တပတ်အတွင်း ကျင်စန်းကျော့ ဂိတ် ကနေ ပို့ကုန် သွင်းကုန် ကား အဝင်အထွက် အခြေအနေ

အောက်တိုဘာ ၁၇၊ ၂၀၂၃ Shy V (VOM) တရုတ် – မြန်မာနယ်စပ်၊ မူဆယ် ကျင်စန်းကျော့ နှစ်နိုင်ငံ ကုန်သွယ်ရာ နယ်စပ်ဂိတ်ကနေ အောက်တိုဘာ ၁၀ ရက်မှ အောက်တိုဘာ ၁၆ ရက်နေ့ အထိ တပတ်အတွင်း ပို့ကုန်သွင်းကုန်ကား စုစုပေါင်း ၁၄၈၉ စီးရှိကြောင်း နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေရဲ့ စာရင်းမှတ်တမ်းတွေအရ သိရပါတယ်။ မြန်မာနိုင်ငံဘက်ကနေ တရုတ်ဘက်ကို ခါလီ (ကုန်မပါ)အပါအဝင် ပို့ကုန်ကား တပတ်အတွင်း ၆၇၇ စီး ရှိကြောင်း တွေ့ရပါတယ်။ ပို့ကုန်တွေကတော့ ငါးရှဉ့်၊ ဂဏန်း၊ ဖရဲ၊ သကာရည် နဲ့ အခြား ကုန်မျိုးစုံပါဝင်ပြီး တရက်ကို တရုတ်ဘက် ခါလီ အပါအဝင် ပျမ်းမျှ မြန်မာဘက်က ကား ၉၇ စီး ဝန်းကျင်ဝင်‌ေရာက် တာကိုတွေ့ရပါတယ်။…

Read More

ယနေ့ ရွှေဈေး (အောက်တိုဘာ- ၁၇ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၂၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၄၃၀၀၀ ကျပ် ဝယ်ဈေး ၃၃၉၃၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၂၃၀၀၀ ကျပ် ဝယ်ဈေး ၃၃၇၃၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အသင်းဝင်ခြင်းမရှိတဲ့ ကုန်တင်ယာဉ်တွေကို သက်တမ်းတိုး ဆောင်ရွက်ပေးမှာမဟုတ်

အောက်တိုဘာ ၁၇ – ၂၀၂၃ SN (VOM) အသင်းဝင်ရောက်ထားခြင်းမရှိတဲ့ ကုန်တင်ယာဉ်တွေကို ကုန်စည်သယ်ယူပို့ဆောင်တဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်အသစ်လျှောက်ထားတာနဲ့ လိုင်စင်သက်တမ်းတိုးတာတွေကို ဆောင်ရွက်ပေးတော့မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျင်သိန်းက ပြောပါတယ်။ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနက အဝေးပြေးကုန် စည်ပို့ဆောင်ရေးစနစ်ကို E-lock စနစ် ကျင့်သုံးနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းကြောင့် ၉ တန်နဲ့အထက် ကုန်တင်ယာဉ်တွေအနေနဲ့ မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဝင်ဖို့ အသိပေးနှိုးဆော်ထားတာ ဖြစ်ပါတယ်။ “E-lock စနစ်က အခုတော့ကျွန်တော်တို့က ကုန်သေတ္တာတင်ယာဉ်၊ အလုံပိတ်ယာဉ်တွေမှာ စပြီးတော့သုံးတာပေါ့နော်။ နောက်ဆိုရင် အထွေထွေကုန်ပစ္စည်းတွေ၊ ဆေးကုမ္ပဏီတွေ၊ စပ်ထားတဲ့ ကုန်ပစ္စည်းအစုံတွေ၊ အဲ့ကားတွေမှာကျင့်သုံးဖို့အထိ ရည်ရွယ်ထားပါတယ်။ ဒါ့ကြောင့် တနိုင်ငံလုံးမှာရှိတဲ့‌ မော်တော်ယာဉ်တွေက သက်ဆိုင်ရာတိုင်းဒေသကြီးရဲ့ အသင်းဝင်ဖြစ်ရေးကို လိုလားပါတယ်။ တကယ်လည်း လိုအပ်ပါတယ်။ အဲ့ဒါမှ တနိုင်လုံးမှာရှိတဲ့ မော်တော်ယာဉ်တွေက…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (အောက်တိုဘာ-၁၇ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၃၄၀ ကျပ် ဝယ်ဈေး – ၃၂၉၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၄၃၅ ကျပ် ဝယ်ဈေး – ၂၃၇၅ ကျပ် -ယူရို ရောင်းဈေး – ၃၅၄၄ ကျပ် ဝယ်ဈေး – ၃၄၈၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၂.၁၆ ကျပ် ဝယ်ဈေး – ၉၀.၄၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၁၈ ကျပ် ဝယ်ဈေး – ၇၀၄ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၅၅ ကျပ် ဝယ်ဈေး – ၄၄၅ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ခင်ဦးပစ်ခတ်မှု လုံခြုံရေး တပ်ဖွဲ့ဝင် ၂ ယောက်နဲ့ ဘုန်းကြီးတပါး ၊ အမျိုးသမီးတယောက် သေဆုံး

အောက်တိုဘာ ၊ ၁၇ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့ ၊ မြို့နယ် ပြည်သူ့ဆေးရုံနား ရေဦး – ခင်ဦးသွားကားလမ်းပေါ်မှာ ဒီကနေ့ မနက်ပိုင်းက ပစ်ခတ်မှုတွေဖြစ်ပွားလို့ သေဆုံးဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနက်အစောပိုင်း ၆ နာရီခွဲ ၇ နာရီလောက်မှာ ဗလီကွေ့နားမှာ ပစ်ခတ်သံတွေကြားရတယ် ၊ လုံခြုံရေးအဖွဲ့နဲ့ ဒေသတွင်းလက်ကိုင် အဖွဲ့တွေ ပစ်ကြတာလို့သိရတယ် ၊ မြို့လုံခြုံရေးအဖွဲ့ဘက်က ၂ ယောက်သေပြီး သေနတ် ၂ လက်ပါသွားတယ် ၊ အဲ့ဒီ ပစ်ခတ်မှုမှာ လမ်းသွားလမ်းလာ ဘုန်းကြီးတပါးနဲ့ အမျိုးသမီးတယောက်လည်း ကျည်ဆံထိမှန်တယ် ၊ အဲ့ဒီ ဘုန်းကြီးနဲ့ အမျိုးသမီးတယောက်လည်း သေတယ်လို့ ကြားရတယ် ၊…

Read More

ဟားမတ်စ်တို့ကို ထိုးစစ်ဆင်မယ့်ကိစ္စဆွေးနွေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစ္စရေးသွားမယ်

တဲလ်အဗစ်၊ အောက်တိုဘာ-၁၇ -၂၀၂၃ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်စစ်သွေးကြွတွေကို ထိုးစစ်ဆင်မယ့် အစ္စရေးရဲ့အသီအစဥ်တွေနဲ့ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့မှာ အစ္စရေးနိုင်ငံကိုသွားရောက်မှာဖြစ်ပါတယ်။ သမ္မတဂျိုးဘိုင်ဒင်ဟာ အရပ်သားသေဆုံးမှု အနည်းဆုံးဖြစ်အောင် အစ္စရေး စစ်ဆင်ရေးကို ဘယ်လို လုပ်မလဲဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးမှာဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ အစ္စရေးကို တိုက်ခိုက်ဖို့ ဒီအကျပ်အတည်းကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတဲ့ နိုင်ငံတွေကို ဂျိုးဘိုင်ဒင်က သတိပေးသွားမှာဖြစ်တယ်လို့ အမေရိကန်ကပြောပါတယ်။ ဒီအ​တောအတွင်း ဟားမတ်စ်တို့ထိန်းချုပ်ထားတဲ့ ဂါဇာကမ်းမြှောင်ရှိ ကျန်းမာရေးစနစ်ဟာ ပြိုလဲလုနီးဖြစ်နေပြီး ဆေးရုံတွေမှာလည်း ဆေးဝါးပြတ်လပ်နေကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ ရာဖာနယ်စပ်အနီး ဂါဇာကမ်းမြောင်တောင်ဘက်ခြမ်းကို တနင်္လာနေ့ညက အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၄၉ ဦး သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းအရာရှိတွေက ပြောပါတယ်။ အစ္စရေးမှာလည်း အောက်တိုဘာ ၇ ရက်ကတည်းက ဟားမတ်စ်အဖွဲ့ရဲ့တိုက်ခိုက်မှု ကြောင်ံ လူ၁၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။…

Read More

NCA အခမ်းအနားကို တက်ရောက်လာတဲ့ ခေါင်းဆောင်တချို့ရဲ့ သဘောထားများ

နေပြည်တော်၊ အောက်တိုဘာ- ၁၅- ၂၀၂၃ KT (VOM) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံရေးခေါင်းဆောင်တချို့နဲ့ တိုင်းရင်းသားခေါင်းဆောင်တချို့ရဲ့ သဘောထားမှတ်ချက်တွေကို VOM က စုစည်းတင်ဆက်ထားပါတယ်။ အဲ့ဒီ အခမ်းအနားကို နစက ဥက္ကဌနဲ့ အဖွဲ့ဝင်တွေအပြင် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားခေါင်းေဆာင်တွေနဲ့ငြိမ်းချမ်းရေးအကျိုးတော်ဆောင် အများအပြား တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။

Read More

ရွှေပြည်သာယာဉ်တိုက်မှု ၂ ဦးသေ၊ ၄ ဦး ဒဏ်ရာရ

အောက်တိုဘာ ၁၇ – ၂၀၂၃ SN (VOM) ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်မှာ မနေ့ အောက်တိုဘာ ၁၆ ရက်နေ့၊ ည ၈ နာရီဝန်းကျင်က အရေးပေါ်လူနာတဦးကို ဆေးရုံလိုက်ပို့တဲ့ ပရဟိတကားတစီးဟာ ရပ်ထားတဲ့ တွဲကားကို ဝင်တိုက်မိတာကြောင့် စေတနာ့ဝန်ထမ်းတဦးနဲ့ လူနာတို့ သေဆုံးသွားခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖြစ်စဉ်အတွင်း သွားရောက်ကူညီခဲ့တဲ့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။ အဲ့ဒီ့ဖြစ်စဉ်ဟာ ရွှေပြည်သာမြို့နယ်၊ (၁၄) လမ်းဆုံ၊ ပုလဲလမ်းမပေါ်၊ Nescafe ကုမ္ပဏီအရှေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စေတနာ့ဝန်ထမ်းကတော့ အခင်းဖြစ်တဲ့နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ကာ အဲ့ဒီ့ ပရဟိတလူနာတင်ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ လူနာကတော့ ဆေးရုံရောက်တဲ့အချိန်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ “အဲ့ဒီ့ လူနာတင်ယာဉ်က ယာဉ်ပေါ်မှာ အနီရောင်အဆင့်လူနာ ပါလာတယ်။ အဲ့ကားက ရွှေပြည်သာဘက်ကနေ အင်းစိန်ဆေးရုံကို မောင်းလာတာပါ။ အခင်းဖြစ်တဲ့နေရာရောက်တော့…

Read More

ဂါဇာကို ကြည်း၊ ရေ၊ လေ ထိုးစစ်ဆင်ဖို့ အစ္စရေးစစ်တပ်က ဘာတွေပြင်ဆင်ထားသလဲ

တဲလ်အဗစ်၊ အောက်တိုဘာ – ၁၆- ၂၀၂၃ မျိုးဆက်(VOM) အစ္စရေးစစ်တပ်က ဂါဇာကို ကြည်း‌၊ ရေ၊ လေ သုံးသွယ်နဲ့ တိုက်ခိုက်ဖို့ပြင်ဆင်နေတဲ့အ‌ကြောင်းနဲ့ ဂါဇာကမ်းမြောင်ရဲ့ လက်ရှိအခြေအနေတွေကို ဒီဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။ #voiceofmyanmar #vom #US

Read More

ယနေ့ ရွှေဈေးအဖွင့် (အောက်တိုဘာ- ၁၇ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၁၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၀၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW