ဗျတ္တပန်းဆက်လမ်းကြီး ပိုက်ဆံကျဲချခိုင်းသူတွေနဲ့ စည်ကားနေတဲ့ တရားခံက ဘယ်သူလဲ….

TGH(VOM) အခုလိုအချိန်ဆို အညာဒေသမှာ လေရူးတွေတိုက်ခတ်နေသလိုရာသီဥတုကလည်း ပူပြင်းနေတတ်တာ နှစ်တိုင်းပါပဲ။အဲ့လိုအပူချိန်ကိုအန်တုပြီး လာသမျှကားတွေဆီကနေ ဖိနပ်မပါ ထီးမဆောင်းပဲ အလှူငွေလိုက်တောင်းနေတဲ့ သူတွေလည်းမနည်းမနောပါပဲ။ ပုဂံနဲပုပ္ပါးကို ဆက်သွယ်ထားတဲ့ ဗျတ္တပန်းဆက်လမ်းလို့ ခေါ်တဲ့လမ်းပေါ်မှာတော့ အဲ့လိုလူတွေကို ပိုတွေ့ရမှာပါ။အဲ့ဒီသူတွေရဲ့ အဓိက၀င်ငွေက လာတဲ့ကားတွေဆီကနေ ပိုက်ဆံတောင်းတာဖြစ်ပါတယ်။ကလေးသူငယ်တွေလည်းပါသလို အသက်အရွယ်ကြီးရင့်သူတွေလည်းပါဝင်ပါတယ်။ကားတစ်စီးဖြတ်သွားတိုင်းလည်း  ပါးစပ်ကနေ ““money money  ကျဲခဲ့ပါအုံး”လို့ တစာစာအော်နေကြတဲ့သူတွေပါ။ ဒါဟာ ဗျတ္တပန်းဆက်လမ်းမကြီးပေါ်ရောက်သွားခဲ့သူတွေ ကြုံကိုကြုံရမယ့်အနေအထားပါ။ ရိုးရာဓလေ့လိုဖြစ်နေတဲ့ အဲ့ဒီအစဉ်အလာကြားထဲမှာ လောဘတစ်ချို့ကလည်း ကပ်ပါလာပါတယ် အဲ့ဒါကိုတော့ အဲ့ဒီလမ်းပေါ်သွားခဲ့တဲ့ ဆရာတော် ဦးကေလာသ ရဲ့ဖြစ်ရပ်က မီးမောင်းထိုးပြနေပါတယ်။ပိုက်ဆံတောင်းနေတာကို ချမပေးခဲ့လို့ ကားကိုခဲနဲ့ထုခံခဲ့ရတယ်လို့ ဦးဇ္ဇင်းက မိန့်ပါတယ်။ “ ကိုယ့်ရှေ့ကမှန်လုံကားက ပိုက်ဆံကြဲလိုက်တယ်။အဲ့ဒီမှာ ၀ိုင်းအုံပြီးလုကောက်ကြတယ်။နောက်က ဘာကားလာလာ ဂရုမစိုက်ဘူး။ဘုန်းဘုန်းတို့ကတော့ အန္တရာယ်ဖြစ်မှာစိုးလို့ ကားအရှိန်လျှော့လိုက်တယ်။ဒီမှာ သူတို့က ပိုက်ဆံပေးမယ်လို့ထင်ပါလိမ့်မယ်။ဘုန်းဘုန်းတို့ကမပေးလည်း မပေးရော အမိုးပေါ်ကို ခဲပစ်လိုက်တဲ့ အသံကြားလိုက်တယ်။ဒါဘယ်လိုမှမဖြစ်သင့်ဘူး။”လို့ ဆရာတော်က သူ့ရဲ့ဖြစ်စဉ်ကို မိန့်ပါတယ်။…

Read More

အင်ဒိုနီးရှားနိုင်ငံမှာ ရေကြီးရေလျှံမှုကြောင့် လူ ၅၀ ထက်မနည်း သေဆုံး

ဂျကာတာ၊ မတ်-၁၇-၂၀၁၉ မျိုးဆက် (VOM)   အင်ဒိုနီးရှားနိုင်ငံ အရှေ့ဖျားပိုင်းပြည်နယ်ဖြစ်တဲ့ ပါပူဝါပြည်နယ်မှာ ရေကြီးရေလျှံမှုကြောင့် လူ ၅၀ ဦးထက်မနည်းသေဆုံးသွားပြီး ဒေသဆိုင်ရာ သဘာဝဘေးအန္တရယ်အေဂျင်စီက မတ် ၁၇ ရက်က ပြောပါတယ်။   ပြည်နယ်ရဲ့မြို့တော် ဂျာရာပူရာအနီး ဆန်တာနီဒေသမှာ မတ် ၁၆ ရက်ကတည်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။   ရေကြီးရေလျှံမှုကြောင့် မော်တော်ယာဉ်တွေ၊ နေအိမ်တွေ ရေစီးနဲ့ မျောပါသွားပြီး လမ်းမတွေပေါ်မှာ ညလုံးပေါက် ရေလွှမ်းခဲ့တယ်လို့ သတင်းတွေကဆိုပါတယ်။   ရေကြီးရေလျှံမှုကြောင့် လူ ၅၀ ဦးထက်မနည်းသေဆုံးခဲ့ရတဲ့အပြင် ၅၉ ဦးမှာ ဆိုးရွားဆိုးရွား ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။   ရေကြီးရေလျှံမှုကြောင့် တံတားသုံးစင်းလည်း ပျက်စီးသွားတယ်လို့  အမျိုးသား သဘာဝဘေးအန္တရာယ်အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ ဆူဆိုပိုနူဂရိုဟိုက ပြောဆိုပြီး ရေကြီးရေလျှံမှုကို ခံစားခဲ့ရတဲ့…

Read More

မီ ဇာတ်ကားနဲ့ အကယ်ဒမီရဖို့ မမျှော်လင့်ရဲဘူးဆိုတဲ့ ပိုင်ဖြိုးသု

ရန်ကုန် မတ် ၁၇- ၂၀၁၉ သင်းသဒ္ဒါ (VOM)   ပရိသတ်အားပေးမှု အခိုင်အမာရထားတဲ့   အကယ်ဒမီ ပိုင်ဖြိုးသုကတော့ လာမယ့် ၂၀၁၈ ခုနှစ်အတွက် မီဇာတ်ကားနဲ့ အကယ်ဒမီရဖို့ မမျှော်လင့်ရဲဘူးလို့ဆိုပါတယ်။   ”သုသု မီ ဇာတ်ကားကို အားလုံးက ၀ိုင်းပြီးတော့ အများကြီးလည်း ကြိုးစားထားကြပါတယ်။ သုသုကို အကယ်ဒမီ မှန်းပေးကြတဲ့ သူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဘယ်အရာမှလည်း ကြိုမမျှော်လင့်မထားရဲပါဘူး။  မျှော်လင့်ထားရင် စိတ်ပင်ပန်းပါတယ်။ ပရိသတ်တွေက မျှော်မှန်းပေးတာကြောင့်လည်း ကိုယ်ပင်ပန်းရကျိုးလည်းနပ်တယ်လို့ ထင်ပါတယ်”လို့ ဆိုပါတယ်။   မီ ဇာတ်ကားကိုတော့ စာရေးဆရာမ ကြည်အေးရဲ့ ဝတ္ထုကို ဒါရိုက်တာဏကြီးက ၁၉၅၀ ခုနှစ် ကာလဝတ်စားဆင်ယင်ပုံတွေနဲ့ အကယ်ဒမီ နေတိုး၊ အကယ်ဒမီမင်းဦး ၊အကယ်ဒမီ ရဲအောင်၊ သားညီ စတဲ့ အနုပညာရှင်တွေ အကောင်းဆုံးဖန်တီးခဲ့တယ်လို့ သိရပါတယ်။  …

Read More

ဆန်စပါးတွေ တရုတ်နိုင်ငံကို အလွယ်တကူပို့ ဆောင်နိုင်ဖို့ အပါအ၀င် လုပ်ဆောင်ဖို့လိုအပ်တဲ့အချက်ငါးချက်  တောင်းဆို

ရန်ကုန် ၊ မတ် ၁၇ TGH(VOM) တောင်သူလယ်သမားတွေ  စပါးပေါ်ချိန် စပါးဈေးကောင်းရရှိုဖို့အပါအ၀င် အသေးစားနှင့်အလတ်စား ဆန်စပါးလုပ်ငန်းလုပ်ကိုင်သူတွေ အတွက်အဓိကလိုအပ်နေတဲ့ နယ်စပ်ကနေတရုတ် နိုင်ငံကို တင်ပို့ရောင်းချရေး အဆင်ပြေစေဖို့စတဲ့  အချက်တွေပါဝင်တဲ့အချက်ငါးချက်ကို  နိုင်ငံတော်ဒုတိယသမ္မတ (၁) ဦးဆောင်တဲ့ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီဆီကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ တောင်းဆိုထားပါတယ်။   “နွေစပါး တွေလည်းပေါ်တဲ့အခါ တောင်သူလယ်သမားတွေအတွက်ဈေးကောင်းရဖို့အရေး ကြီးတယ်။ ကုန်သွယ်မှုလုပ်နိုင်ဖို့ပေါ့။ ဒါကြောင့် တရုတ်နဲ့ အစိုးရချင်း ညှိနှိုင်းမှုအပိုင်းတွေ မှာ ထိထိရောက်ရောက်လုပ်ပေးဖို့ လိုတယ်။ တင်ပြထားတယ်။ ခု ၅ ချက်ကလည်း တင်ပြထားတာပေါ့။” လို့ဆန်စပါးအသင်းချုပ် ဥက္ကဌဖြစ်သူ ဦးရဲမင်းအောင်ကပြောပါတယ်။   ဒါ့အပြင် လာမယ့် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့  စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးတဲ့အခါ တစ်ဧကကို တစ်သိန်းခွဲနှုန်း  (၁၀) ဧကအထိ ထုတ်ပေးနေပေမယ့် ရခိုင်ပြည်နယ်မှာ  (၁၀) ဧကအထက် လယ်သမားတွေကိုပါ ထုတ်ချေးပေးဖို့…

Read More

လူ ၅၀ သေဆုံးခဲ့တဲ့ နယူးဇီလန် ဗလီတိုက်ခိုက်မှုမှာ  တစ်ဦးတည်းကျူးလွန်တာလို့ ရဲတပ်ဖွဲ့ဆို

ခရစ်ချပ်ခ်ျ၊မတ်-၁၇-၂၀၁၉ မျိုးဆက်(VOM)   နယူးဇီလန်နိုင်ငံ  ခရစ်ချပ်ခ်ျမြို့ရှိ ဗလီနှစ်ခုကို မတ်၁၅ရက်က တိုက်ခိုက်ခဲ့မှုအတွက် စွဲချက်တင်ခံထားရ တဲ့  အမျိုးသားဟာ ပြစ်မှုကို တစ်ဦးတည်းကျူးလွန်တယ်လို့ ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။   အသက်၂၈နှစ်အရွယ် သြစတြေးလျနိုင်ငံသားဘရန်တန်တာရန်ဟာ လူဖြူအစွန်းရောက်သမားတစ်ဦးအဖြစ် ဖော်ပြခဲ့ပြီး ၎င်းရဲ့တိုက်ခိုက်မှုကို ဖေ့စ်ဘွတ်လူမှုကွန်ယက်မှာ တိုက်ရိုက်လွှင့်တင်ခဲ့ပါတယ်။   အခင်းဖြစ်ပွားမှုအပြီး ဖမ်းဆီးလိုက်တဲ့ အခြားသူသုံးဦးမှာ ယင်းကိစ္စမှာ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ယူဆရကြောင်း ရဲမင်းကြီး မိုက်ဘုရှ်က ပြောကြားထားပေမယ့် ဆုံးဖြတ်ချက်မချနိုင်သေးဘူးလို့ ဆိုပါတယ်။   နယူးဇီလန်နိုင်ငံရဲ့ အဆိုးရွားဆုံးသော အဆိုပါတိုက်ခိုက်မှုမှာ လူပေါင်း ၅၀ခန့်သေဆုံးပြီး အခြားသူ၅၀လည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ ဒဏ်ရာရထားသူတွေထဲ့ လူနှစ်ဦးကတော့ အရေးပေါ်အခြေအနေမှာ ရှိနေဆဲဖြစ်ပါတယ်။   AL Noor နဲ့ Linwood ဗလီတို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးသူတွေဟာ မည်သူမည်ဝါ ဖြစ်သည်ကို တရားဝင်ထုတ်ပြန်နိုင်ရေး မြန်နိုင်သမျှအမြန်ဆုံးဖြစ်အောင်…

Read More

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ထောက်ခံအင်အားပြတဲ့ပွဲ ပခုက္ကူမြို့မှာပြုလုပ်

မတ် ၁၂ -၂၀၁၉ ဗိုလ်ချုပ်ပန်းခြံကနေစတင်ပြီး ခရိုင်အားကစားကွင်းမှာ လူထုဟောပြောပွဲလုပ်ခဲ့ပါတယ်။   #voiceofmyanmar #၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ #ခြေဥပြင်ဆင်ရေး #ထောက်ခံပွဲ

Read More

အခြေခံဥပဒေပြင်ဆင်ရေးကိစ္စနဲ့ မြစ်ဆုံကိစ္စအပေါ်NLDပါတီရဲ့ ဒုဥက္ကဌ(၂) မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဒေါက်တာဇော်မြင့် ဘာပြောခဲ့သလဲ ရိုက်ကူး ကိုထွန်း(နေပြည်တော်) 

အခြေခံဥပဒေပြင်ဆင်ရေးကိစ္စနဲ့ မြစ်ဆုံကိစ္စအပေါ်NLDပါတီရဲ့ ဒုဥက္ကဌ(၂) မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဒေါက်တာဇော်မြင့် ဘာပြောခဲ့သလဲ ရိုက်ကူး ကိုထွန်း(နေပြည်တော်) #voiceofmyanmar #ဒေါက်တာဇော်မြင့်မောင် #အခြေခံဥပဒေပြင်ဆင်ရေး #မြစ်ဆုံ

Read More

သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး ရဲ့ ကျောက်ကပ်သွေးသန့်စင်ဌာနမှာ တစ်ပတ် လူနာ ၁၀၀ ကျော် ကျောက်ကပ် သွေးသန့်စင်ခြင်းပြုလုပ်နိုင်ပြီ

ရန်ကုန်၊ မတ် ၁၇ TGH (VOM) တစ်ပတ်အတွင်း လူနာ ၁၀၀ ကျော် ကျောက်ကပ် သွေးသန့်စင်ခြင်းပြုလုပ်နိုင်မယ့် ကျောက်ကပ်သွေးသန့်စင်ဌာနကို သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး ၆ ထပ်ဆေးကုသဆောင်သစ်မှာ ထည့်သွင်းဆောင်ရွက်ပေးနေပြီလို့သိရပါတယ်။   အဲ့ဒီ ကျောက်ကပ်သွေးသန့်စင်ဌာနမှာ နောက်ဆုံးပေါ် ရောဂါရှာဖွေရေးနဲ့ ကုသရေး ပစ္စည်းကိရိယာတွေထည့်သွင်းထားရှိပြီး ဆေးရုံးကြီးရဲ့ ဒုတိယထပ်မှာရှိတဲ့ ဆီးနှင့်ကျောက်ကပ်ဆေးကုသဌာနမှာ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။   “နိုင်ငံတော်ဘဏ္ဍာနဲ့ အလှူရှင်တွေလှူဒါန်းထားတဲ့ ကျောက်ကပ် သွေးသန့်စင်စက် ၂၄ လုံးရှိတယ်။ ရုံးဖွင့်ရက်မှာ တစ်နေ့ကို နံနက် တစ်ကြိမ်၊ ညနေတစ်ကြိမ် ပုံမှန် ဆောင်ရွက်ပေးနိုင်ပါတယ်။အရေးပေါ်လူနာတွေအတွက်က ပိတ်ရက်မရှိ (၂၄)နာရီ ဝန်ဆောင်မှု ပေးပါတယ်။ ” လို့ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သန်းလှ ကပြောပါတယ်။   လူနာတွေ ဆေးရုံကနေ ဆင်းတိုင်း သက်ဆိုင်ရာ ရောဂါအလိုက် လိုက်နာကျင့်သုံးဖို့လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်တွေကိုလည်း ပြုစုပြီး…

Read More

ဆေးကုသမှု မှတ်တမ်းကို စာရွက်စာတန်းအသုံးပြုတဲ့စနစ်အစား အီလက်ထရောနစ် စနစ်ပြောင်းလဲသုံးမယ်

  ရန်ကုန် ၊မတ် ၁၇ ဆေးရုံတွေမှာ လူနာကို စမ်းသပ်ကုသမှုပေးတဲ့ မှတ်တမ်းတွေကို စာရွက်အသုံးပြုမှုအစား အီလက်ထရောနစ် စနစ်သုံး မှတ်တမ်းယူတဲ့ပုံစံ ပြောင်းလဲဆောင်ရွက်သွားမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောပါတယ် ။   ဒါ့အပြင် ချက်ချင်းဓာတ်ခွဲခန်း အဖြေရရှိဖို့လိုအပ်တဲ့ ဓာတ်ခွဲစမ်းသပ်တာတွေကလွဲပြီး အချိန်ယူဆောင်ရွက်ရမယ့် ဓာတ်ခွဲစမ်းသပ်မှုတွေကို တစ်နေရာ ဒါမှမဟုတ် နှစ်နေရာ ဆောင်ရွက်နိုင်ဖို့အတွက် ဗဟိုဓာတ်ခွဲခန်း (Central Laboratory) စနစ်ကိုပါ ခေတ်မီ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာတွဲဖက်အသုံးပြုဆောင်ရွက်နိုင်ရေး စီစဉ်နေတယ်လို့ ဆိုပါတယ်   “ဒီလိုဆောင်ရွက်မှသာ ဓာတ်ခွဲစမ်းသပ်မှု ပစ္စည်းတွေ လေလွင့်မှုကိုလျော့ချနိုင်မယ်၊နောက်ပြီး နည်းပါး တဲ့ ဓာတ်ခွဲပညာရှင်တွေရဲ့ အင်အားကို အကျိုးရှိရှိနဲ့ထိရောက်စွာအသုံးချနိုင်မယ်၊ခတ်မီ ဓာတ်ခွဲစမ်းသပ်စက်ကိရိယာတွေကိုလည်း တစ်စုတစ်စည်းတည်းအသုံးချဆောင်ရွက်နိုင်တဲ့ အကျိုးကျေးဇူးတွေရရှိမှာဖြစ်တယ်”လို့ ဝန်ကြီးကပြောခဲ့ပါတယ်။   နောက်ပြီး ပြည်တွင်းက ဆေးရုံတွေအားလုံး ဖွံ့ဖြိုးစေဖို့အတွက်လည်း ဆေးရုံအသီးသီးရဲ့ ဆေးရုံအုပ်ကြီးတွေ၊အုပ်ချုပ်စီမံခန့်ခွဲမှု တာဝန်ရှိသူတွေပါဝင်တဲ့ ဆွေးနွေးဖလှယ်ပွဲတစ်ခု…

Read More
VOM News

FREE
VIEW