တပတ်အတွင်း ကျင်စန်းကျော့ ဂိတ် ကနေ ပို့ကုန် သွင်းကုန် ကား အဝင်အထွက် အခြေအနေ

အောက်တိုဘာ ၁၇၊ ၂၀၂၃
Shy V (VOM)
တရုတ် – မြန်မာနယ်စပ်၊ မူဆယ် ကျင်စန်းကျော့ နှစ်နိုင်ငံ ကုန်သွယ်ရာ နယ်စပ်ဂိတ်ကနေ အောက်တိုဘာ ၁၀ ရက်မှ အောက်တိုဘာ ၁၆ ရက်နေ့ အထိ တပတ်အတွင်း ပို့ကုန်သွင်းကုန်ကား စုစုပေါင်း ၁၄၈၉ စီးရှိကြောင်း နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေရဲ့ စာရင်းမှတ်တမ်းတွေအရ သိရပါတယ်။
မြန်မာနိုင်ငံဘက်ကနေ တရုတ်ဘက်ကို ခါလီ (ကုန်မပါ)အပါအဝင် ပို့ကုန်ကား တပတ်အတွင်း ၆၇၇ စီး ရှိကြောင်း တွေ့ရပါတယ်။
ပို့ကုန်တွေကတော့ ငါးရှဉ့်၊ ဂဏန်း၊ ဖရဲ၊ သကာရည် နဲ့ အခြား ကုန်မျိုးစုံပါဝင်ပြီး တရက်ကို တရုတ်ဘက် ခါလီ အပါအဝင် ပျမ်းမျှ မြန်မာဘက်က ကား ၉၇ စီး ဝန်းကျင်ဝင်‌ေရာက် တာကိုတွေ့ရပါတယ်။
တရုတ်ဘက်ကနေ မြန်မာဘက် အထွက် ခါလီနဲ့ ကားအသစ်တွေ အပါအဝင် တပတ်အတွင်း သွင်းကုန်ကား ၆၇၈ စီး ရှိတာကိုတွေ့ရပါတယ်။
သွင်းကုန် ပစ္စည်းတွေကတော့ စက်သုံးဆီ ဓာတ်ဆီ၊ ဒီဇယ်၊ စက်ယန္တရားတွေ နဲ့ အခြား ကုန်မျိုးစုံ ပါဝင်ပြီး တရက်ကို တရုတ်ဘက် ကနေ မြန်မာဘက် သွင်းကုန်ကား အစီးရေ ၉၇ စီး ဝန်းကျင် ဝင်ပါတယ်။
အရင် တပတ်နဲ့ နှိုင်းယှဉ်ရင် အခု တပတ်မှာ ပို့ကုန်ကား ၁၈ စီးခန့် ပိုလာပြီး သွင်းကုန်ကားလည်း ၂၆ စီး ဝန်းကျင် ပိုလာကာ စုစုပေါင်း ပို့ကုန် သွင်းကုန်ကား အစီး ၄၇၀ ကျော် ပိုမိုကုန်သွယ် လာနိုင်တာကို တွေ့ရပါတယ်။
တရုတ် မြန်မာ နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်း အနေနဲ့ ကောက်တိုဘာလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ ပို့ကုန် တန်ဖိုး အမေရိကန် ဒေါ်လာ ၉.၀၅၆ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန် ဒေါ်လာ ၉.၆၉ သန်း ရှိပြီး စုစုပေါင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁၈.၇၈၄ သန်း ရှိကြောင်း ကုန်သွယ်ရေး ဦးစီးဌာနက သတင်း ထုတ်ပြန်ချက် အရသိရပါတယ်။
Photo: Shy V

Related posts

Leave a Comment

VOM News

FREE
VIEW