀၂၃
မျိုးဆက်(VOM)
လူပေါင်း ထောင်ချီ သေဆုံးခဲ့ရတဲ့ ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှု သုံးရက်ကြာ ပြီးနောက် နယ်စပ်ကို လုံခြုံအောင်လုပ်နိုင်ပြီလို့ အစ္စရေးက ပြောပါတယ်။
နယ်စပ်ကို မနေ့က ဟားမတ်စ်လက်နက်ကိုင်တွေ ဖြတ်ကျော်ဝင်ရောက်မှုမရှိတော့ပေမယ့် လူ ၁၅၀၀ ရဲ့ အလောင်း တွေကိုတွေ့ရှိခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးလေတပ်က ညတွင်းချင်းပဲ တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ခဲ့ပြီး ပစ်မှတ် ၂၀၀ ကျော် ထိမှန်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် လူ ၇၀၀ ကျော် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း အာဏာပိုင်တွေက အတည် ပြုပြောပါတယ်။
အစ္စရေးဟာ လောင်စာဆီ၊ လျှပ်စစ်နှဲ့ရေတို့ကို ဖြတ်တောက်ထားတာကြောင့် ဂါဇာကမ်းမြောင်ဒေသအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတည်ဆောက်ဖို့ ယူနီဆက်ဖ်က တောင်းဆိုထားပါတယ်။
အစ္စရေးနိုင်ငံကို ဟားမတ်စ်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေမှာ အီရန်နိုင်ငံ ပါဝင်ပတ်သက်မှု မရှိဘူးလို့ အီရန် ဘာသာ ခေါင်းဆောင်ခါမေနီက ငြင်းဆိုထားပေမယ့် ဟားမတ်စ်တို့ကို ချီးကျူးပြောဆိုထားပါတယ်။
Ref:BBC
Photo:Reuters
Telegram Link: https://t.me/VOMNEWS2023/2912?single