အောက်တိုဘာ ၁၆၊ ၂၀၂၃
Shy V (VOM)
တရုတ် – မြန်မာနေစပ်၊ ရွှေလီ၊ ကျယ်ဂေါင် ကနေ မူဆယ်ဘက် မနိုင်မနင်း ပစ္စည်းတင်တဲ့ ဆိုင်ကယ်တွေကို တရုတ်ဘက်က ကြိုတင်အသိပေး ၁၀ ရက် ပြီးနောက် အရေးယူတော့မယ်လို့ အောက်တိုဘာ ၁၂ ရက်နေ့က ပြောဆိုထားကြောင်း နယ်စပ်ကုန်သည်၁ ဦးက ပြောပါတယ်။
“စစ်နေဝာဝော့ ကြာပြီ။ ဒါပေမယ့် ခုဝော့ ဖမ်းတာ မတွေ့သေးဘူး။ပစ္စည်းများရင်တော့ စစ်ဆေးရေးဂိတ်က ရဲတွေ မရောက်ေသးတဲ့ အချိန်ကို ချိန်ဆပြီး မိုးမလင်းခင် ထွက်လာရတယ်” လို့ ဆိုင်ကယ်နဲ့ ပစ္စည်း သယ်ထုတ် နေသူက ပြောပါတယ်။
“ရွှေလီ၊ ကျယ်ဂေါင်ကနေ ဆိုင်ကယ်နဲ့ မနိုင်မနင်း ပစ္စည်းသယ်ထုတ်တာတွေကို အကုန်ဖမ်းမယ်။ တနိုင်တပိုင်ပဲ တင်လို့ရမယ်။ အဝင် အထွက် ပစ္စည်းတွေကို တွေ့ကရာ တင်သွင်းတဲ့ လူတွေကိုလည်း ဖမ်းမှာ” လို့ ရွှေလီရောက် မြန်မာ နိုင်ငံသား ၁ ဦးက ပြောပါတယ်။
ဒါ့အပြင် လိုင်စင်မလိုတဲ့ တရုတ်ထုတ် ဘက်ထရီကားတွေကိုလည်း ဝယ်မစီးဖို့၊ အဲဒီ ဘက်ထရီကားတွေက လုံခြုံမှုအတွက် စည်းကမ်းလိုက် နာခြင်းမရှိဘဲ ထုတ်လုပ်ထားတာကြောင့် တရုတ်အစိုးရအနေနဲ့ လိုင်စင် ထုတ်မပေးထားဘူးလို့ ဆိုပါတယ်။
“ဆိုင်ကယ်ရော၊ သုံးဘီးရော၊ ကားရော လိုင်စင်မရှိရင် ဖမ်းမယ်လို့ပြောတယ် ဟိုတနေ့ အစည်းဝေးမှာ။” လို့ သူက ပြောပါတယ်။
ဆိုင်စီးရင် ဦးထုပ်ဆောင်းဖို့၊ ယာဉ်တွေ ဝယ်ယူချိန် ပေးလိုက်တဲ့ နံပါတ်ပြား၊ စာရွက်စာတမ်း တပါတည်း ယူဆောင်လာဖို့၊ ပလက်ဖောင်းပေါ် ဆိုင်ကယ် မမောင်းဖို့၊ ကားမောင်းရင် ခါးပတ်ပတ်ဖို့၊ ယာဉ်မောင်းသူတိုင်း လိုင်စင် ရှိဖို့ကို အောက်တိုဘာ ၁၂ ရက်နေ့က ရွှေလီမြို့ ယာဉ်ထိန်းရုံးမှာ အစည်းဝေးခေါ် ပြောဆိုခဲ့တာကြောင့် ပစ္စည်း ကယ်ရီလုပ်နေသူတွေလည်း အဲဒီ စည်းမျည်းစည်းကမ်းတွေ လိုက်နာဖို့ လိုတယ်လို့ ရွှေလီ ဒေသခံတွေက ပြောပါတယ်။
Photo Crd# Original Uploader