သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး ရဲ့ ကျောက်ကပ်သွေးသန့်စင်ဌာနမှာ တစ်ပတ် လူနာ ၁၀၀ ကျော် ကျောက်ကပ် သွေးသန့်စင်ခြင်းပြုလုပ်နိုင်ပြီ

ရန်ကုန်၊ မတ် ၁၇

TGH (VOM)

တစ်ပတ်အတွင်း လူနာ ၁၀၀ ကျော် ကျောက်ကပ် သွေးသန့်စင်ခြင်းပြုလုပ်နိုင်မယ့် ကျောက်ကပ်သွေးသန့်စင်ဌာနကို သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး ၆ ထပ်ဆေးကုသဆောင်သစ်မှာ ထည့်သွင်းဆောင်ရွက်ပေးနေပြီလို့သိရပါတယ်။

 

အဲ့ဒီ ကျောက်ကပ်သွေးသန့်စင်ဌာနမှာ နောက်ဆုံးပေါ် ရောဂါရှာဖွေရေးနဲ့ ကုသရေး ပစ္စည်းကိရိယာတွေထည့်သွင်းထားရှိပြီး ဆေးရုံးကြီးရဲ့ ဒုတိယထပ်မှာရှိတဲ့ ဆီးနှင့်ကျောက်ကပ်ဆေးကုသဌာနမှာ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

 

“နိုင်ငံတော်ဘဏ္ဍာနဲ့ အလှူရှင်တွေလှူဒါန်းထားတဲ့ ကျောက်ကပ် သွေးသန့်စင်စက် ၂၄ လုံးရှိတယ်။ ရုံးဖွင့်ရက်မှာ တစ်နေ့ကို နံနက် တစ်ကြိမ်၊ ညနေတစ်ကြိမ် ပုံမှန် ဆောင်ရွက်ပေးနိုင်ပါတယ်။အရေးပေါ်လူနာတွေအတွက်က ပိတ်ရက်မရှိ (၂၄)နာရီ ဝန်ဆောင်မှု ပေးပါတယ်။ ” လို့ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သန်းလှ ကပြောပါတယ်။

 

လူနာတွေ ဆေးရုံကနေ ဆင်းတိုင်း သက်ဆိုင်ရာ ရောဂါအလိုက် လိုက်နာကျင့်သုံးဖို့လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်တွေကိုလည်း ပြုစုပြီး ဖြန့်ဝေသွားမယ်လို့ဆိုပါတယ်။

 

ဆေးရုံကြီးရဲ့ မြေညီထပ်မှာ အစာအိမ်နှင့်အူလမ်းကြောင်းဆေးကုသဆောင်၊ ပထမထပ်မှာ ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းခွဲစိတ်ကုသဆောင်၊ ဒုတိယထပ်မှာ ဆီးနှင့် ကျောက်ကပ်ဆေးကုသဆောင်၊ တတိယထပ်မှာ ဆေးကုဆောင် (၁) နှင့် ဆီးချို ရောဂါစစ်ဆေးကုသမှုစင်တာ (Diabetes Center)၊ စတုတ္တထပ်မှာ ဆေးကုသဆောင် (၂) နှင့် ပဉ္စမထပ်မှာ ရင်ခေါင်းဆေးကုဆောင် တွေကိုဖွင့်လှစ်ထားတာဖြစ်ပါတယ်။

 

အဆိုပာ ၆ ထပ်ဆေးကုသဆောင်သစ်ကို ဘဏ္ဍာငွေကျပ်သန်းပေါင်း ၃၂၈၈ သန်းကျော် အကုန်အကျခံ ဆောက်လုပ် ခဲ့တာဖြစ်ပြီး ဆေးရုံကို မတ်လ ၁၆ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာပဲဖြစ်ပါတယ်။

 

#voiceofmyanmar #သင်္ကန်းကျွန်းဆေးရုံ့ #ပြည်သူ့ဆေးရုံကြီး #ကျောက်ကပ်ဆေး

Related posts

Leave a Comment

VOM News

FREE
VIEW