အမေရိကန် စစ်အခြေစိုက်စခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ သုံးယောက်သေပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ

ဝါရှင်တန်၊ ဇန်နဝါရီ-၂၉-၂၀၂၄
မျိုးဆက်(VOM)

ဆီးရီးယားနဲ့ ဂျော်ဒန်နယ်စပ်အနီးရှိ အမေရိကန်အခြေစိုက်စခန်းတခုကို ဒရုန်းနဲ့တိုက်ခိုက်ခံရမှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် သုံးယောက်သေဆုံးပြီး ဒါဇင်နဲ့ချီဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီတိုက်တိုက်မှုဟာ အီရန်ကျောထောက်နောက်ခံပြုတဲ့ စစ်သွေးကြွတွေလက်ချက်ဖြစ်ပြီး ဒီကိစ္စကို လက်တုံ့ပြန်သွားမယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပြောပါတယ်။

ဒါဟာ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်-အစ္စရေးစစ်ပွဲစတင်ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသတွင်းမှာ အမေရိကန်စစ်အခြေစိုက်စခန်းကို လူသေဆုံးမှုတွေရှိခဲ့တဲ့ ပထမဆုံး တိုက်ခိုက်ခံမှုလည်းဖြစ်ပါတယ်။

ဒေသတွင်းမှာ အမေရိကန်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ခံရမှုတွေရှိခဲ့ပေမယ့်လည်း အခုလို ထိခိုက်သေဆုံးမှု မရှိဖူးကြောင်း အမေရိကန်စစ်တပ်က ထုတ်ပြန်ထားပြီး တိုက်ခိုက်မှုကို ဘယ်အဖွဲ့က ကြိုးကိုင်လုပ်ဆောင်ခဲ့တယ်ဆိုတာ ရှင်းလင်းစွာ မသိရသေးပါဘူး။

အီရတ်နဲ့ ဆီရီးယားရှိ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို အောက်တိုဘာ ၁၇ ရက်နောက်ပိုင်း ၉၇ ကြိမ် တိုက်ခိုက်ခံခဲ့ရကြောင်း အမေရိကန်အစိုးရက ဒီဇင်ဘာလအတွင်းမှာ ထုတ်ပြန်ထားပါတယ်။

Ref:BBC
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW