မီ ဇာတ်ကားနဲ့ အကယ်ဒမီရဖို့ မမျှော်လင့်ရဲဘူးဆိုတဲ့ ပိုင်ဖြိုးသု

ရန်ကုန် မတ် ၁၇- ၂၀၁၉

သင်းသဒ္ဒါ (VOM)

 

ပရိသတ်အားပေးမှု အခိုင်အမာရထားတဲ့   အကယ်ဒမီ ပိုင်ဖြိုးသုကတော့ လာမယ့် ၂၀၁၈ ခုနှစ်အတွက် မီဇာတ်ကားနဲ့ အကယ်ဒမီရဖို့ မမျှော်လင့်ရဲဘူးလို့ဆိုပါတယ်။

 

”သုသု မီ ဇာတ်ကားကို အားလုံးက ၀ိုင်းပြီးတော့ အများကြီးလည်း ကြိုးစားထားကြပါတယ်။ သုသုကို အကယ်ဒမီ မှန်းပေးကြတဲ့ သူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဘယ်အရာမှလည်း ကြိုမမျှော်လင့်မထားရဲပါဘူး။  မျှော်လင့်ထားရင် စိတ်ပင်ပန်းပါတယ်။ ပရိသတ်တွေက မျှော်မှန်းပေးတာကြောင့်လည်း ကိုယ်ပင်ပန်းရကျိုးလည်းနပ်တယ်လို့ ထင်ပါတယ်”လို့ ဆိုပါတယ်။

 

မီ ဇာတ်ကားကိုတော့ စာရေးဆရာမ ကြည်အေးရဲ့ ဝတ္ထုကို ဒါရိုက်တာဏကြီးက ၁၉၅၀ ခုနှစ် ကာလဝတ်စားဆင်ယင်ပုံတွေနဲ့ အကယ်ဒမီ နေတိုး၊ အကယ်ဒမီမင်းဦး ၊အကယ်ဒမီ ရဲအောင်၊ သားညီ စတဲ့ အနုပညာရှင်တွေ အကောင်းဆုံးဖန်တီးခဲ့တယ်လို့ သိရပါတယ်။

 

”ဒီနှစ်က ဇာတ်ကား ကောင်းတွေလည်း အရမ်းကို များနေတယ်။ ကိုယ့်ချစ်တဲ့ သူဖြစ်တဲ့ ကိုဏကြီးကိုလည်း သုက ရစေချင်ပါတယ်။တခြား တော်တဲ့ ဒါရိုက်တာတွေလည်း အများကြီး ရှိသေးပါတယ်။ ကိုယ့်ဘက် နောင်တမရအောင်လည်း အစွမ်းကုန်ကြိုးစားကြမယ်။ ဒါပေမယ့် နှစ်ယောက်လုံးက ရှေ့ဆက်ပြီး တစ်ယောက် နဲ့ တစ်ယောက် အကောင်းဆုံး ကြိုးစားရိုက်ကူးကြမယ်လို့ ပြင်နေပါတယ်။ လာမယ့် ဒီဇင်ဘာမှာလည်း သုတို့ နှစ်ယောက် ရုပ်ရှင်ဇာတ်ကားကြီး တစ်ကား ထပ်ရိုက်ကူးဖို့ရှိပါတယ်။ ပရိသတ်တွေရဲ့ တွန်းအားပေးသလို ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

 

သူမကတော့ ဒီနှစ်အကယ်ဒမီပေးပွဲကိုတော့ ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက် မြန်မာဝတ်စုံကို ဝတ်ဆင်သွားမယ်လို့ သိရပါတယ်။ လာမယ့် ဒီဇင်ဘာလမှာ ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးနဲ့အတူ ရုပ်ရှင် ကားကြီး တစ်ကား ထပ်မံ ဖန်တီးမယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – သင်းသဒ္ဒါ

 

 

 

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW