အင်ဒိုနီးရှားနိုင်ငံမှာ ရေကြီးရေလျှံမှုကြောင့် လူ ၅၀ ထက်မနည်း သေဆုံး

ဂျကာတာ၊ မတ်-၁၇-၂၀၁၉

မျိုးဆက် (VOM)

 

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဖျားပိုင်းပြည်နယ်ဖြစ်တဲ့ ပါပူဝါပြည်နယ်မှာ ရေကြီးရေလျှံမှုကြောင့် လူ ၅၀ ဦးထက်မနည်းသေဆုံးသွားပြီး ဒေသဆိုင်ရာ သဘာဝဘေးအန္တရယ်အေဂျင်စီက မတ် ၁၇ ရက်က ပြောပါတယ်။

 

ပြည်နယ်ရဲ့မြို့တော် ဂျာရာပူရာအနီး ဆန်တာနီဒေသမှာ မတ် ၁၆ ရက်ကတည်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

 

ရေကြီးရေလျှံမှုကြောင့် မော်တော်ယာဉ်တွေ၊ နေအိမ်တွေ ရေစီးနဲ့ မျောပါသွားပြီး လမ်းမတွေပေါ်မှာ ညလုံးပေါက် ရေလွှမ်းခဲ့တယ်လို့ သတင်းတွေကဆိုပါတယ်။

 

ရေကြီးရေလျှံမှုကြောင့် လူ ၅၀ ဦးထက်မနည်းသေဆုံးခဲ့ရတဲ့အပြင် ၅၉ ဦးမှာ ဆိုးရွားဆိုးရွား ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။

 

ရေကြီးရေလျှံမှုကြောင့် တံတားသုံးစင်းလည်း ပျက်စီးသွားတယ်လို့  အမျိုးသား သဘာဝဘေးအန္တရာယ်အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ ဆူဆိုပိုနူဂရိုဟိုက ပြောဆိုပြီး ရေကြီးရေလျှံမှုကို ခံစားခဲ့ရတဲ့ ဒေသအားလုံးဆီကို ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့က ကူညီရေးတွေ မလုပ်နိုင်သေးဘူးလို့ ၎င်းကပြောပါတယ်။

 

အခုချိန်မှာတော့  ရေကျသွားပြီး ရွှံ့တွေ၊ သစ်လုံးတွေနဲ့ ရေစီးနဲ့အတူပါလာတဲ့  အခြားပစ္စည်းတွေကို တွေ့နေရတယ်လို့ နူဂရိုဟိုကဆိုပါတယ်။ ရေကြီးရေလျှံမှုကြောင့် နေအိမ်တွေ ပျက်စီးသွားတဲ့ ဒေသခံ တွေကတော့ အစိုးရရုံးဌာနတွေရဲ့ အမိုးအကာအောက်မှာ ခိုလှုံနေကြတယ်လို့ ၎င်းကပြောပါတယ်။

 

Ref : RT/ Reuters

Photo : Reuters

Related posts

Leave a Comment

VOM News

FREE
VIEW