ဟားမတ်စ်တို့ကို ထိုးစစ်ဆင်မယ့်ကိစ္စဆွေးနွေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစ္စရေးသွားမယ်

တဲလ်အဗစ်၊ အောက်တိုဘာ-၁၇ -၂၀၂၃
မျိုးဆက်(VOM)
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်စစ်သွေးကြွတွေကို ထိုးစစ်ဆင်မယ့် အစ္စရေးရဲ့အသီအစဥ်တွေနဲ့ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့မှာ အစ္စရေးနိုင်ငံကိုသွားရောက်မှာဖြစ်ပါတယ်။
သမ္မတဂျိုးဘိုင်ဒင်ဟာ အရပ်သားသေဆုံးမှု အနည်းဆုံးဖြစ်အောင် အစ္စရေး စစ်ဆင်ရေးကို ဘယ်လို လုပ်မလဲဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးမှာဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။
အစ္စရေးကို တိုက်ခိုက်ဖို့ ဒီအကျပ်အတည်းကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတဲ့ နိုင်ငံတွေကို ဂျိုးဘိုင်ဒင်က သတိပေးသွားမှာဖြစ်တယ်လို့ အမေရိကန်ကပြောပါတယ်။
ဒီအ​တောအတွင်း ဟားမတ်စ်တို့ထိန်းချုပ်ထားတဲ့ ဂါဇာကမ်းမြှောင်ရှိ ကျန်းမာရေးစနစ်ဟာ ပြိုလဲလုနီးဖြစ်နေပြီး ဆေးရုံတွေမှာလည်း ဆေးဝါးပြတ်လပ်နေကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
ရာဖာနယ်စပ်အနီး ဂါဇာကမ်းမြောင်တောင်ဘက်ခြမ်းကို တနင်္လာနေ့ညက အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၄၉ ဦး သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းအရာရှိတွေက ပြောပါတယ်။
အစ္စရေးမှာလည်း အောက်တိုဘာ ၇ ရက်ကတည်းက ဟားမတ်စ်အဖွဲ့ရဲ့တိုက်ခိုက်မှု ကြောင်ံ လူ၁၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုအတွင်း လူ ၂၇၀၀ ကျော် သေဆုံးခဲ့ကြောင်းသိရပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW