ထိုင်ဝမ်သမ္မတရွေးကောက်ပွဲ တရုတ်လိုလားတဲ့ ကူမင်တန်ပါတီရှုံးနိမ့်ပြီး အာဏာရပါတီမှ ဝီလျံလိုင် အနိုင်ရ

 

တိုင်ပေ၊ ဇန်နဝါရီ-၁၃-၂၀၂၄

မျိုးဆက်(VOM)

ဒီနေ့ကျင်းပတဲ့ ထိုင်ဝမ်သမ္မတရွေးကောက်ပွဲမှာ အတိုက်အခံကူမင်တန်ပါတီက ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်ပြီးနောက် အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီက ဝီလျံလိုင်က ကရွေးကောက်ပွဲအနိုင်ရပြီး သမ္မတသစ်ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ အတိုက်အခံကူမင်တန်ပါတီက ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေး၊ တရုတ်နဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့ ကတိကဝတ်တွေပြုခဲ့ပြီး တရုတ်နိုင်ငံကလည်း ဝီလျံလိုင်ဟာ ဒုက္ခပေးမယ့်သူတယောက်လို့ တံဆိပ်ကပ်ခဲ့ပါတယ်။

ဝီလျံလိုင်ကတော့ ထိုင်ဝမ်ကို တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေကနေ ကာကွယ်သွားမှာဖြစ်ပြီး ပိုနေမြဲ ကျားနေမြဲအခြေအနေကိုလည်း ထိန်းသိမ်းသွားမှာဖြစ်ကာ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ထိပ်တိုက်ရင်ဆိုင်ရေးထက် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းများကို အသုံးပြုသွားမှာဖြစ်တယ်လို့ ရွေးကောက်ပွဲဆွယ်စည်းရုံးရေးမှာ ဝီလျံလိုင်က ပြောဆိုထားပါတယ်။

ထိုင်ဝမ်ဟာ ဒီမိုကရေစီကို ထိန်းသိမ်းဖို့၊ ထိုင်ဝမ်နဲ့လွတ်လပ်ခွင့်ကို ချစ်တဲ့စိတ်ကို ဘယ်လိုစိန်ခေါ်မှုနဲ့ ဖိအားတွေကမှ ဖြိုခွင်းနိုင်မှာမဟုတ်ဘူးဆိုတာ ကမ္ဘာကိုပြသလိုက်တာဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က ပါတီထောက်ခံသူတွေကို ပြောပါတယ်။

“ ကမ္ဘာကြီးက ထိုင်ဝမ်ရွေးကောက်ပွဲကို စောင့်ကြည့်ပြီး မိမိတို့ရဲ့ ဒီမိုကရေစီစံနှုန်းတွေကို မြင်နေရတယ်” လို့ သူမက ပြောပါတယ်။ ဒီနေ့မှာတော့ ထိုင်ဝမ်သမ္မတရွေးကောက်ပွဲအပြင် အမတ်နေရာ ၁၁၃ နေရာရှိတဲ့ လွှတ်တော်ရွေးကောက်ပွဲတွေလည်း ကျင်းပခဲ့ပါတယ်။

Ref:BBC

Photo:Reuters/Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW