ယာယီပိတ်ထားခံရတဲ့ မင်္ဂလာဆေးရုံ ပြန်လည်ဖွင့်လှစ်

မန္တလေး၊ ဇန်နဝါရီ- ၁၄- ၂၀၂၄
SA(VOM)

ပြီးခဲ့တဲ့နှစ် ၂၀၂၃ သြဂုတ်လ ၂၅ ရက်နေ့က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၄၂ လမ်းနဲ့ ၅၈ လမ်းထောင့်မှာရှိတဲ့ ပုဂ္ဂလိကပိုင် မင်္ဂလာဆေးရုံကို CDM ဝန်ထမ်းတွေကို အလုပ်ခန့်တယ်ဆိုပြီး သက်ဆိုင်ရာက သုံးလယာယီပိတ်ထားခဲ့တဲ့နောက် မနေ့၊ ဇန်နဝါရီ ၁၃ ရက်နေ့မနက်ပိုင်းက ဆေးရုံကို ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

မင်္ဂလာဆေးရုံကို VOM က ဆက်သွယ်မေးမြန်းနဲ့အခါမှာ ” ဆေးရုံပြန်ဖွင့်ပါပြီ မနေ့ ဇန်နဝါရီမနက် ၇ နာရီကစပြီး ကျန်းမာရေးဝန်ဆောင်မှုတွေစတင် လုပ်ဆောင်ပေးနေပါပြီ။ ပြီးခဲ့တဲ့နှစ် ၂၀၂၃ သြဂုတ်လမှာ ဆေးရုံပိတ်တာမှန်ပါတယ်။ ဘယ်လိုညှိနှိုင်းမှုတွေရှိတယ်ဆိုတာကတော့ ဆေးရုံဘက်က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီးတော့မှ ဖြေကြားလို့ရပါမယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ မန္တလေးမြို့က ဆေးရုံတွေဖြစ်တဲ့ နန်းေတာ်ဆေးရုံ၊ တက်နေလင်းဆေးရုံ၊ မြို့တော်ဆေးရုံတို့ ပိတ်သိမ်းခံခဲ့ရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW